တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၃ ခုနှစ်အတွက် ကျွန်းနှင့်
အခြားသစ်မာများ ထုတ်လုပ်မှု စုစုပေါင်း ကုဗမီတာ ၀ ဒသမ ၈၅၈၇၈ သန်းအထိ
လျာထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ
သိရသည်။
''သစ်တောဦးစီးဌာန အနေနဲ့ စီးပွားဖြစ် စိုက်ခင်းတွေကို
ပြန်လည်တန်ဖိုးမြင့်တဲ့ အစီအစဉ် Enrichment Planning ကို လုပ်ဆောင်နေပါတယ်။
သစ်ပင်ခုတ်လို့ ဖြစ်ပေါ်တဲ့ မြေကွက်လပ်ကို အပင်ပြန်စိုက်ပြီးတော့
တန်ဖိုးမြင့်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
လက်ရှိသစ်တော ဖုံးလွှမ်းမှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်၊ ကုလသမဂ္ဂ
စားနပ်ရိက္ခာနှင့် ပူးပေါင်းဆန်းစစ် တွက်ချက်မှုအရ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆
ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၁၉၇၅ ခုနှစ်တွင် ထူထပ်သစ်တော ဟက်တာဧက ၃၀၃၂၂ နှင့် ၂၀၀၆ တွင်
ဟက်တာဧက
၁၇၄၆၈ ဒသမ ၅၈ သာကျန်ရှိပြီး ၁၉၇၅ ခုနှစ်တွင် ရွက်အုပ်ပွင့် သစ်တော ၁၀၈၇၃
ဒသမ ၆ ဟက်တာဧက ရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၅၅၄၂ ဒသမ ၅၆ ဟက်တာဧကသာ
ရှိတော့ကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ သစ်တောအရင်းအမြစ် အကဲဖြတ်ရေး အဖွဲ့၏
၂၀၁၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပျဉ်းကတိုး၊ ကျွန်း၊ အင်၊ ကညင် စသည့် သစ်မာထုတ်လုပ် မှုများသည် ၁၉၉၀
ခုနှစ်တွင်
ကုဗမီတာ ၁၃၄၀ ဒသမ၀၅ သန်း၊၂၀၀၀ ပြည့်နှစ်တွင် ကုဗမီတာ ၅၅၉ ဒသမ
၆၂ သန်းရှိခဲ့ကြောင်း သိရသည်။
''တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်တော ဖုံးလွှမ်းမှုက ၂၄ ရာခိုင်နှုန်းပဲ
ရှိတော့တယ်
ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တင်ပြထားပေမယ့်
အစိုးရက လက်မခ
ံသေးဘူး၊ ပိုက်ဆံအကုန်အကျခံပြီး မြန်မာတစ်နိုင်ငံလုံးမှာ
ရှိတဲ့တောတွေကို Remote Scanning
သုံးပြီး ဓာတ်ပုံရိုက်ပြီးတော့
တွေရှိတဲ့နေရာတွေကို ပြန်တွက်မယ်၊ အစိမ်းရောင်ရှိတဲ့ နေရာ
တိုင်းတော့
မဟုတ်ဘူး၊ ဓာတ်ပုံမှာ မြက်တွေ ၀ါးတွေရှိတဲ့ နေရာတွေကလည်း အစိမ်းရောင်ပ
ဲ
ပေါ်မှာပဲ၊ တကယ့် တောနေရာကိုပဲ ဆန်းစစ်ပြီး ရာခိုင်နှုန်း တွက်စေချင်ပါတယ်''
ဟု သစ်တော
ပညာရှင် ဦးအုန်းက ပြောကြားသည်။
Eleven Media Group ၀က်ဘ်ဆိုဒ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Showing posts with label မြန်မာ့ရိုးရာဇာတ်ထုတ်. Show all posts

ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ဒီရေတော ပြုန်းတီးမှု တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိ
မြန်မာနိုင်ငံအတွင်း ဒီရေတောပြုန်းတီးမှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်
ရှိရာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ဒီရေတောပြုန်းတီးမှုများသည် ကမ်းရိုးတန်းဒေသများအတွင်း လောင်စာ
အသုံးပြုမှုနှင့် ထင်းအသုံးပြုမှုများလာသည့်အပြင် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေချဲ့ ထွင်
ခြင်းများ၊ မြို့ ပြနေရာချထားမှု၊ ဂေဟစနစ်ပျက်ယွင်းမှုတို့ကြောင့် လျော့နည်းလာရခြင်း
ဖြစ်ကြောင်း သိရသည်။
"ဒီနှစ်မှာ တစ်ရာခိုင်နှုံးအောက် လျော့နည်းပပျောက်ရေးကို လုပ်ဆောင်ဖို့
ရှိပါတယ်။ ကန့်သတ်တဲ့ ဥပဒေတွေ ဖော်ဆောင်နိုင်မှသာ ဒါတွေကို ထိန်းသိမ်းနိုင်မှာပါ။
သက်ဆိုင်ရာဌာနကလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်" ဟု သဘာဝပတ်ဝန်းကျင်
လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ ဒီရေတောများပြုန်းတီးခြင်းသည် တည်ဆဲဒီရေတော
ဂေဟစနစ် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊နည်းဥပဒေ အားနည်းခြင်း
ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းဒေသနေ လူဦးရေ ထူထပ်မှုများလည်း
ပါဝင်ကြောင်း သိရသည်။
ခြောက်နှစ်အတွင်း ဒီရေတော ၅ ဒသမ ၀၉ ရာခိုင်နှုံး လျော့နည်းပြုန်းတီးမှု
ရှိနေကြောင်း၊ ဒီရေတောအပင်များသည် လေထုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်
ကို နှစ်ဆစုပ်ယူပေးနိုင်သောကြောင့် ပိုမို ထိန်းသိမ်းသင့်ကြောင်း သိရသည်။

Sunday, August 25, 2013
ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ကြည့်မြင်တိုင်မြို့ နယ်တွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေ၀င်
ရန်ကုန် သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ် လှိုင်မြစ်အနောက်ဖက်ကမ်း
ရပ်ကွက်များတွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေများ ၀င်ရောက်မှုဖြစ်ပေါ်လျက်ရှိရာ
ယမန်နေ့က စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်များ၌ နေအိမ်များအတွင်း ဒီရေများ
ဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ဒီရေများ ၀င်ရောက်မှုဖြစ်ပေါ်နေသောကြောင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့များ၊ အရန်
မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၆၀ ခန့်မှာ ပစ္စည်းများ ကူညီ
ပြောင်းရွှေ့ ခြင်း၊ ယိုင်နဲ့သွားသော နေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် တင်ကျန်ခဲ့သော အမှိုက်သရိုက်များကို
ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Wednesday, August 21, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး,
Environmental Impact Assessment,
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည်
ပြည်တွင်း
လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည် ဖြစ်ကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက
ပြောကြားသည်။
အဆိုပါဥပဒေတွင်
ပြင်ဆင်ရမည့် အချက်အလက်များကို ပြင်ဆင်၍ လက်ရှိအချိန်တွင်
ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီး အတည်ပြုပြီးပါက ယခုလမှစ၍ ရက်ပေါင်း ၉၀
(သုံးလအတွင်း) ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်
ဖော်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်နိုင်ငံတော်သမ္မ တဦးသိန်းစိန်က
လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေသည် ထိထိရောက်ရောက်
အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ
အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် အထောက်အကူပေးရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် အဆိုပါ နည်းဥပဒေက ထိန်းညှိနိုင်မည် ဖြစ်ကြောင်း
ဦးလှမောင်သိန်းက ပြောဆိုသည်။
“ဆီလျော်တဲ့ နည်းဥပဒေဖြစ်ဖို့
အရေးကြီးပါတယ်။ ဒီမှာ နှစ်ပေါင်း ၅၀ ကျော်တဲ့အထိ အဲဒီဥပဒေ မရှိခဲ့ပါဘူး။
ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အတွက်ဒီဥပဒေက အင်မတန်မှ အရေးကြီးတယ်” ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ
ဒေါ်ဒေဝီသန့်ဇင် မှတ်ချက်ပေး ပြောကြားသည်။
The Voice Weekly ဂျာနယ်မှ ကူးယူမှတ်သားရပါသည်။
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ထူးကုမ္ပဏီမှ မူဆယ်တွင် လေယာဉ်ကွင်းသစ်ဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တောင်းခံ
ထူးကုမ္ပဏီများ အုပ်စုမှ မူဆယ်မြို့နယ်တွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန်
စီစဉ်နေကြောင်းနှင့် လေယာဉ်ကွင်းဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တင်ပြထားသည်ဟု သိရသည်။
ထူးကုမ္ပဏီများ အုပ်စုသည် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း မြေဧရိယာ
ဧက ၅၀၀ ကျော် အသုံးပြုခွင့် ပေးနိုင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မြေဧက
