Share
Saturday, August 10, 2013

ချင်းပြည်နယ်တွင် သဘာဝအခြေခံခရီးသွားဒေသအသစ်များ တိုးချဲ့ တည်ထောင်မည်

                    ချင်းပြည်နယ်တွင် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် ကျောက်ပန်းတောင်း
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ရှိပြီး ချင်းပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွား
လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဒေသများအသစ်များအဖြစ် ရိဒ်ရေကန်၊ ဗွေပါး
တောင်နှင့် လိုင်ဗားဒေသ ဇိန်မူတောင်တို့ကို တိုးချဲ့ တည်ထောင်ရန်ရှိကြောင်း ၂.၈.၂၀၁၃ 
ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ မင်းတပ်မဲဆန္ဒနယ်မှ
ဦးထန်းလိန်း၏ မေးခွန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။
                  ထို့ပြင် သဘာဝတောတောင် လျှိုမြောင်များနှင့် ဇီဝမျိုးစုံကွဲများ ကြွယ်ဝ
သည့် နေရာဒေသများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည့် နေရာ
ဒေသများ၊ သဘာဝနယ်မြေသစ်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ရန် ဥပဒေ၊ လုပ်ထုံး
လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝ
အခြေခံခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက် ကန်ပက်လက်၊ မင်းတပ်၊
တီးတိန်၊ တွန်းဇန်၊ ကျီးခါး၊ ဖလန်း၊ ရိဒေါဒါရ်၊ ထန်တလန်နှင့် ဟားခါးမြို့ နယ်များတွင်
မြို့ ပေါ်၌ ခွင့်ပြုချက်မလိုပဲ သွားရောက်လည်ပတ်နိုင်သလို မြို့ ပြင်သို့လည်း ခွင့်ပြုချက်
တောင်းခံပြီး သွားရောက်နိုင်ကြောင်း၊ ပလက်ဝ၊ဆမီးနှင့် မတူပီ၊ရေဇွာမြို့ နယ်နှင့် မြို့ နယ်
ခွဲများသို့လည်း ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်းလည်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သိရသည်။

0 comments:

Post a Comment

 
;