သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားစေလျက်ရှိခြင်းကြောင့် တရုတ်
အစိုးရပိုင် ရေနံကုမ္ပဏီတစ်ခု၏ လုပ်ငန်းအားလုံးကို ချဒ်နိုင်ငံအနေနှင့် ရပ်ဆိုင်းထားလိုက်ကြောင်း
ချဒ်ရေနံဝန်ကြီးက ပြောကြားသည်။
သစ်တောတစ်ခုအနီးရှိ ရေနံလုပ်ကွက်များတွင် ရေနံယိုဖိတ်မှုတစ်ခုအတွက်
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) တွင် တာဝန်ရှိကြောင်း ရေနံဝန်ကြီး ဒီဂျာ
ရတ်ဆင်မ်လီဘီမက်ဂျဲလ်က ဆိုသည်။ ဖြစ်ပေါ်နေသော အခြေအနေမှာ သည်းခံနိုင်စရာ
မရှိကြောင်း သူကပြောဆိုခဲ့ပြီး မည်မျှကြာကြာ လုပ်ငန်းများ ရပ်ဆိုင်းထားမည် ဟူသော
အချက်ကို ရှင်းလင်းသွားခြင်း မရှိပေ။
အဆိုပါ ကုမ္ပဏီသည် ချဒ်နိုင်ငံမြို့ တော် အင်န်ဒီဂျာမီနာ၌လည်း ရေနံချက်
စက်ရုံတစ်ရုံကို လည်ပတ်လျက်ရှိသည်။ ချဒ်နိုင်ငံသည် ၄င်း၏ ရေနံလုပ်ကွက်များမှ အတ္တ
လန္တိတ်ကမ်းရိုးတန်းဆိပ်ကမ်းများသို့ ဆက်သွယ်သော အမေရိကန်ဒေါ်လာ ၄ ဘီလီယံ
ကုန်ကျသည့် ရေနံပိုက်လိုင်း သွယ်တန်းပြီးစီးခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရေနံထုတ်လုပ်သည့်
နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့သည်။ ချဒ်ရေနံဝန်ကြီးသည် မြို့ တော်တောင်ဘက်
၁၂၅ မိုင်ခန့်ကွာဝေးသော CNPC ကုမ္ပဏီ၏ ရေနံတူးဖော်ရာဒေသသို့ တရားဝင်သွားရောက်
ခဲ့ပြီးနောက် ယင်းကဲ့သို့ တရုတ်ကုမ္ပဏီ၏ ရေနံလုပ်ငန်းကို လုံးဝရပ်ဆိုင်းထားရန် ဆုံးဖြတ်
ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ရေနံဝန်ကြီးက
တရုတ်ကုမ္ပဏီကြောင့် သစ်ပင်များ မည်သို့မည်ပုံ ပျက်စီးဆုံးရှုံးကုန်သည့် အချက်ကို
ဖော်ပြ၍ " ဒါဟာ အရမ်းဆိုးဝါးတဲ့ အခြေအနေတစ်ရပ်ပဲ။ ဒါဟာ သည်းမခံနိုင်စရာပဲ" ဟု
ပြောဆိုသွားသည်။
ယခုကဲ့သို့ ချိုးဖောက်ဖျက်ဆီးမှုများသည် ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း
သူက ပြောကြားလိုက်ပြီး ရေနံထုတ်လုပ်မှုနယ်ပယ်၌ ယင်းသို့ မလုပ်ရန် သတိပေးခဲ့
သည်။ တရုတ်ရေနံတူးဖော်ရေးအဖွဲ့သည် ကြီးမားသော တူးမြောင်းများ တူးဖော်၍
ယင်းမြောင်းများထဲသို့ ရေနံများ စီးဆင်းစေကြောင်း၊ ထို့နောက် ယင်းအရာများကို
ဒေသခံအလုပ်သမားများအား အကာအကွယ်ပစ္စည်းများမပါဘဲ ဖယ်ရှားခိုင်းကြောင်း
ဝန်ကြီးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီမှ မန်နေဂျာ
ကို ချိုးဖောက်ဖျက်ဆီးမှုအတွက် တာဝန်ရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု
သူက အေအက်ဖ်ပီသို့ ပြောကြားသည်၊
Showing posts with label EIA နောက်ပိုင်းဇာတ်တော်ကြီး. Show all posts

Wednesday, August 21, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး,
Environmental Impact Assessment,
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည်
ပြည်တွင်း
လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည် ဖြစ်ကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက
ပြောကြားသည်။
အဆိုပါဥပဒေတွင်