၅၀၀ ကျော်ထဲတွင် မိုင်းယုသစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာဧက ၃၇၀ ကျော် ပါဝင်
သည်ဟု သိရသည်။ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ် ကားလမ်းမကြီး၏ အနောက်ဘက်ခြမ်း
တွင် တည်ဆောက်မည်ဖြစ်ပြီး မြေအသုံးပြုခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ရှမ်းပြည်နယ်
အစိုးရအဖွဲ့သို့ တင်ပြထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မိုင်းယု သစ်တောကြိုးဝိုင်းမြေမှ ဧက ၃၇၀ ကျော် ပါဝင်နေသည့်အတွက် အဆိုပါ
သစ်တောကြိုးဝိုင်းမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုရန် အဆင့်ဆင့် ထပ်မံတင်ပြထားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊ မိုင်းယု သစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့် ပြုပြီးပါက မြေငှားရမ်းခပေးကာ
ထူးကုမ္ပဏီများ အုပ်စုမှ ရယူလုပ်ကိုင်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထူးကုမ္ပဏီ အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀ မှစ၍ မိုင်းယုသစ်တော ကြိုးဝိုင်းအတွင်း တည်ထောင်ခဲ့သည့် စိုက်ခင်းများအတွက်လည်း လေယာဉ်ကွင်း ဧရိယာအတွင်း ပါဝင်
သည်ဆိုပါက ပေးလျော်ရမည် ဖြစ်သည်ဟု သိရသည်။
လေယာဉ်ကွင်းသစ် တည်ဆောက်ဖြစ်ပါက မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ
အုပ်စုအတွင်း၌ တည်ဆောက်ရန်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းအဖြစ် သတ်မှတ်ကာ ခွင့်ပြုပေးရန် ရှိသည်ဟုလည်း သိရသည်။
Eleven Media Group စင်တင်ပြဇာတ်ဖြစ်ပါသည်။

ရေဘေးအန္တရာယ် ကင်းရှင်းရေး ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိ
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသဖြင့် ရခိုင်ပြည်နယ် အမ်းမြို့ 
အတွင်းရှိ အမ်းချောင်းရေလျှံမှုကြောင့် သြဂုတ် ၂၁ ရက် နံနက် ၈ နာရီခန့်က အမ်း-စစ်တွေ
ကားလမ်းမိုင်တိုင်အမှတ် ၄/၄ အနီးတ၀ိုက်တွင် အရှည်ပေ ၃၀၀ ခန့်၊ အနက် ၅ ပေခန့် ကားလမ်း
ရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် တပ်မတော်သားများက ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာ
နိုင်ရေးအတွက် လှေများဖြင့် ကူညီပို့ဆောင်ပေးခဲ့ပြီး ရေ၀င်ရောက်ခဲ့သည့် အမ်းမြို့  အောက်ရွာ
ဘုန်းကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကို တပ်မတော်သားများက သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့
ကြောင်း သတင်းရရှိပါသည်။

Tuesday, August 20, 2013
ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်တွင်းရေးရာ,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ကလေးများ မိုးကြိုးပစ်ခံရ
မိုင်းကိုင် သြဂုတ် ၁၈
ရှမ်းပြည်နယ် လွိုင်လင်ခရိုင်တွင် အောင်ပွဲဖြင့် ရောက်ရှိလာသော
ဘောလုံးအသင်းအား ကြိုဆိုရန် မြို့ နယ်ပညာရေးမိသားစုက အထက(ခွဲ)တွင် စုရုံးရောက်ရှိ
နေစဉ် သြဂုတ် ၁၄ ရက်ညနေ ၄ နာရီခွဲတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့်
ကျောင်းသားကျောင်းသူ ၇ ဦး မိုးကြိုးပစ်ဒဏ်ခံခဲ့ရပြီး မိုင်းကိုင်မြို့ နယ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိသည်။ ၄င်းတို့တွင် ခြောက်ဦးမှာ စိုးရိမ်ဖွယ်ရာ
မရှိကြောင်းနှင့် ကျန်ကျောင်းသူတစ်ဦးမှာ သတိပြန်လည်လာခြင်းမရှိသေးကြောင်း
သိရပါသည်။

မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
ရန်ကုန် သြဂုတ် ၂၀
မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်
ပြောင်းလဲဖွဲ့စည်းခြင်း( Corporatization ) နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း
ဒေသကြီး အင်းစိန်မြို့ နယ် ကြို့ ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း ရုံးချုပ် တော်ဝင်ခန်းမ၌ ယနေ့နံနက်
