Share
Wednesday, August 14, 2013

အမှောင်ထဲတွင် အလင်းရောင်ထွက်ပေါ်စေနိုင်သည့် ယုန်များကို သုတေသီများ တီထွင်ဖန်တီး

                    အမေရိကန်နှင့် တူရကီနှစ်နိုင်ငံမှ သုတေသနပညာရှင်များသည် အမှောင်ထဲ
တွင် အလင်းရောင်ထွက်စေနိုင်သည့် ယုန်လေးနှစ်ကောင်ကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်
ခဲကြပြီး ယခင်ကလည်း မျောက်များ၊ ကြောင်ပေါက်စလေးများနှင့် ၀က်ပေါက်လေးများကဲ့သို့
တိရစ္ဆာန်လေးများကို အလင်းရောင်ထွက်သော တိရစ္ဆာန်များအဖြစ် အခြားသော သုတေသန
ပညာရှင်များက တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ 

                   အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် သုတေသနပညာရှင်များသည် တိရစ္ဆာန်လေး
များ၏ ခန္ဓာကိုယ်အတွင်းသို့ ပင်ကိုဗီဇမဟုတ်သော မျိုးရိုးဗီဇပစ္စည်းတစ်မျိုးကို ထည့်သွင်းခြင်း
ဖြင့် ယုန်ငယ်များ၏ ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်ထွက်စေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
                  ထို့ကြောင့် မျိုးရိုးဗီဇတစ်မျိုး ထည့်သွင်းစမ်းသပ်ထားသည့် ယုန်လေးနှစ်ကောင်
၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမှောင်ထဲတွင် LED မီးသီးကဲ့သို့ လင်းလက်တောက်ပနေသည်
ကို မြင်တွေ့ရကြောင်း ဟာဝိုင်အီတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာ စတီဗင်မွိုက်
ယဒီက ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
;