ပြင်ဆင်ရမည့် အချက်အလက်များကို ပြင်ဆင်၍ လက်ရှိအချိန်တွင်
ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီး အတည်ပြုပြီးပါက ယခုလမှစ၍ ရက်ပေါင်း ၉၀
(သုံးလအတွင်း) ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်
ဖော်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်နိုင်ငံတော်သမ္မ တဦးသိန်းစိန်က
လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေသည် ထိထိရောက်ရောက်
အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ
အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် အထောက်အကူပေးရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် အဆိုပါ နည်းဥပဒေက ထိန်းညှိနိုင်မည် ဖြစ်ကြောင်း
ဦးလှမောင်သိန်းက ပြောဆိုသည်။
“ဆီလျော်တဲ့ နည်းဥပဒေဖြစ်ဖို့
အရေးကြီးပါတယ်။ ဒီမှာ နှစ်ပေါင်း ၅၀ ကျော်တဲ့အထိ အဲဒီဥပဒေ မရှိခဲ့ပါဘူး။
ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အတွက်ဒီဥပဒေက အင်မတန်မှ အရေးကြီးတယ်” ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ
ဒေါ်ဒေဝီသန့်ဇင် မှတ်ချက်ပေး ပြောကြားသည်။
The Voice Weekly ဂျာနယ်မှ ကူးယူမှတ်သားရပါသည်။
Tuesday, August 20, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုအတွက် စစ်ဆေးခံထားရသော စက်ရုံ ၂၀၀၀ ခန့် အောက်တိုဘာ ၁ ရက် နောက်ဆုံးအကြောင်းပြန်ရမည်
ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် စစ်ဆေးခြင်း
ခံထားရသော စက်ရုံ ၂၀၀၀ ခန့်သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသော
ကြောင့် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် ၀င်ရောက်စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက်
စက်ရုံ ၂၀၀၀နီးပါးခန့်သည် အကြောင်းပြန်ကြားမှုမရှိခဲ့ကြောင်း၊ စက်ရုံမှ တိုက်ရိုက်စွန့်ပစ်သော
ရေဆိုးများကြောင့် မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တ၀ါများအတွက် မျိုးသုဉ်းအန္တရာယ် ကြုံတွေ့
နိုင်သည့်အပြင် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုအတွက်ပါ ကျန်းမာရေးအရ ထိခိုက်နိုင်ဖွယ် ရှိကြောင်း
သိရသည်။
" စက်ရုံတွေမှာ မြေ၊ရေ၊လေ၊ ညစ်ညမ်းမှုရှိ ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ အကြောင်း
ပြန်ကြားတဲ့စက်ရုံတွေနည်းပြီး အကြောင်းမပြန်တဲ့စက်ရုံတွေ ရှိနေတာကြောင့် ဒီလို ဆောင်ရွက်ရ
တာပါ။ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှုတွေ ပြုလုပ်မှာပါ " ဟု ၄င်းက ဆက်လက်ပြော
ကြားခဲ့သည်။
ရေကို အဓိကအသုံးပြုလုပ်ဆောင်သော စက်ရုံအမျိုးအစား ၁၀ မျိုးခန့်ရှိပြီး
အရက်ချက်စက်ရုံ၊ ဓာတုစက်ရုံ၊ သစ်ပါးလွှာစက်ရုံ၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ ငါးအသားလွှာ
စက်ရုံစသည့် စက်ရုံများ ပါဝင်ကြောင်း၊ အကြောင်းပြန်ကြားခြင်းမရှိသော စက်ရုံများကို အရေး
ယူသည့်အနေဖြင့် ယာယီသုံးလပိတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ
နိုင်ငံအတွင်း နှစ်စဉ်မြစ်ချောင်းများအတွင်း နှစ်စဉ် ရေချိုငါးများမျိုးသုဉ်းမှုသည် ၃၀ ရာခိုင်နှုန်း
အထိ တဖြည်းဖြည်းမြင့်တက်လာနေရာ အဓိကအားဖြင့် စက်ရုံမှ စွန့်ပစ်သော ညစ်ညမ်းရေ
များကြောင့်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

Thursday, August 8, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး,
ခေတ်ပေါ် Global Warming စတိတ်ရှိုးအစီအစဉ်
0
comments
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်မည့်အဖွဲ့များ ပြည်ပ EIA အသိအမှတ်ပြု အဖွဲ့နှင့် ပူးပေါင်းရမည်
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ကိုင်မည့် တတိယအဖွဲ့အစည်းများ
အနေနှင့် ပြည်ပ EIA အသိအမှတ်ပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းသည့် ဖက်စပ်အဖွဲ့အစည်း
အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ လျှောက်ထားနိုင်
ကြောင်း သတင်းရရှိသည်။
" မြန်မာပြည်မှာ EIA လက်မှတ်ရ အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းခိုင်ခိုင်မာမာ
မရှိသေးပါဘူး။ အဲဒါကြောင့် ရှိတဲ့လူတွေနဲ့ တွဲပြီးလုပ်သွားလို့ ရပါတယ်။ တွဲပြီးလုပ်ရင်းက
အတွေ့အကြုံရလာမယ်ဆိုရင် ကိုယ်ပိုင်လုပ်လို့ ရပါပြီ" ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး
ဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ဆိုသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်
ခြင်း လုပ်ထုံးလုပ်နည်းတွင် တတိယအဖွဲ့အစည်း (Third Party) အဖြစ် ဆောင်ရွက်မည့်သူကို
ပြည်ပ ကုမ္ပဏီတစ်ခုတည်းကိုသာ သီးသန့်လုပ်ကိုင်ခွင့်ပေးပါက နိုင်ငံတော်လုံခြုံရေးကြောင့်
တစ်ခုတည်း လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ထို့အတူ ပြည်တွင်းကုမ္ပဏီတစ်ခုတည်းကို
သာ လုပ်ကိုင်ခွင့်ပေးပါက အရည်အချင်းပြည့်မှီမှုမှာ လိုအပ်ချက်များ ရှိနိုင်သောကြောင့် ပူးတွဲ
လုပ်ဆောင်ခြင်းကို အားပေးကြောင်း ဦးနေအေးက ဆိုသည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်လိုသည့် တတိယ
အဖွဲ့အစည်းများသည် ဒေသတစ်ခုခုတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်း လုပ်
ဆောင်ထားသည့် လုပ်ငန်းအတွေ့အကြုံ၊ ဆောင်ရွက်သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များ၊
လုပ်ကိုင်ဆောင်ရွက်မှုများကို အသေးစိတ်ရေးကာ လျှောက်ထားရမည်ဖြစ်သည်။
ဝန်ကြီးဌာနက ယခုလက်ရှိတွင် အသိအမှတ်ပြုစာရင်းသွင်းခြင်းလုပ်ငန်းကို
မဆောင်ရွက်ပေးနိုင်သော်လည်း ၀န်ကြီးဌာနက တင်ပြချက်ကို အသိအမှတ်ပြုသည့်
လက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။
ယခုပြည်တွင်းရှိ EIA ဆန်းစစ်ခြင်း လုပ်ဆောင်လိုသည့် ပြည်တွင်းအဖွဲ့အစည်း
များနှင့် ပူးပေါင်းမှတ်ပုံတင်ခြင်းများကို ပြုလုပ်နေသည်။
မကြာမီ ထွက်ရှိလာမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေအရ EIA
မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ပြည်တွင်းရှိ သယံဇာတ တူးဖော်သည့်
လုပ်ငန်းများက သက်ဆိုင်ရာ ၀န်ကြီးဌာန ရုံးများမှတဆင့် တင်ဒါခေါ်ခြင်းများကို ယခုနှစ်
အတွင်း စတင်ကြေငြာနေပြီဖြစ်သည်။
၇ ရက်သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

Sunday, August 4, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး
0
comments
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း (EIA) လုပ်ထုံးလုပ်နည်းများ အပေါ် ပညာရှင်နှင့် လုပ်ငန်းရှင်များ၏ အမြင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနကြီးကြပ်ရမည့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်တွင်အတည်ပြုပြဌာန်း
ပြီးနောက် နည်းဥပဒေများထွက်ရှိရေးဆွဲနေစဉ်ကာလအတွင်း လုပ်ငန်းအမျိုးအစားပေါင်း
၂၇၂ခုလိုက်နာရမည့်ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း
လုပ်ထုံးလုပ်နည်းမူကြမ်းကို ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် တစ်ကြိမ်တစ်ခါမှအတွေ့အကြုံမရှိခဲ့သည့်
မြန်မာလုပ်ငန်းရှင်များအတွက် အချိန်ယူ အသိပညာပေးရမည့်လုပ်ထုံးလုပ်နည်းများ ဖြစ်သည်။
ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းကို အခြားအိမ်နီးချင်းနိုင်ငံလေးနိုင်ငံမှ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း (EIA) ဥပဒေကို နမူနာယူကာ ရေးဆွဲထားခြင်း ဖြစ်သည်။
EIAလုပ်ဆောင်ရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များပါဝင်သည့်
တတိယအဖွဲ့အစည်းများ၊ကုမ္ပဏီများ ပေါ်ပေါက်လာမည်ဖြစ်သည်။
ထို့ကြောင့် ရေးဆွဲနေသည့်EIAလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီးလုပ်ငန်းရှုင်များ၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများ၊ဌာနဆိုင်ရာ၏အမြင်များကိုစုစည်းဖော်ပြအပ်ပါသည်။
ဦးနေအေး(ညွှန်ကြားရေးမှူးချုပ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေကို လွှတ်တော်ကအတည်ပြုချက်ကို
စောင့်ဆိုင်းနေတယ်။ ဒီလိုခဏတာအတောအတွင်း လုပ်ငန်းရှင်တွေကိုချပြတာပါ။ နည်းဥပဒေ
ထုတ်ပြန်ပြီးတဲ့အခါမှ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို တင်ပြတာပါ။ on going
သွားနေတဲ့ ပရောဂျက်တွေမှာ ကနဦး သဘာဝပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်း၊
EIA လုပ်ဆောင်ရမယ့်အပိုင်းတွေရှိသလို ဒီလို ထုတ်ပြန်ထားတဲ့ EIA လုပ်ထုံးလုပ်နည်းအတိုင်း
EMP(Environmental Management Plan) တွေလည်း ရေးဆွဲရမှာဖြစ်ပါတယ်။
ဦးသီဟဇော်လင်း(မိုးထိမိုးမိ သတ္တုတူးဖော်သည့်လုပ်ငန်း ဆောင်ရွက်နေသည့်
National Prosperity Gold Production Group Ltd. မှမန်နေဂျင်းဒါရိုက်တာ)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအပါအ၀င် ဒီလို လုပ်ထုံးလုပ်နည်းတွေ
ထွက်လာတာ ကြိုဆိုပါတယ်။ ကုမ္ပဏီကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို
ဦးစိုးသူရထွန်းတို့လို ပညာရှုင်တွေငှားပြီး ဆောင်ရွက်နေပါတယ်။ ပတ်ဝန်းကျင်ရေးရာတွေကို
ဆောင်ရွက်နေတော့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေက ပြဿနာမရှိဘူး။ ခွင့်ပြုမိန့်
