Share
Tuesday, August 20, 2013

ယီမင်နိုင်ငံတွင် မင်္ဂလာဆောင်ပြန်သတို့သမီးကား တောင်ကျချောင်းထဲမျော...၂၇ ဦးသေဆုံး

                        ယီမင်နိုင်ငံတောင်ပိုင်း မုတ်သုန်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျ
ချောင်းတစ်ခုအတွင်း မိုးရေများ ဒလဟောစီးဆင်းလျှက်ရှိသည်။ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှ
ပြန်လာသော ကားများ ဖြတ်သွားခဲ့ရာ ရေစီးအတွင်း မျောပါသွားသဖြင့် အနည်းဆုံး ၂၇ ဦး သေဆုံး
ပြီး ၄၁ ဦးထက်မက ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၁၇ ရက်တွင်
ပြောကြားသည်။
                       သေဆုံးသူအများစုသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ ယင်းတို့
သည် သတို့သမီးနှင့်အတူ ကားသုံးစီးအတွင်း ခြံရံလိုက်ပါလာခဲ့ကြသည်။ ရှာရက်ခရိုင်တိုက်ဇ်နှင့်
အစ်ဘ်ပြည်နယ်အကြား ၀ါဒီနက်ခ်လာချောင်းကို ဖြတ်ကူးပြီး နေအိမ်သစ်ဆီသို့ အသွား ရေစီးထဲ
မျောပါသွားခဲ့သည်။ သို့သော် သတို့သမီးသည် ထိခိုက်ဒဏ်ရာသာ ရပြီး အသက်ရှင်လျက် ရှိသည်
ဟု ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
လူရှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာသတင်းတွင် ဖော်ပြသည်။

0 comments:

Post a Comment

 
;