Share
Sunday, August 11, 2013

အိန္ဒိယ၌ မိသားစုဝင်ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှုအပေါ် လက်စားချေသည့်အနေဖြင့် နေအိမ်များဖျက်ဆီး

                    အိန္ဒိယနိုင်ငံအရှေ့ ပိုင်း မာတာရီကျေးရွာအနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်
အတွင်းက ရထားတိုက်မှုကြောင့် ဆင်တစ်ကောင်သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဆင် ၁၅
ကောင်ခန့် ပါဝင်သော ဆင်အုပ်တစ်အုပ်သည် ၄င်းတို့၏ အပေါင်းအဖော်သေဆုံးခဲ့သည့်
ရွာသို့ လာရောက်၍ ကလဲ့စားချေသည့်အနေဖြင့် နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရ
သည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏
အစိတ်အပိုင်းအချို့ ကိုလည်း ဖျက်ဆီးခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံများက ဗျောက်အိုး
များ အသုံးပြု၍ အုပ်စုခွဲနိုင်ခဲ့ကြောင်း သိရသည်။
                 ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါဆင်အုပ်သည် ၄င်းတို့၏ အပေါင်း
အဖော်ဆင် သေဆုံးခဲ့သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း ၊ ဆင်များသည် ယင်းနေရာမှ
ရက်ပေါင်းများစွာ ဖယ်ရှားခြင်းမရှိသည့်အတွက် ရထားခရီးစဉ်များ ရပ်တန့်ခဲ့ရကြောင်း
Times of India တွင် ဖော်ပြထားသည်။ ဆင်များသည် ၄င်းတို့၏ အပေါင်းအဖော် ဒဏ်ရာ
ရရှိခဲ့သည်ဟု ယူဆပြီး ၄င်းကို ကယ်ဆယ်ရန်အတွက် အခင်းဖြစ်ပွားရာနေရာကို ပြန်လာ
ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝအတိုင်း သေဆုံးခဲ့ပါက ၄င်း၏
အပေါင်းအဖော်ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ရွက်များဖြင့် ဖုံးအုပ်
လေ့ရှိကြောင်း တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက
Times of India သို့ ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
;