Share
Showing posts with label ခေတ်ပေါ် Global Warming စတိတ်ရှိုးအစီအစဉ်. Show all posts
Showing posts with label ခေတ်ပေါ် Global Warming စတိတ်ရှိုးအစီအစဉ်. Show all posts
Saturday, October 5, 2013 0 comments
အညာဆူးလှည်း (ဒေါက်တာဆန်းဝင်း၊ ဒုတိယ ပါမောက္ခချုပ်၊ သစ်တောတက္ကသိုလ်)
                               အညာဆူးလှည်း 
  (ဒေါက်တာဆန်းဝင်း၊ ဒုတိယ ပါမောက္ခချုပ်၊ သစ်တောတက္ကသိုလ်)
              စာရေးသူတို့ ငယ်ငယ်တုန်းက ကျေးလက်ဒေသတွေမှာ 
မိုးစပါး ရိတ်သိမ်းပြီးရင် ရိုးပြတ် ငုတ်တုတ်တွေ ကျန်နေတဲ့ 
လယ်ကွက်တွေထဲကို နောက်စိုက်မယ့် သီးနှံကောင်းအောင်လို့ဆိုပြီး 
အိမ်မှာ စုဆောင်းထားတဲ့နွားချေးတွေကို လှည်းနဲ့သွားပို့ပြီး ဖြန့်ချ
ရတယ်။    ဒီလိုလုပ်တာကို နွားချေးချတယ်လို့ ခေါ်တယ်။ 
နွားချေးချအပြန်ကျတော့ လှည်းကို ဒီအတိုင်း
 လှည်းခွက်ချည်းပဲ မောင်းပြန်မလာဘူး။ လယ်ကန်သင်းဆုံ၊
ကန်သင်းတန်းနဲ့ ချောင်းရိုးတလျောက်မှာ ရှိတဲ့ ဆီးကိုင်းတို့ ၊ 
ဆူးဖြူပင်ကိုင်းတို့၊ ထနောင်းပင်ကိုင်းတို့ကို ခုတ်တင်ပြီး ပြန်လာတယ်။
 အဲ့ဒီလှည်းကို ဆူးလှည်းလို့ ခေါ်တယ်။ ဒီဆူးခက်တွေကို 
ရွာစည်းရိုးတစ်လျှောက်နဲ့ ကိုယ့်ဝင်းကိုယ့်ခြံတစ်လျှောက်
 ကာကြရတယ်။
           ရာသီကလည်း ဆောင်းအကုန် ဖြစ်ပြန်တော့ မိုးတွင်းက 
ပျက်ခဲ့တဲ့      လှည်းလမ်းတွေကလည်း မညီမညာ
 ချိုင့်ခိုးချိုင့်ခွက်နဲ့ပေါ့။ အဲသလို   လမ်းပေါ်ကို 
ဆူးကိုင်းတွေ အပြည့်အမောက် တင်လာတဲ့ ဆူးလှည်း
မောင်းတဲ့အခါ ဆူးကိုင်းတွေက ဘယ်ညာယိမ်းထိုးနေတာပေါ့။ 
ဒီဆူးလှည်းက ရွာအဝင် လမ်းတစ်လျှောက်မှာ ရေချိုးရေခပ်
လာတဲ့လူများ ရှောင်ပေမယ့်လည်း နည်းနည်းတော့ ဆူးခက်နဲ့
 ချိတ်သွားတတ်တယ်။ ဝင်းထရံမှာ လှန်းထားတဲ့ အင်္ကျီ၊လုံချည်လည်း 
ဆူးခက်နဲ့ ငြိပါသွားတာပဲ။ ကောက်ရိုးပုံကိုလည်း ငြိသွားပြီ။ ကောက်ရိုး
မျှင်တွေ လှည်းနောက်က တတန်းတန်းနဲ့ ပါသွားတာပဲ။ ဒီလှည်းကို 
ကလေးတွေက မြင်ရင်လည်း ဆူးလှည်းကြီး လာပြီဟေ့၊ပြေးကြ
 ပြေးကြဆိုပြီး ထွက်ပြေးကြတယ်။
               မြင်မြင်သမျှ ပစ္စည်းများကို ငြိသွားလို့ ဒီဥပမာကို ကြည့်ပြီး 
ယောက်ျားတစ်ယောက် ဟိုအမျိုးသမီးကို ပိုးပန်း၊ ဒီအမျိုးသမီးကို
 ပိုးပန်း၊ ဘယ်သူ့မှ အလွတ်မပေးဘဲ ပိုးပန်းသူကိုလည်း 
နောက်ကွယ်ကနေ ဆူးလှည်းကြီး လာပြီဟေ့လို့ အဲ့ဒီယောက်ျားကို 
ပြောင်တတ်ကြပါတယ်။
         ယနေ့ခေတ်အခါက ရာသီဥတု ပြောင်းလဲမှု သိသာစွာ
 ကြုံတွေ့နေရတဲ့   ကာလပါ။    ဒီရာသီဥတု
 ပြောင်းလဲခြင်းဟာလဲ အညာဆူးလှည်းလိုပါပဲ။ 
မငြိတာ မရှိဘူး။ ဘယ်သူ့မှ ၊ ဘယ်ကဏ္ဍမှ အလွတ်မပေးဘူး။ 
ရေချို ရရှိရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ရေး၊
 စီးပွားရေး စီမံကိန်း၊ သစ်တော စတဲ့ ကဏ္ဍပေါင်းစုံအပေါ်မှာ
 ငြိတွယ်ဆက်စပ်နေပါတယ်။
             ဥပမာ- သစ်တောကဏ္ဍ ဆိုပါစို့၊ ရာသီဥတု ပိုမိုပူပြင်းလာရင် 
သစ်တောတွေမှာ တောမီးလောင်မှုတွေ များလာနိုင်သလို အင်းဆက်
ပိုးမွှားကောင်ရေ ပိုပြီး များလာကာ သစ်တောစိုက်ခင်းတွေကို 
ဖျက်ဆီးလာနိုင်ပါတယ်။
             အလွန်ပူပြင်းခြင်း (Extreme Heat) ဟာလည်း ၁၉၈၀ ခုနှစ် 
မတိုင်ခင်က ကမ္ဘာ့ဧရိယာရဲ့ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် အဲ့ဒီနောက်
မှာတော့ ၁၃ ရာခိုင်နှုန်းအထိ ကျယ်ပြန့်လာခဲ့တယ်လို့ သုတေသန
စာစောင်ကို ကိုးကားပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်ထုတ်
 ဗန်ကောက်ပို့စ်သတင်းစာမှာ (Global Warming at Work)   
ခေါင်းစဉ်ဖြင့် ဖော်ပြထားပါတယ်။
            အောက်ပါဂရပ်ကို ကြည့်ရင် မြန်မာနိုင်ငံမှာ ၂၀၀၆ ကနေ 
၂၀၀၉ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ Hot Spot (မီးလောင်ကွက်)
 အရေအတွက်ကို ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်ကနဲ့စာရင် 
ကျန်နှစ်များမှာ ပိုများလာတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် 
တောင်ယာမီးရှို့ချိန်တွေ ဖြစ်တဲ့ ပူပြင်းတဲ့ ကာလတွေမှာ 
Hot Spot တွေ များနေတာ တွေ့နိုင်ပါတယ်။
               ဒါကြောင့် မီးနဲ့ ပိုးမွှားဒဏ်ခံနိုင်ဖို့အတွက် 
သဘာဝသစ်တောတွေ      မပျက်စီးအောင် 
ထိန်းထားဖို့ လိုပါမယ်။ သစ်တောစိုက်ခင်းထူထောင်
စိုက်ပျိုးမယ်ဆိုရင်လည်း သစ်တစ်မျိုးတည်း သီးသန့် စိုက်တာ 
မဖြစ်သင့်တော့ဘူး။ အနည်းဆုံး သစ်မျိုး နှစ်မျိုး သုံးမျိုး ရောနှော
စိုက်သင့်ပါတယ်။ ရွှေ့ပြောင်းတောင်ယာဧရိယာများကို
 သီးနှံသစ်တော ရောနှောစိုက်ခြင်း အလေ့အကျင့်(Agroforestry 
Practice) ပြောင်းပေးဖို့ လိုပါမယ်။ အပူအအေးပြောင်းလဲမှုကြောင့် 
  သစ်မျိုး ပြောင်းလဲမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဥတုရာသီ
 ပူလာရင် သစ်တောမြေလည်း Soil Temperature တက်လာ
တော့မှာမို့ အပူဒဏ်ခံ၊ ရေငတ်ဒဏ်ခံ သစ်မျိုး(Drought Tolerant
 Species) တွေကို ဦးစားပေးစိုက်ဖို့ စဉ်းစားသင့်ပါတယ်။ သစ်တော
ပျိုးပင်များ ရေလောင်းတာက အစ နံနက်စောစောနဲ့ ညနေခင်းပိုင်းမှာ
 ရေလောင်းသင့်တာမျိုးပေါ့။ အဲသလို ရေလောင်းရင် အပူဒဏ်ကြောင့်
 ရေငွေ့ပျံ၍ ဆုံးရှုံးမှု လျော့နည်းစေပြီး လောင်းသမျှ ရေကို 
အပင်က အသုံးပြုနိုင်တာပေါ့။ စသည်ဖြင့် ပြောင်းလဲလာတဲ့ 
ရာသီဥတုနဲ့ လိုက်လျောညီထွေ (Adaption) ဖြစ်အောင် 
ပြောင်းလဲလုပ်ကိုင်ဖို့ လိုပါတယ်။ အဲဒီလို လုပ်ကိုင်နိုင်ခြင်းဖြင့် 
လုပ်ငန်းကိုင်ငန်းများ ပျက်စီးမှု နည်းစေခြင်း၊ သယံဇာတ
 ဆုံးရှုံးပျက်စီးမှုနည်းစေခြင်းဖြင့် စီးပွားရေးထိခိုက်မှုလည်း
 နည်းသွားနိုင်ပါတယ်။
    သောက်သုံးရေနဲ့ ပတ်သက်ရင်လည်း အပူလွန်ကဲလာလို့
 ချောင်း၊မြောင်း၊မြစ်နဲ့ ရေအောက်ရေတွေ ခန်းလာနိုင်ပါတယ်။ 
ရေချို ရှားပါးမှု ဖြစ်နိုင်တယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်ရင်လည်း
 ရေချိုငါးမွေးလုပ်ငန်းမှာ ရေအပူချိန်မြင့်တက်လာရင်လည်း
 ထိခိုက်မှုတွေ အများအပြားရှိနိုင်မှာပါ။ စိုက်ပျိုးရေး
လုပ်ငန်းဆိုတာကလည်း ရာသီဥတုအပေါ်ကြည့်ပြီး ဆောင်ရွက်
ရတဲ့လုပ်ငန်းမို့လို့ ရာသီဥတု ပြောင်းလဲခြင်းရဲ့
 အကျိုးသက်ရောက်မှုဟာ စိုက်ပျိုးရေးလုပ်ငန်းအပေါ် သိသာစွာ
 ကျရောက်ပါတယ်။ ဥပမာ လွန်ခဲ့တဲ့ ၅၅ နှစ်အတွင်း
 မြန်မာပြည်တောင်ပိုင်း မိုးရွာရက် ပြောင်းလဲလာမှုကို အောက်ပါ
ဂရပ်မှာ တွေ့မြင်နိုင်ပါတယ်-
             ဒီဂရပ်ကို ကြည့်ရင် ၁၉၅၅ ခုနှစ်တုံးက တစ်နှစ်မှာ 
မိုးရွာရက်ဟာ ၁၄၅ ရက် ရှိခဲ့ရာမှ မိုးရွာရက် အတက်အကျ
များဟာ တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ ၂၀၀၈ ခုနှစ်မှာ
 ၁၁၅ ရက်လောက်ပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅၅ နှစ်အတွင်း
 မိုးရွာရက်ပေါင်း ၃၀ လောက် လျော့နည်းသွားတယ်ဆိုတဲ့ 
သဘောပါ။ ၁၉၇၇ ခုနှစ် နောက်ပိုင်းမှာ မိုးရွာရက်
 သိသာစွာ လျော့နည်းလာတာကို တွေ့နိုင်ပါတယ်။
 ပြောရရင် မုတ်သုန်မိုးဝင်ရောက်တာ နောက်ကျပြီး ထွက်တာ 
စောတဲ့ သဘောပါ။ ဒါကြောင့် မိုးရွာရက် နည်းသွားတယ်။
               ဆိုတော့ အရင်ကလို ၄-၅ လကြာမှ ရင့်မှည့်တဲ့ 
မိုးစပါးနေရာမှာ       ၃-၄ လနဲ့ ရင့်မှည့်တဲ့ 
စပါးမျိုး၊ရေငတ်ဒဏ်ခံ စပါးမျိုး ၊ပင်လယ်
ရေမျက်နှာပြင် မြင့်တက်လာလို့ ရေငန်ဝင်ရောက်လာနိုင်ဖွယ်ရှိ၍
 Salt-tolerant rice variety တီထွင်ဖို့ စသဖြင့် လိုအပ်မှာပါ။
 ပိုးမွှားပိုမိုပေါများလာမှာမို့ ပိုးမွှားကာကွယ်ရေးထည့်သွင်း
စဉ်းစားရမှာပါ။ စိုက်ပျိုးရေး ပညာရှင်များ ကျွန်တော့်ထက် ပိုပြီး 
သိပါတယ်။
                  ကျန်းမာရေး ကဏ္ဍမှာလည်း အပူလွန်ကဲရင်၊ အအေး
လွန်ကဲရင် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ရောဂါတွေရှိမှာပါ။ ဆောက်လုပ်ရေး
ကဏ္ဍအနေနဲ့ရေလွှမ်းမိုးခြင်း၊မိုးခေါင်ခြင်းကိုစဉ်းစားပြီး ပူလွန်းခြင်း၊အေးလွန်းခြင်း၊မိုးများခြင်း၊အစွန်းရောက်ရာသီဥတု
 ပြောင်းလဲခြင်း စတဲ့ ဒဏ်ကို ခံနိုင်အောင် စသဖြင့် ရာသီဥတု
ပြောင်းလဲခြင်းအပေါ် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ လျော့နည်းအောင်
 စဉ်းစားတည်ဆောက်ဖို့ လိုမှာပါ။ ရာသီဥတု ပူနွေးမှုကို အဓိက 
ဖြစ်စေတဲ့ လောင်စာစွမ်းအင်များ ချွေတာနိုင်အောင် 
အဆောက်အအုံဒီဇိုင်းများ ပြောင်းလဲဖို့ လိုမှာပါ။
               ပညာရေးကဏ္ဍမှာလည်း အနာဂတ်မျိုးဆက်သစ်တွေ
 ပြောင်းလဲလာနေတဲ့ ရာသီဥတုကို သိရှိသွားအောင် 
စာသင်ခန်းတွေမှာ သင်ကြားဆွေးနွေးဖို့ လိုအပ်မှာပါ။
             ပြောရရင် အညာဆူးလှည်းနဲ့တူတဲ့ ဒီ Climate 
Change ဟာ ကဏ္ဍပေါင်းစုံနဲ့ ငြိတွယ်ဆက်စပ်နေတယ်ဆိုတာကို
 သိစေလိုပါတယ်။
          ၂၀၀၉ ခုနှစ် ADB က ထုတ်ဝေတဲ့ The Economics of 
Climate Change in Southeast Asia: A Regional View 
ကို ဖောက်သည်ချ ပြောရရင် ASEAN  ဒေသဟာ ကမ္ဘာရဲ့
 ရာသီဥတုပြောင်းလဲခြင်းဒဏ် အထိခိုက်လွယ်ဆုံး ဒေသ
တစ်ခုပါလို့ ပြောထားပါတယ်။ ကမ္ဘာရဲ့ ရာသီဥတု
ပြောင်းလဲခြင်းဒဏ်ကို ကျန်ဒေသများထက် ပိုခံစားရမယ်လို့
 ပြောထားပါတယ်။
          ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းအချို့ကတော့ ASEAN 
ဒေသဟာ လူဦးရေထူထပ်ခြင်း၊ အများစုက ပင်လယ်ကမ်းခြေမှာ 
နေထိုင်ကြခြင်း၊ သစ်တောနဲ့ သဘာဝသယံဇာတ ထုတ်ယူ
ရောင်းချပြီး နိုင်ငံစီးပွား ထူထောင်နေရခြင်းကြောင့်
 ဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဟာ 
Southeast Asia မှာ ဖြစ်နေပြီး ဒီထက်ဆိုးတာတွေ လာနိုင်
သေးတယ်။ ဒီဖြစ်ရပ်ကို လုံလောက်တဲ့ စီမံခန့်ခွဲမှု မလုပ်ရင်
 ဒီဒေသမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်း (Sustainable
 Development Activities) နဲ့ ဆင်းရဲမှု လျှော့ချရေး
လုပ်ငန်းတွေ အကြီးအကျယ် နှောင့်နှေးသွားစေလိမ့်မယ်။
 နှောင့်နှေးဖို့ မကောင်းဘူး။ (အချိန်သိပ်မကျန်တော့ဘူး)လို့ 
ပြောထားပါတယ်။
          မူရင်းအတိုင်း စာသားက “Climate change is happening
 now in Southeast Asia, and the worst is yet to come. If not
 addressed adequately, it could seriously hinder 
the region’s sustainable development and poverty
 eradication efforts-there were no time to delay.”
     ဒါ့အပြင် လာမယ့်ဆယ်စုနှစ်များအတွင်း ASEAN ဒေသဟာ 
ပိုမို ပူပြင်းခြောက်သွေ့လာမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
ဒီလိုအခြေအနေမှာ ဘာလုပ်သင့်သလဲဆိုတော့ ကဏ္ဍပေါင်းစုံ၊ 
ပညာရပ်ပေါင်းစုံက ပညာရှင်များ ပါဝင်တဲ့ ရာသီဥတု ပြောင်းလဲခြင်း
ဆိုင်ရာ အမျိုးသားကောင်စီ National Climate Change
 Council (NCCC) ဖွဲ့စည်းပြီး ဒီအဖွဲ့က လိုအပ်တဲ့ သတင်း
အချက်များ ရှာဖွေစုဆောင်းခြင်း၊ သုတေသနပြုခြင်းတို့
 ဆောင်ရွက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့်
 ထိခိုက်လာနိုင်မည့် ကိစ္စရပ်တွေ ကြိုတင်ပြင်ဆင်
နိုင်အောင် ကူညီသင့်ပါတယ်။
      Climate Change ဝေါဟာရနဲ့ ပြောရရင် Climate Change 
Adaption လုပ်ငန်းများ ဖော်ထုတ်လုပ်ကိုင်နိုင်အောင် ကူညီပံ့ပိုးပေး
နိုင်မှာပါ။ ယခင်က စာရေးသူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
 အမျိုးသားကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖော်ပြပါ
 အဖွဲ့အစည်း ဖွဲ့စည်းဖို့ အကြံပြုခဲ့ပါသေးတယ်။ အမျိုးသား
 သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးဗဟိုကော်မတီ(National
 Disaster Preparedness Central Committee-NDPCC) 
ဖွဲ့စည်းပြီးသား ဖြစ်ပေမယ့် NCCC  နဲ့ NDPCC တို့ရဲ့ သဘော
သဘာဝက ကွာပါတယ်။ NCCC က ရာသီဥတု
ပြောင်းလဲခြင်းကြောင့် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုကို
 ကြိုတင်ခန့်မှန်းပြီး လူမှုစီးပွားရေးအကောင်အထည်
ဖော်မှုတွေမှာ မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင်
 ကာကွယ်ပေးနိုင်မည့်အဖွဲ့၊ ရာသီဥတုပြောင်းလဲခြင်း
နှင့်အတူ လိုက်လျောညီထွေ နေနိုင်အောင် ပြုပြင်ပြောင်းလဲ
သင့်တာကို ပြုပြင်နိုင်အောင် အကြံပြုပြောဆိုမယ့် အဖွဲ့ပါ။
 NDPCC က သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ
 အသက်အိုးအိမ် ဆုံးရှုံးမှု နည်းပါးအောင် ကူညီဖြေရှင်းတဲ့ 
အဖွဲ့ပါ။
           Climate Change Issue ကို သူ့ကြောင့် လူသားတို့အပေါ်
 ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများ နည်းသွားစေရန် တီထွင်
ကြံဆဆောင်ရွက်ရင်းနဲ့ လူ့စွမ်းအားများ၊တီထွင်နိုင်မှုများ ပိုမို
 တောက်ပြောင်လာအောင် လုပ်ပေးမယ့် Opportunity
(အခွင့်အလမ်း) အနေနဲ့ မြင့်သင့်ပါတယ်။ ဆိုလိုတာက Climate 
Change Adaption ပြုလုပ်ရန် လိုအပ်တဲ့ သုတေသန
 ပြုလုပ်ခြင်းများကြောင့် ပစ္စည်းသစ်များ ပေါ်ထွက်လာခြင်း၊
 နည်းလမ်းသစ်များ တွေ့ရှိလာခြင်း စတဲ့ ပိုမို ထိရောက်တဲ့
 ပစ္စည်းများ နည်းလမ်းများ ပေါ်ထွက်လာနိုင်စေတာတွေကို 
ဆိုလိုပါတယ်။
            နိဂုံးချုပ်အနေနဲ့ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်လာမည့်
 အကျိုးသက်ရောက်မှုကို ကြိုတင်ခန့်မှန်းပြီး လူမှုစီးပွားရေး
 အကောင်အထည်ဖော်မှုတွေမှာ မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင်
 ကဏ္ဍပေါင်းစုံ ပညာရပ်ပေါင်းစုံက ပညာရှင်များ ပါဝင်တဲ့
 ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားကောင်စီ National
 Climate Change Council (NCCC) ဖွဲ့စည်းပြီး
 ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။    ။
ကြေးမုံ သတင်းစာ   ၆-၁၀-၂၀၁၃  မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။
Sunday, August 25, 2013 0 comments
ကမ္ဘာကြီး ပူနွေးမှုနောက်ကယ်တွင် လူသားတို့၏ လုပ်ဆောင်ချက်များ အဓိကပါဝင်နေဟု ကုလအစီရင်ခံစာထုတ်ဖော်
                         ၁၉၅၀ ပြည့်နှစ်မှ စတင်ဖြစ်ပေါ်လာခဲ့သော ကမ္ဘာကြီး ပူနွေးရခြင်း၏
နောက်ကယ်တွင် လူသားတို့ ပြုမူဆောင်ရွက်ချက်များ အဓိကရှိနေသည်ဟူသော အချက်ကို
သိပ္ပံပညာရှင်များက ယခင်ကထက် လက်ခံယုံကြည်လာကြသည်ဟု ကုလသမဂ္ဂအစီရင်ခံစာ
တစ်ရပ်ကို ကိုးကား၍ CNN  သတင်းဌာနက ရေးသားဖော်ပြသည်။
                       ပင်လယ်ရေမျက်နှာပြင်များမြင့်တက်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ကျ
ခြင်းအစရှိသည်တို့ကို ဖြစ်ထွန်းစေခဲ့သည့် ကမ္ဘာကြီး ပူနွေးမှုနှစ်ပေါင်းငါးဆယ်ကျော်ကာလ
အတွင်း တဖြည်းဖြည်းချင်း မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ ဤကမ္ဘာကို မှ်ီတင်း
နေထိုင်ကြသော လူသားများ၏ အပြုအမူတို့ကြောင့်သာ ဖြစ်သည်ဟူသော အချက်ကို သိပ္ပံ
ပညာရှင်များက အခိုင်အမာ ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာ မူကြမ်းတွင်
ဖော်ပြထားသည်။
                       အဆိုပါမူကြမ်းကို ကုလသမဂ္ဂက ထုတ်ပြန်မှုမပြုမီ သတင်းပေါက်ကြားခဲ့ခြင်း
ဖြစ်ပြီး လာမည့်ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းအစီရင်ခံစာကို
တင်သွင်းရန် စီစဉ်ထားသည်။
                      ၁၉၅၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာလများ၌ ဖြစ်ထွန်းခဲ့သော ကမ္ဘာကြီး
၏ အပူချိန်မြင့်တက်လာမှုတွင် လူသားတို့၏ လုပ်ဆောင်ချက်များသည် ၅၀ ရာခိုင်နှုံးကျော်ခန့်
အထိ လွှမ်းမိုးထားသည်ဟူသော အချက်မှာ များစွာဖြစ်နိုင်ခြေရှိသည်ဟု ယင်းအစီရင်ခံစာမူကြမ်း
တွင်သုံးသပ်ရေးသားထားသည်။
                      ထိုသို့လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်ချက်များက ၂၀ ရာစု ဒုတိယနှစ်ဝက်
ပင်လယ်သမုဒ္ဒရာများကို ပူနွေးခြင်း၊ နှင်းနှင့် ရေခဲတောင်များ ပျော်ကျခြင်း၊ ပင်လယ်ရေမျက်နှာ
ပြင်မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟူသော အချက်အပေါ်
သိပ္ပံပညာရှင်များက အခိုင်အမာယုံကြည်ထားကြသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြသည်။
                      ၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတွင် ကမ္ဘာကြီး ပူနွေး
ရခြင်း၌ လူသားတို့၏ လုပ်ဆောင်ချက်က ၉၀ ရာခိုင်နှုံး အသေအချာပါဝင်နေသည်ဟု ဖော်ပြခဲ့
ပြီး ယခုနှစ်အစီရင်ခံစာတွင်မူ ၉၅ ရာခိုင်နှုံးအဖြစ် တိုးမြှင့်သတ်မှတ်ထားခြင်းဖြစ်သည်။
                      " အခြားမသေချာ မရေရာမှုတွေ ရှိနေတယ်ဆိုတာကို နားလည်သဘော
ပေါက်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာကြီး ပူနွေးတဲ့ကိစ္စမှာ လူသားတွေဟာ အဓိကကျတဲ့
အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ သဘောတူလက်ခံထားကြ
ပါတယ် "  ၂၀၀၇ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာအတွက် ပါဝင်ရေးသားလုပ်ကိုင်ပေးခဲ့
သူ  သုတေသီ မာရှယ်ရှီးဖတ်က ပြောကြားသည်။
                      ၁၉၅၀ ပြည့်နှစ်မှစ၍  ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုနှင့် အခြားဓာတ်ငွေ့
ထုတ်လွှင့်မှုတို့ကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ်( ၁ ဒီဂရီ
ဖာရင်ဟိုက်) ခန့် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
Thursday, August 8, 2013 0 comments
ရေခဲမြစ်များ လျော့နည်းသွားသော်လည်း တောင်အာရှတွင် ရေလုံလောက်စွာ ရနေဦးမည်
                     တောင်အာရှရှိ အဓိက မြစ်နှစ်စင်းသို့ စီးဝင်သော ရေခဲမြစ်များသည် ယခု
ရာစုနှစ်အတွင်း ဆိုးရွားစွာ ဆုတ်ယုတ်လျော့နည်းလာမည်ဖြစ်သော်လည်း ရေရရှိနိုင်မှုမှာ
လုံလောက်သည့်အခြေအနေပင် ရှိနေဦးမည်ဟု လေ့လာချက်တစ်ရပ်က သြဂုတ် ၄ ရက်တွင်
ဖော်ပြသည်။
                   ဟိမ၀န္တာရှိ ရေခဲမြစ်များ၏ အခြေအနေသည် အနီးကြပ်စောင့်ကြည့်ရမည့်
ကိစ္စဖြစ်ပြီး လူဦးရေ ဒီရေအလား တိုးပွားမှုနှင့် အစားအစာလိုအပ်မှု မြင့်တက်လာသည့်
တောင်အာရှဒေသအတွက် ယင်းရေခဲမြစ်များ အရည်ပျော်မှုမှ ရေရှိမှုမှာ အလွန် အရေး
ကြီးသည်။
                  ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဆက်လက်တိုးပွားလာခြင်းသည် ရေခဲမြစ်
များကို ဆုတ်ယုတ်စေကြောင်း သိပ္ပံပညာရှင်များက သဘောတူကြသော်လည်း ရေခဲပြင်
ဆုံးရှုံးမှုနှုံး၊ ပမာဏ၊ ရေရရှိနိုင်မှုနှင့် ရိုက်ခတ်နိုင်သည့် အကျိုးသက်ရောက်နိုင်သည့် အတိုင်း
အတာကိုမူ ၄င်းတို့က သဘောတူညီမှု မရှိသလောက်ပင်ဖြစ်သည်။
                  ဒင်ညုမြစ်အတွင်းသို့ စီးဝင်သည့် ဘော်လ်တိုရိုရေခဲမြစ်နှင့် ဂင်္ဂါမြစ်အတွင်းသို့
လန်တန်းရေခဲမြစ်များသည် ၂၀၁၀ ပြည့်နှစ်တွင် ဆိုးရွားစွာ ဆုတ်ယုတ်လာမည်ဖြစ်ပြီး ပိုမို
ပြင်းထန်သည့် ကမ္ဘာကြီး ပူနွေးမှုကြောင့် ယင်းရေခဲမြစ်များမှာ အကြမ်းဖျင်းအားဖြင့် ပမာဏ
ထက်ဝက်ခန့် ဆုတ်ယုတ်သွားမည်ဖြစ်သည်။
                  မုတ်သုန်ရာသီအတွင်း မိုးရွာသွန်းမှု၏ ၇၀ ရာခိုင်နှုန်းသည် ဂင်္ဂါမြစ်နှင့် ဗြဟ္မ
ပုတ္တရမြစ်အတွင်းသို့ စီးဝင်ပြီး ယင်းမှာ ရေခဲမြစ်များ အရည်ပျော်သော အဓိကအချိန်နှင့်
မြစ်အောက်ပိုင်း မိုးရွာသွန်းမှုများချိန်တို့နှင့် တိုက်ဆိုင်နေသည်။
REF  :   AFP
0 comments
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်မည့်အဖွဲ့များ ပြည်ပ EIA အသိအမှတ်ပြု အဖွဲ့နှင့် ပူးပေါင်းရမည်
                     ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ကိုင်မည့် တတိယအဖွဲ့အစည်းများ
အနေနှင့် ပြည်ပ EIA အသိအမှတ်ပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းသည့် ဖက်စပ်အဖွဲ့အစည်း
အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ လျှောက်ထားနိုင်
ကြောင်း သတင်းရရှိသည်။
                    " မြန်မာပြည်မှာ EIA လက်မှတ်ရ အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းခိုင်ခိုင်မာမာ
မရှိသေးပါဘူး။ အဲဒါကြောင့် ရှိတဲ့လူတွေနဲ့ တွဲပြီးလုပ်သွားလို့ ရပါတယ်။ တွဲပြီးလုပ်ရင်းက
အတွေ့အကြုံရလာမယ်ဆိုရင် ကိုယ်ပိုင်လုပ်လို့ ရပါပြီ" ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး
ဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ဆိုသည်။
                     ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်
