Share
Thursday, August 8, 2013

လက်ပံတောင်းစီမံကိန်းအတွင်းရှိ သမင်များကို နတ်ချစ်တောင် ဘေးမဲ့ဥယျာဉ်တွင် မွေးမြူမည်

                       လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း နေထိုင်ကျက်စား
သော သမင်များကို အနီးရှိ နတ်ချစ်တောင်သမင်ဘေးမဲ့ဥယျာဉ်တွင် ထားရှိမွေးမြူသွားမည်
ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီမှ အရာရှိတစ်ဦးက ပြောကြားသည်။
                       နတ်ချစ်တောင် သမင်ဘေးမဲ့ဥယျာဉ်ကို ၃၂ ဧက အကျယ်သတ်မှတ်ထား
ပြီး သမင်များ ထားရှိမည့် ဥယျာဉ်ကို ၂၆ ဧက အကျယ်အ၀န်းသတ်မှတ်ထားကာ မကြာမီ
သမင်များ ပြောင်းရွှေ့ မွေးမြူမည်ဟု သတင်းရရှိသည်။

                       လက်ပံတောင်းတောင်ခြေတွင် သီတင်းသုံးနေထိုင်သော မြေပြင်သာ
ဝိပဿနာရိပ်သာ ဆရာတော်တစ်ပါးက " လက်ပံတောင်းတောင်မှာ ကျက်စားနေတဲ့ သမင်
တွေက တန်ခူး၊ကဆုန် ရေခန်းချိန်ဆိုရင် မြေပြင်သာရိပ်သာအနီးက ရေကန်ကို ရေသောက်
ဆင်းလေ့ ရှိပါတယ်။ အများဆုံးက သမင်တွေဖြစ်ပြီး ချေတွေ၊ယုန်တွေလည်း ရှိပါတယ်။
ရှေးအယူအဆတွေကြောင့် ကျေးရွာတွေအတွင်း သမင်လေးတွေ ၀င်ရင် တောကောင်ဝင်
တယ်ဆိုပြီး သတ်ကြဖြတ်ကြတာ တစ်နှစ်ကို အနည်းဆုံး သမင် ငါးကောင်ကနေ ဆယ်ကောင်
အထိ သေနေရတယ် " ဟု ဆိုသည်။
                      လက်ပံတောင်းတောင်တွင် ကျက်စားနေသော သမင်များ မျိုးသုဉ်းပျောက်
ကွယ်မှု မရှိစေရေးအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန
တို့ ပူးပေါင်း၍ နတ်ချစ်တောင် သမင်ဘေးမဲ့ခြံတွင် သမင်များနှင့် အခြားသတ္တ၀ါလေးများအား
ပြုစုစောင့်ရှောက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

၇ ရက်သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;