၉ နာရီခွဲတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုင်ငံတော်ပိုင်စီးပွား
ရေးလုပ်ငန်းများအား Corporatization ပြုလုပ်ခြင်းသည် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatizat-
ion) လုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်း
အမည်၊ အခေါ်အဝေါ် ပြောင်းလဲရုံသာမဟုတ်ဘဲ ဆက်စပ်ပါဝင်သူ( Stakeholder ) များအားလုံး
၏ Mindset ကိုပြောင်းလဲပြီး စီးပွားရေးလုပ်ငန်း အစုအဖွဲ့ဆိုင်ရာ အုပ်ချုပ်စီမံမှု ( Corporate
Governance) ကို စနစ်တကျ နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူသွားကြရန် အရေး
ကြီးကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာ
အောင်ထွန်းသက်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား လွတ်လပ်သော နိုင်ငံပိုင်
ကော်ပိုရေးရှင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း (Corporatization) နှင့်ပတ်သက်၍
အခြေခံအကြောင်းတရားများ၊ နိုင်ငံတကာ အတွေ့အကြုံ နမူနာများ၊ ဆောင်ရန် ရှောင်ရန်များ
စနစ်တကျ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့် အဆင့်များကို ရှင်းလင်းဆွေးနွေးသည်။
မြန်မာ့သစ်လုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ရေးရာဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်မှစ၍
နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ (State Timber Board) အမည်ဖြင့် သစ်ထုတ်လုပ်ခြင်း၊ ခွဲစိတ်
ခြင်း၊ ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းတို့ကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ
ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် Corporati-
zation ပြုလုပ်ခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြ၀တီ သတင်းစာပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။

တိုက်ကြီးမြို့ နယ်၌ လေပြင်းတိုက်ခတ်၍ မူလတန်းကျောင်းအမိုး ပျက်စီး
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နယ် ဥက္ကံမြို့ မြောက်ဘက် ၄ မိုင်ခန့်အကွာ
ရှိ သာယာကုန်းကျေးရွာအုပ်စု တောင်ညိုကျေးရွာ၌ ယမန်နေ့ညနေ ၅ နာရီက လေပြင်း
တိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာမူလတန်းကျောင်း၏ အမိုးသွပ်ရှစ်ပေ အချပ် ၄၀ နှင့် ဒိုင်း၊
မြှားတန်းများပျက်စီးပြုတ်ထွက်သွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် တန်ဖိုးငွေကျပ်
၆၁၀၀၀၀ ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။
ရှိ သာယာကုန်းကျေးရွာအုပ်စု တောင်ညိုကျေးရွာ၌ ယမန်နေ့ညနေ ၅ နာရီက လေပြင်း
တိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာမူလတန်းကျောင်း၏ အမိုးသွပ်ရှစ်ပေ အချပ် ၄၀ နှင့် ဒိုင်း၊
မြှားတန်းများပျက်စီးပြုတ်ထွက်သွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် တန်ဖိုးငွေကျပ်
၆၁၀၀၀၀ ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။
ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
သံတောင်ကြီးမြို့ နယ်၌ မြေပြိုကျ...လူငါးဦးသေဆုံး
ကရင်ပြည်နယ် သံတောင်ကြီးမြို့ နယ်၌ သြဂုတ်လ ၁၆ ရက်က မြေကျင်း
ပိသဖြင့် လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့ နယ် အရှေ့ မြောက်ဘက်၁၅ မိုင်
ခန့်အကွာ ကရင်ပြည်နယ် သံတောင်ကြီးကျေးရွာ လွန်ပူးကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်
အကွာတောအတွင်း ရွှေမှုန်စုပ်စက်လုပ်ငန်း လုပ်ကိုင်နေစဉ် မြေကျင်းပြိုကျသဖြင့်
ရွှေကျင်လုပ်သားငါးဦးမှာမြေကျင်းပိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိသဖြင့် လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့ နယ် အရှေ့ မြောက်ဘက်၁၅ မိုင်
ခန့်အကွာ ကရင်ပြည်နယ် သံတောင်ကြီးကျေးရွာ လွန်ပူးကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်
အကွာတောအတွင်း ရွှေမှုန်စုပ်စက်လုပ်ငန်း လုပ်ကိုင်နေစဉ် မြေကျင်းပြိုကျသဖြင့်
ရွှေကျင်လုပ်သားငါးဦးမှာမြေကျင်းပိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EIA နောက်ပိုင်းဇာတ်တော်ကြီး,
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုအတွက် စစ်ဆေးခံထားရသော စက်ရုံ ၂၀၀၀ ခန့် အောက်တိုဘာ ၁ ရက် နောက်ဆုံးအကြောင်းပြန်ရမည်
ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် စစ်ဆေးခြင်း
ခံထားရသော စက်ရုံ ၂၀၀၀ ခန့်သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသော
ကြောင့် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် ၀င်ရောက်စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက်
စက်ရုံ ၂၀၀၀နီးပါးခန့်သည် အကြောင်းပြန်ကြားမှုမရှိခဲ့ကြောင်း၊ စက်ရုံမှ တိုက်ရိုက်စွန့်ပစ်သော
ရေဆိုးများကြောင့် မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တ၀ါများအတွက် မျိုးသုဉ်းအန္တရာယ် ကြုံတွေ့
နိုင်သည့်အပြင် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုအတွက်ပါ ကျန်းမာရေးအရ ထိခိုက်နိုင်ဖွယ် ရှိကြောင်း
သိရသည်။
" စက်ရုံတွေမှာ မြေ၊ရေ၊လေ၊ ညစ်ညမ်းမှုရှိ ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ အကြောင်း
ပြန်ကြားတဲ့စက်ရုံတွေနည်းပြီး အကြောင်းမပြန်တဲ့စက်ရုံတွေ ရှိနေတာကြောင့် ဒီလို ဆောင်ရွက်ရ
တာပါ။ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှုတွေ ပြုလုပ်မှာပါ " ဟု ၄င်းက ဆက်လက်ပြော
ကြားခဲ့သည်။
ရေကို အဓိကအသုံးပြုလုပ်ဆောင်သော စက်ရုံအမျိုးအစား ၁၀ မျိုးခန့်ရှိပြီး
အရက်ချက်စက်ရုံ၊ ဓာတုစက်ရုံ၊ သစ်ပါးလွှာစက်ရုံ၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ ငါးအသားလွှာ
စက်ရုံစသည့် စက်ရုံများ ပါဝင်ကြောင်း၊ အကြောင်းပြန်ကြားခြင်းမရှိသော စက်ရုံများကို အရေး
ယူသည့်အနေဖြင့် ယာယီသုံးလပိတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ
နိုင်ငံအတွင်း နှစ်စဉ်မြစ်ချောင်းများအတွင်း နှစ်စဉ် ရေချိုငါးများမျိုးသုဉ်းမှုသည် ၃၀ ရာခိုင်နှုန်း
အထိ တဖြည်းဖြည်းမြင့်တက်လာနေရာ အဓိကအားဖြင့် စက်ရုံမှ စွန့်ပစ်သော ညစ်ညမ်းရေ
များကြောင့်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ပတ်လည်ဝန်းကျင် ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရန်စီစဉ်
ချင်းပြည်နယ် ဖလမ်းမြို့ နယ်ရှိ အသည်းပုံရေကန်ဟု လူသိများသော ရိဒ်
ရေကန်ပတ်လည် ပတ်ဝန်းကျင် ဒေသများကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရေးစီမံကိန်း
ကို ယခုနှစ် စက်တင်ဘာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ယင်းသို့ ရေဝေရေလဲဧရိယာအဖြစ် သတ်မှတ်ရခြင်းမှာ သဘာဝ
ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် ရိဒ်ရေကန်၏ အထက်ပတ်လည်ဝန်းကျင်
ဧရိယာဧက ၆၆၀ ကိုရေဝေရေလဲဧရိယာအဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်း
အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ
ဇူလိုင်လအတွင်းက တင်ပြခဲ့ရာခွင့်ပြုချက်ရပြီးဖြစ်သောကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ရန် လိုအပ်သည့်အချက်များ ရရှိစေရန် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊
ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားကြောင်း သိရသည်။
၎င်းက " ရိဒ်ရေကန် ပတ်လည် တောင်ကုန်းတောင်တန်းက သစ်တောဧရိယာ
တွေကို ကွင်းဆင်းစစ်ဆေးမယ်။ ပြည်သူဆီက စစ်တမ်းတွေ ကောက်ယူပြီး သဘောတူလက်ခံမှ
ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကြေငြာပေးမယ်" ဟု ဆိုသည်။
ရိဒ်ရေကန်ပတ်လည်ရှိ တောင်ကုန်းတောင်တန်းများတွင် သစ်ပင်များ ထပ်မံ
တိုးချဲ့ စိုက်ပျိုးခြင်းနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ခြင်းကို စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ရာ စစ်တမ်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံ တင်ပြ၍ ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ပေးရန် ခွင့်ပြုချက်တောင်းယူမည်ဖြစ်သည်။
ရိဒ်ရေကန်ပတ်ဝန်းကျင်တွင် ဒေသခံများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်း
များအဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေး
နယ်မြေသတ်မှတ်နိုင်ရန် ဒေသခံများ၏ သဘောဆန္ဒကိုလည်း ကောက်ယူဆောင်ရွက်သွားမည်
ဖြစ်သည်။
ရိဒ်ရေကန်သည် ဧရိယာ ၈၃၂ ဧက ကျယ်ဝန်း၍ ရေကန်၏ အထက်ပတ်ဝန်းကျင်
တွင် လူနေအိမ်နှင့် မြို့ ရွာချထားခွင့်မလုပ်ရန် ပြည်နယ်အစိုးရက တားဖြစ်ထားပြီး ချင်းလူမျိုးများက
ချင်းပြည်နယ်၏ အမျိုးသားသင်္ကေတအဖြစ် တန်ဖိုးထားသတ်မှတ်ကြသည်။
ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွင် ကျောက်ပန်းတောင်းဘေးမဲ့တောနှင့် နတ်မ
တောင်အမျိုးသားဥယျာဉ်တို့အပြင် ဖလမ်းနှင့် ဟားခါးမြို့ နယ်များရှိ ဘွေပါးတောင်၊ ဇိမ်မူတောင်
တို့ကိုလည်း သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။

Wednesday, August 14, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
နံ့သာနီနှင့် သစ်မွှေးစိုက်ခင်းသို့ မင်းမဲ့စရိုက်ဆန်ဆန် လူတစ်စု ၀င်ရောက်ဖျက်ဆီး
လယ်ဝေးမြို့ နယ် ဥသျှစ်လှိုင်းကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာ ပလွေး
ကြိုးဝိုင်းအမှတ် (၁၀၉)တွင် သမားတော်ကြီးတစ်ဦး တရားဝင်စိုက်ပျိုးလျှက်ရှိသော နံ့သာနီ၊
သစ်မွှေး စိုက်ခင်း (၁၅) ပေ အမြင့် သုံးနှစ်သား အရွယ်ရှိသော စုစုပေါင်းအပင် ၃၀၀ ကျော်
ခန့်ကို သြဂုတ် ၁ ရက် ည ၁၀ နာရီခန့်က လူတစ်စု၏ ၀င်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ပျက်စီးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၅၀၀ နှင့် သိန်း ၁၀၀၀ ကြားရှိမည်ဟု ခန့်မှန်းရသည်။
အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ လယ်ဝေးမြို့ နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာလယ်ဝေး
မြို့ နယ် ရဲစခန်းက လိုက်လံစုံစမ်းနေကြောင်း သိရပါသည်။

ပဲခူးမြို့ နယ် ထန်းတောကြီးရဲစခန်းအပိုင် စလူသစ်တောကြိုးဝိုင်းအကွက်
အမှတ် (၁၈၅) တွင် သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခန့်က ဆင်တစ်ကောင် သေနတ်ဒဏ်ရာ
ဖြင့် သေဆုံးနေကြောင်း တောခေါင်း ဦးသက်နိုင်၏ သတင်းပေးချက်အရ ပဲခူးမြို့ နယ်
သစ်တောဦးစီးအရာရှိ ဦးမျိုးလွင်နှင့် ဆင်ဆရာဝန် ဒေါက်တာကျော်စိုး၊ ထန်းတောကြီးရဲစခန်း
မှ ဒုရဲအုပ်အောင်ကျော်စိုးတို့အဖွဲ့က သက်သေများနှင့်အတူ အခင်းဖြစ်ရာနေရာသို့ သွားရောက်
စစ်ဆေးခဲ့ကြသည်။
အဆိုပါ နေရာတွင် အသက် (၂၅) နှစ်ခန့် အရပ်ခုနစ်ပေခွဲရှိ ဆင်ထီးတစ်ကောင်
ရှေ့ ဝဲလက်၊ ဦးခေါင်းနှင့် ၀ဲဘက်ချိုင်းအောက်တွင် သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း ဆင်ထီး၏ အစွယ်မှာလည်း ဖြတ်တောက်ထားခြင်းခံထားရသည်ကို တွေ့ရှိ
ရသည်။ ၄င်းဆင်မှာ လွန်ခဲ့သော ငါးရက်ခန့်က သေဆုံးနေကြောင်း ဆင်ဆရာဝန်၏ စစ်ဆေး
ချက်အရ သိရှိရပြီး အဆိုပါဆင်ကို တာဝန်ရှိသူများက မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆင်သတ်ဖြတ်၍
အစွယ်ခိုးယူသွားသူအား အရေးယူပေးပါရန် သစ်တောဦးစီးဌာနက တရားလိုပြုလုပ်၍တိုင်တန်း
ထားကြောင်း သိရပါသည်။

Sunday, August 11, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင် အကောင်ရေ လျော့ကျမှု မြင့်တက်
ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင်များသည် ယခင်နှစ်များအတိုင်း
အကောင်ရေလျော့ကျမှုများ ရှိနေကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်း
ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လင်းပိုင်များကို ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ ပိုမိုချဲ့ ထွင်လုပ်ဆောင်
ရန် လိုအပ်ကြောင်း မည်သည့်အတွက်ကြောင့် အကောင်ရေ လျော့ကျမှုများ ရှိနေသည်ကို
လေ့လာစစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေတွင်အကောင်ရေ ၄၀ မှ ၅၀ ၀န်းကျင်ခန့်သာ
ရှိတော့ကြောင်း သိရသည်။
ထို့ပြင် ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်းရေးဌာနအနေဖြင့်
တစ်လလျှင် နှစ်ကြိမ်ခန့် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ကွင်းဆင်းစစ်ဆေးမှုများ
ပြုလုပ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး
ကျောက်မြောင်းမြို့ နယ်တွင် ၂၀၁၂ ခုနှစ်က ၁၉ ကောင်ရှိခဲ့ရာမှ ၁၇ ကောင်အထိ လျော့
ကျလာကြောင်းနှင့် သပိတ်ကျင်းမှ ရွှေကူမြို့ နားတွင် ၂၇ ကောင် ကျန်ရှိနေပြီး ဗန်းမော်
တွင် လေးကောင်မျှသာ ရှိတော့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းမှုများကို ၂၀၀၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်း၊
မန္တလေး၊မင်းကွန်းနှင့် ကျောက်မြောင်းအကြား ၇၄ မီတာအကွာအဝေးရှိ မြစ်ကြောင်း
တစ်လျှောက်တွင် ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ လျော့ကျမှုအခြေအနေကို
အသေးစိတ်သိရှိနိုင်ရန် မြစ်ခွဲများအတွင်းသို့ ၀င်ရောက်စစ်ဆေးလေ့လာသွားမည်ဖြစ်ပြီး
ဒေသခံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို
အစရှိသည့် မဲခေါင်ဒေသအတွင်း ရှင်သန်နေထိုင်ကြသည့် ရှားပါးရေနေသတ္တ၀ါများ
ဖြစ်ပြီး ယခုမျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကော့သောင်းတွင် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် သဘာဝအပန်းဖြေ နေရာများရှိ
မြန်မာ-ထိုင်း နယ်စပ်တွင် သြဂုတ်လအတွင်း စတင်ဖွင့်လှစ်မည့်
နယ်စပ်ထွက်ပေါက်များမှ ကော့သောင်း၌ တစ်ထောက်နားမည့် ခရီးသွားများကို
ဆွဲဆောင်နိုင်သော အပန်းဖြေကမ်းခြေနှစ်ခု၊ သဘာဝ ရေတံခွန်တစ်ခုနှင့် သဘာဝ
ရေပူတွင်းများ ရှိကြောင်း သိရသည်။ထိုနေရာများသည် ကမ္ဘာလှည့် ခရီးသွားများအတွက်
လွတ်လပ်စွာ လည်ပတ်ခွင့် ပြုထားသော သတ်မှတ်နေရာများ ဖြစ်သဖြင့် ၎င်းနေရာများကို
အမှီပြု၍ ဒေသဖွံ့ဖြိုး တိုးတက်ရန် အတွက် အဆင့်မြှင့် တည်ဆောက်ခြင်းများ ဆောင်ရွက်
ပါက များစွာအကျိုး ရှိနိုင်ကြောင်း သိရသည်။
''သဘာဝ အပန်းဖြေစခန်းတွေ ဘယ်မှာရှိတယ် ဆိုတာကိုမေးပြီး လည်ပတ်မယ် ဆိုရင်တော့ ဒီဒေသအတွက်အခွင့် အရေးကောင်းပါ'' ဟု ကော့သောင်းမြို့နေ စီးပွားရေး လုပ်ငန်းရှင်
တစ်ဦးက သူ့ရဲ့အမြင်ကို ပြောကြားခဲ့သည်။
ကော့သောင်းမြို့မှ ငါးမိုင်ခန့် အကွာတွင် ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေ၊ ၁၀မိုင်အကွာတွင် ၁၀ မိုင် အပန်းဖြေကမ်းခြေနှင့် ၂၄ မိုင် ၀န်းကျင်တွင် မလိဝမ်း သဘာဝ
ရေတံခွန်၊ မလိဝမ်း ရေပူတွင်းများရှိရာ ကမ်းခြေနှင့် ရေပူတွင်းများကို ပြုပြင်မွမ်းမံ ခြင်းများနှင့် အဆောက်အအုံ တည်ဆောက်ခြင်းများအား ဆောင်ရွက် ထားသင့်သည်ဟု ဆိုသည်။
Eleven Media Group

Saturday, August 10, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ဖိုလ်ဝင်တောင်ဒေသ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ်ပေးရန်လို
သဘာဝကျောက်တောင် ကျောက်ပန်းများဖြင့် ရှုမငြီးဖွယ်လှပ၍ ရှေးဟောင်း
စေတီပုထိုးများကို အလွန်ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်သော စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင် ယင်းမာမြို့ နယ် ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ
သဘာဝဘေးမဲ့ မျောက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိစေရန် ၀ိုင်းဝန်းကာကွယ်
စောင့်ရှောက်ပေးစေလိုကြောင်း ဖိုလ်ဝင်တောင်ဒေသခံပြည်သူများက လိုလားလျက်
ရှိကြသည်။
" မကြာခဏ မျောက်လာဖမ်းတဲ့အဖွဲ့တွေ ရှိတယ်။ ဟိုတစ်လောကလည်း
မျောက်တွေကို သံလှောင်အိမ်တွေနဲ့ အများအပြား လာဖမ်းသွားတာရှိတယ်။ ရွှေတောင်ဦး
ဘုရားအတွက်ဆိုလားပဲ" ဟု ဖိုလ်ဝင်တောင်ရွှေသာလျောင်းအနီး ဒေသထွက်ဆေးမြစ်ဆုံ
များနှင့် မျောက်စာရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဖိုလ်ဝင်တောင်ဒေသရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း
ခွင်များ၌ လုပ်ကိုင်စားသောက်ခြင်းထက် မိရိုးဖလာလုပ်ငန်းတစ်ရပ်အဖြစ် ဘုရားဖူး
လာရောက်သူများကို မျောက်စာများရောင်းချကာ ၄င်းတို့၏ စားဝတ်နေရေးကို ရပ်တည်
နေထိုင်လျက်ရှိကြောင်း သိရသည်။
ဖိုလ်ဝင်တောင်ဒေသသည် သဘာဝကျောက်လိုဏ်ဂူကြီးများအတွင်း၌
ကျောက်သားနံရံများတွင် ဗုဒ္ဓဆင်းတုတော်များ ထုဆစ်ထားသောကြောင့် အလွန်
အံ့သြဖွယ်ရာကောင်းပြီး နေ့စဉ်နိုင်ငံခြားသား ဘုရားဖူးလာရောက်သူများနှင့် စည်ကားလျက်
ရှိသည်။ ယင်းဒေသတွင် ယခင်က သဘာဝဘေးမဲ့မျောက်အကောင်ရေ ထောင်နဲ့ချီပြီး
ရှိခဲ့သော်လည်း ယခုအခါ ရာဂဏန်းမျှသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့
သည်။
သဘာဝဘေးအန္တရာယ်နှင့် မျောက်ဖမ်းဆီးသူများပေါ်ပေါက်ခဲ့ရာမှ
ယင်းကဲ့သို့ မျောက်များ လျော့နည်းလာရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ဖိုလ်ဝင်
တောင်ဒေသရှိ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှု ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း
လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။

ချင်းပြည်နယ်တွင် သဘာဝအခြေခံခရီးသွားဒေသအသစ်များ တိုးချဲ့ တည်ထောင်မည်
ချင်းပြည်နယ်တွင် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် ကျောက်ပန်းတောင်း
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ရှိပြီး ချင်းပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွား
လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဒေသများအသစ်များအဖြစ် ရိဒ်ရေကန်၊ ဗွေပါး
တောင်နှင့် လိုင်ဗားဒေသ ဇိန်မူတောင်တို့ကို တိုးချဲ့ တည်ထောင်ရန်ရှိကြောင်း ၂.၈.၂၀၁၃
ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ မင်းတပ်မဲဆန္ဒနယ်မှ
ဦးထန်းလိန်း၏ မေးခွန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထို့ပြင် သဘာဝတောတောင် လျှိုမြောင်များနှင့် ဇီဝမျိုးစုံကွဲများ ကြွယ်ဝ
သည့် နေရာဒေသများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည့် နေရာ
ဒေသများ၊ သဘာဝနယ်မြေသစ်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ရန် ဥပဒေ၊ လုပ်ထုံး
လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝ
အခြေခံခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက် ကန်ပက်လက်၊ မင်းတပ်၊
တီးတိန်၊ တွန်းဇန်၊ ကျီးခါး၊ ဖလန်း၊ ရိဒေါဒါရ်၊ ထန်တလန်နှင့် ဟားခါးမြို့ နယ်များတွင်
မြို့ ပေါ်၌ ခွင့်ပြုချက်မလိုပဲ သွားရောက်လည်ပတ်နိုင်သလို မြို့ ပြင်သို့လည်း ခွင့်ပြုချက်
တောင်းခံပြီး သွားရောက်နိုင်ကြောင်း၊ ပလက်ဝ၊ဆမီးနှင့် မတူပီ၊ရေဇွာမြို့ နယ်နှင့် မြို့ နယ်
ခွဲများသို့လည်း ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်းလည်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သိရသည်။

Subscribe to:
Posts (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact