Share
Monday, August 26, 2013

ကင်ညာတိရစ္ဆာန်ရုံမှ ကြံ့ကို သတ်ဖြတ်၍ ဦးချို ခိုးယူ

                                            သြဂုတ်   ၁၃


                  ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ တော်အနီးရှိ လုံခြုံမှုအရှိဆုံး အပန်းဖြေဥယျာဉ်များ
၌ အပါအ၀င်ဖြစ်သော တိရစ္ဆာန်ရုံတစ်ရုံတွင် သားကောင်ခိုးဖမ်းသူများက ကြံ့ဖြူတစ်ကောင်
ကို ပစ်သတ်သွားခဲ့သည်။
                ယခုဖြစ်ရပ်သည် ခြောက်နှစ်တာကာလအတွင်း နိုင်ရိုဘီအမျိုးသားဥယျာဉ်၌
ပထမဆုံး သတ်ဖြတ်ခံရမှုဖြစ်ကြောင်း ကင်ညာတောရိုင်းတိရစ္ဆာန်ဌာန၏ ပြောရေးဆိုခွင့်
ရှိသူ ပေါလ်အူဒိုတိုက ပြောကြားသည်။ သားကောင်ခိုးဖမ်းသူများသည် သြဂုတ် ၉ ရက်တွင်
ကြံ့ကို သတ်ဖြတ်၍  ၄င်း၏ ဦးချိုကို ယူဆောင်သွားကြကြောင်း အဆိုပါ ပုဂ္ဂိုလ်၏ ပြော
ကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

                 ၂၀၁၃ ခုနှစ်အတွင်း ကင်ညာနိုင်ငံ၌ ယခုအချိန်ထိ ကြံ့စုစုပေါင်း ၃၅ ကောင်
သတ်ဖြတ်ခံထားရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သတ်ဖြတ်ခံရသော ကြံ့ကောင်ရေမှာ
၂၉ ကောင် ရှိခဲ့ကြောင်း သူကဆိုသည်။ နိုင်ရိုဘီအမျိုးသားဥယျာဉ်သည် ကင်ညာနိုင်ငံ
မြို့ တော်၏ မြို့ လယ်မှ ၄ မိုင်သာ ကွာဝေးသော နေရာတွင် တည်ရှိသည်။
                 အာဖရိကတိုက်တွင် လွန်ခဲ့သောနှစ်များအတွင်း ကြံ့နှင့်ဆင်နှစ်မျိုးစလုံးကို
ပစ်ခတ်သတ်ဖြတ်ခိုးယူမှုများ များပြားလာသည်ကို တွေ့ရသည်။ သတ်ဖြတ်ခိုးယူခံရ
သော ကြံ့ချိုအများစုသည် ရိုးရာတိုင်းရင်းဆေးဈေးကွက်ရှိသော အရှေ့ တောင်အာရှသို့
ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းဒေသ၌ ကြံ့ချိုသည် ရောဂါကုသနိုင်သော အစွမ်းရှိသည့်
အရာများ ပါဝင်သည်ဟု သိပ္ပံနည်းကျ အထောက်အထားများ မရှိသော်လည်း ယုံကြည်
နေကြကြောင်း သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက သံသယရှိနေကြသည်။
တကယ်တမ်းတွင် ကြံ့ချိုသည် လူ့လက်သည်းခွံတွင် ပါဝင်သော ဒြပ်ပစ္စည်းများဖြင့်ပင်
ဖွဲ့စည်းထားခြင်းဖြစ်သည်။

0 comments:

Post a Comment

 
;