အပိုင်းမှာ ကြန့်ကြာသွားတော့မယ့်ဟာကိုပဲ စိတ်ပူတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်ရမှ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုရမယ့် လုပ်ငန်းသုံးပစ္စည်းတွေ ၀ယ်ရမယ့်
အခြားကိစ္စတွေလည်း လုပ်ရဖို့ရှိတယ်။ နောက်ပိုင်းဆိုရင်MIC (မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်)
မှာ လုပ်ငန်းစာချုပ်တင်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ခွင့်ပြုချက်လိုတာကို။တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်တဲ့အခါ သဘာဝပတ်ဝန်းကျင် အနည်းနဲ့အများ
ထိခိုက်မယ်။ဒါပေမဲ့ တစ်ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်း၊အကျိုးအမြတ်ကို ချိန်ထိုးပြီး လုပ်ကြတာပေါ့လေ။
ဦးအောင်မင်း(အထွေထွေဒါရိုက်တာ Myanmar Marketing and Research company)
EIAလုပ်တဲ့ တတိယအဖွဲ့အစည်းတွေအဖြစ် ၀န်ကြီးဌာနဆီမှတ်ပုံတင်
တဲ့အခါ ပြည်တွင်း ၊ပြည်ပလို ဖော်ပြထားတာ မရှိပါဘူး။အဲဒီမှာတကယ်လုပ်နေတဲ့
စီမံကိန်းကြီးတွေမှာဆိုရင် နိုင်ငံခြားကုမ္ပဏီက လုပ်တာများတော့ မြန်မာပြည်က
ကုမ္ပဏီတွေဟာ နိုင်ငံခြားကုမ္ပဏီတွေကိုတစ်ဆင့်လုပ်ခိုင်းရပါတယ်။ ပြည်ပကုမ္ပဏီတွေ
EIA ကုမ္ပဏီထောင်မယ်ဆိုရင် ဘယ်လိုသတ်မှတ်ချက်တွေပါလဲဆိုတာ သိချင်ပါတယ်။
ဦးတင်သန်း(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှုင် Myanmar Conservation
Liasion,WWF GMP Patron,Rakhine Thahaya Association)
EIA လုပ်မယ့်အခါ စိုးရိမ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ
အခုဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေမှာ လုပ်ငန်းစီမံကိန်းတွေမှာ EIA ကို ဘယ်သူတွေ လုပ်နေမှန်းလည်းမသိဘူး။ ဘယ်အချိန်က စလုပ်နေလဲမသိဘူး။ အခု နမူနာပြောရရင်
ထားဝယ်ပရောဂျက်မှာ ချူလာလောင်ကွန်တက္ကသိုလ်က လုပ်တယ်။ မသိလိုက်ဘူး။
အခု မြန်မာပြည်မှာလုပ်မယ့် EIA ဆန်းစစ်ကုမ္ပဏီတွေဟာ အမျိုးသားရေးစိတ်ဓာတ်အနေနဲ့ လုပ်သင့်တယ်။
ဦးနေ၀န်းပေါ် (အင်းလေးပရောဂျက်တာဝန်ခံ၊အငြိမ်းစား သစ်တောပညာရှင် UNDP)
ဒီ EIA ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုဒ်မ ၄၂ အရ လုပ်တယ်လို့ သိရပါတယ်။
အဲဒီမှာတော့ အစိုးရအဖွဲ့ရဲ့  အတည်ပြုချက်လိုပါတယ်လို့ ပြောပါတယ်။ အတွေ့အကြုံအရ
ပြောရရင် အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ညွှန်ကြားချက်ထွက်ပါတယ်။
ဒီညွှန်ကြားချက်ဟာ တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ဥပဒေအရ ယှဉ်ပြောတဲ့အခါ အားနည်းချက်တွေ ရှိပါတယ်။ ထို့အတူပဲ ဒီ EIA လုပ်ရမယ့် ကိစ္စဟာ ပရိုစီဂျာ မဟုတ်ဘဲ Law
and rule အနေနဲ့လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ အဲ့ဒီလို မလုပ်ဘူးဆိုရင် CFI တို့လိုမျိုး ထိရောက်မှုအားနည်းမယ်။ အသက်ဝင်မှု အားနည်းနိုင်တယ်လို့ မြင်ပါတယ်။

Subscribe to:
Posts (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact