Share
Wednesday, August 7, 2013

မြောက်ဝင်ရိုးစွန်း အာတိတ်ရေခဲပြင် အရည်ပျော်မှု ကမ္ဘ္ဘ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်

                   ကမ္ဘ္ဘ္ဘာ့မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင် ရေခဲပြင်အရည်ပျော်မှုကြောင့်
မီသိန်းဓာတ်ငွေ့ထွက်ရှိမှုများ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘ္ဘ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊
ထိုသို့ ဖန်လုံအိမ်အာနိသင် ထွက်ရှိမှုကြောင့် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း
နယ်သာလန်သိပ္ပံပညာရှင်များက သုံးသပ်ပြောကြားသည်။
                  မီသိန်းထုတ်လွှတ်မှု ပိုမိုများပြားလာသဖြင့် ကမ္ဘ္ဘ္ဘာ့အပူချိန်တိုးမြင့်လာပြီး
ရာသီဥတုပြောင်းလဲလာမှုများ၏ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း
၎င်းတို့က ပြောကြားသည်။ အာတိတ်ဒေသတွင် ရေခဲများ အရည်ပျော်မှု၊ ကွဲအက်မှုများနှင့်
မီသိန်းဓာတ်ငွေ့များ ထွက်ရှိမှုများသည် ရာသီဥတုအပေါ် ထိခိုက်စေပြီး ကမ္ဘ္ဘ္ဘာ့စီးပွားရေးတွင်
အမေရိကန်ဒေါ်လာ ထရီလီယံ ၆၀ ခန့် ထိခိုက်ဆုံးရှုံးနိုင်သည်ဟု ဆို၏။
                  အဆိုပါ ငွေကြေးပမာဏသည် ၂၀၁၂ ခုနှစ် တစ်ကမ္ဘ္ဘ္ဘာလုံးစီးပွားရေး၏
ငွေကြေးပမာဏခန့် ရှိကြောင်း၊ ထိုသို့ ဆိုးကျိုးများကို ဖွံဖြိုးဆဲနိုင်ငံများက ပိုမိုခံစားရနိုင်
ကြောင်း ၄င်းတို့က သုံးသပ်ထားသည်။ ယင်းအကျိုးသက်ရောက်မှုသည် လာမည့်နှစ်များ
အတွင်း အပူချိန်မြင့်တက်လာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သဘာဝ
သိပ္ပံဂျာနယ်တွင် ရေးသားထားသည်။
                  မြောက်ဝင်ရိုးစွန်း ရေခဲပြင်အောက်ရှိ အမြဲအေးခဲနေသော မြေလွှာတွင်
မီသိန်းဓာတ်ငွေ့အများအပြား စုဖွဲ့ဖြစ်တည်နေပြီး ပင်လယ်အောက်ရှိ သဘာဝဒြပ်ထုများတွင်
လည်း အများအပြား တည်ရှိနေသည်။ မီသိန်းဓာတ်ငွေ့သည် ဖန်လုံအိမ်အာနိသင်ကို အင်အား
ဖြစ်ပေါ်စေသည့် ဓာတ်ငွေ့ဖြစ်ကြောင်း ၊လေထုအတွင်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း
တဖြည်းဖြည်း တိုးမြင့်လာသည်ကို တွေ့ရကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

REF  :   BBC  

0 comments:

Post a Comment

 
;