ခြင်း လုပ်ထုံးလုပ်နည်းတွင် တတိယအဖွဲ့အစည်း (Third Party) အဖြစ် ဆောင်ရွက်မည့်သူကို
ပြည်ပ ကုမ္ပဏီတစ်ခုတည်းကိုသာ သီးသန့်လုပ်ကိုင်ခွင့်ပေးပါက နိုင်ငံတော်လုံခြုံရေးကြောင့်
တစ်ခုတည်း လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ထို့အတူ ပြည်တွင်းကုမ္ပဏီတစ်ခုတည်းကို
သာ လုပ်ကိုင်ခွင့်ပေးပါက အရည်အချင်းပြည့်မှီမှုမှာ လိုအပ်ချက်များ ရှိနိုင်သောကြောင့် ပူးတွဲ
လုပ်ဆောင်ခြင်းကို အားပေးကြောင်း ဦးနေအေးက ဆိုသည်။
                    ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်လိုသည့် တတိယ
အဖွဲ့အစည်းများသည် ဒေသတစ်ခုခုတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်း လုပ်
ဆောင်ထားသည့် လုပ်ငန်းအတွေ့အကြုံ၊ ဆောင်ရွက်သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များ၊
လုပ်ကိုင်ဆောင်ရွက်မှုများကို အသေးစိတ်ရေးကာ လျှောက်ထားရမည်ဖြစ်သည်။
မဆောင်ရွက်ပေးနိုင်သော်လည်း ၀န်ကြီးဌာနက တင်ပြချက်ကို အသိအမှတ်ပြုသည့် 
လက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။
                  ယခုပြည်တွင်းရှိ EIA ဆန်းစစ်ခြင်း လုပ်ဆောင်လိုသည့် ပြည်တွင်းအဖွဲ့အစည်း
များနှင့် ပူးပေါင်းမှတ်ပုံတင်ခြင်းများကို ပြုလုပ်နေသည်။
                  မကြာမီ ထွက်ရှိလာမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေအရ EIA
မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ပြည်တွင်းရှိ သယံဇာတ တူးဖော်သည့်
လုပ်ငန်းများက သက်ဆိုင်ရာ ၀န်ကြီးဌာန ရုံးများမှတဆင့် တင်ဒါခေါ်ခြင်းများကို ယခုနှစ်
အတွင်း စတင်ကြေငြာနေပြီဖြစ်သည်။
၇ ရက်သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။ 
Wednesday, August 7, 2013 0 comments
မြောက်ဝင်ရိုးစွန်း အာတိတ်ရေခဲပြင် အရည်ပျော်မှု ကမ္ဘ္ဘ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်
                   ကမ္ဘ္ဘ္ဘာ့မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင် ရေခဲပြင်အရည်ပျော်မှုကြောင့်
မီသိန်းဓာတ်ငွေ့ထွက်ရှိမှုများ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘ္ဘ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊
ထိုသို့ ဖန်လုံအိမ်အာနိသင် ထွက်ရှိမှုကြောင့် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း
နယ်သာလန်သိပ္ပံပညာရှင်များက သုံးသပ်ပြောကြားသည်။
                  မီသိန်းထုတ်လွှတ်မှု ပိုမိုများပြားလာသဖြင့် ကမ္ဘ္ဘ္ဘာ့အပူချိန်တိုးမြင့်လာပြီး
ရာသီဥတုပြောင်းလဲလာမှုများ၏ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း
၎င်းတို့က ပြောကြားသည်။ အာတိတ်ဒေသတွင် ရေခဲများ အရည်ပျော်မှု၊ ကွဲအက်မှုများနှင့်
မီသိန်းဓာတ်ငွေ့များ ထွက်ရှိမှုများသည် ရာသီဥတုအပေါ် ထိခိုက်စေပြီး ကမ္ဘ္ဘ္ဘာ့စီးပွားရေးတွင်
အမေရိကန်ဒေါ်လာ ထရီလီယံ ၆၀ ခန့် ထိခိုက်ဆုံးရှုံးနိုင်သည်ဟု ဆို၏။
                  အဆိုပါ ငွေကြေးပမာဏသည် ၂၀၁၂ ခုနှစ် တစ်ကမ္ဘ္ဘ္ဘာလုံးစီးပွားရေး၏
ငွေကြေးပမာဏခန့် ရှိကြောင်း၊ ထိုသို့ ဆိုးကျိုးများကို ဖွံဖြိုးဆဲနိုင်ငံများက ပိုမိုခံစားရနိုင်
ကြောင်း ၄င်းတို့က သုံးသပ်ထားသည်။ ယင်းအကျိုးသက်ရောက်မှုသည် လာမည့်နှစ်များ
အတွင်း အပူချိန်မြင့်တက်လာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သဘာဝ
သိပ္ပံဂျာနယ်တွင် ရေးသားထားသည်။
                  မြောက်ဝင်ရိုးစွန်း ရေခဲပြင်အောက်ရှိ အမြဲအေးခဲနေသော မြေလွှာတွင်
မီသိန်းဓာတ်ငွေ့အများအပြား စုဖွဲ့ဖြစ်တည်နေပြီး ပင်လယ်အောက်ရှိ သဘာဝဒြပ်ထုများတွင်
လည်း အများအပြား တည်ရှိနေသည်။ မီသိန်းဓာတ်ငွေ့သည် ဖန်လုံအိမ်အာနိသင်ကို အင်အား
ဖြစ်ပေါ်စေသည့် ဓာတ်ငွေ့ဖြစ်ကြောင်း ၊လေထုအတွင်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း
တဖြည်းဖြည်း တိုးမြင့်လာသည်ကို တွေ့ရကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။
REF  :   BBC  
Monday, August 5, 2013 0 comments
အကြမ်းဖက်မှု မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆက်နွယ်နေနိုင်ကြောင်း သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
             ရာသီဥတု ပူနွေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှု မြင့်တက်ဆက်နွယ်နေနိုင်
ကြောင်း Science ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် အမေရိကန်သိပ္ပံပညာရှင်များ၏ လေ့လာ
တွေ့ရှိမှုက သုံးသပ်ခဲ့သည်။
              အပူချိန် အနည်းငယ် ပြောင်းလဲရုံမျှ ၊ မိုးရေချိန်အနည်းငယ် ပြောင်းလဲရုံမျှနှင့်
အကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများ ၊ လူသတ်မှုများ မြင့်တက်ခြင်း ၊ စစ်ပွဲများ ၊ အုပ်စုဖွဲ့
ပဋိပက္ခများ မြင့်တက်ခြင်းတို့ ဆက်နွယ်နေကြောင်း ပရင်စတန်တက္ကသိုလ်နှင့် ဘာကလေ
ကာလီဖိုးနီးယားတက္ကသိုလ် သုတေသန ပညာရှင်များက သတိပေးခဲ့သည်။ လက်ရှိရာသီ
ဥတုပြောင်းလဲမှုအတိုင်းဆိုပါက ကမ္ဘာသည် အကြမ်းဖက်မှုများ ပိုများလာနိုင်သော နေရာ
တစ်ခုဖြစ်လာဖွယ် ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
               ကာလီဖိုးနီးယားတက္ကသိုလ်က မာရှယ်ဘက်က " ကျနော်တို့ စောင့်ကြည့်ခဲ့တဲ့
ကမ္ဘာ့တိုက်ကြီးအားလုံးနဲ့ အချိန်တိုင်းမှာ ဆက်နွယ်မှုတစ်ခု ဖြစ်နေပါတယ်။ ရာသီဥတုပြောင်း
လဲမှုနဲ့ ပဋိပက္ခတွေကြား ကျနော်တို့ တွေ့ခဲ့တဲ့ ဆက်နွယ်မှုက ကြီးမားပါတယ်" ဟု ပြောကြား
ခဲ့သည်။
               သုတေသနပညာရှင်များသည် ကမ္ဘာတစ်ဝှမ်းမှ လေ့လာမှုပေါင်း ၆၀ ကို စူးစမ်းခဲ့
ရာ နှစ်ပေါင်းရာနှင့်ချီကြာသော အချက်အလက်များ ပါဝင်ခဲ့ကြောင်း သိရသည်။
               အိန္ဒိယတွင် မိုးခေါင်ရေရှားသည့် ကာလ၌ အိမ်တွင်းအကြမ်းဖက်မှုများ မြင့်တက်
ခဲ့ပြီး အမေရိကန်တွင် အပူလှိုင်းဖြတ်စဉ် အဓမ္မပြုကျင့်မှုနှင့် လူသတ်မှုများ မြင့်တက်ခဲ့ကြောင်း
အချက်အလက်များက ဖော်ပြခဲ့သည်။ ဥရောပတွင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားမှုနှင့် အာဖရိ
တွင် ပြည်တွင်းစစ်များ ဖြစ်ပွားမှုသည် အပူချိန်မြင့်တက်မှုနှင့် ဆက်နွယ်နေကြောင်း လေ့လာ
တွေ့ရှိမှုက တင်ပြခဲ့သည်။
              ရာသီဥတုပြောင်းလဲမှုနှင့် အကြမ်းဖက်မှု ဆက်နွယ်ခြင်းကို နားလည်ရန် ကြိုးပမ်းနေ
ကြကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ " အဓိကကျတဲ့အချက်တစ်ချက်က
တော့ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ရာသီဥတုပြောင်းလဲရင် ကမ္ဘာတ၀န်း
က စီးပွားရေးအခြေအနေကို သက်ရောက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အထူးသဖြင့်
ကမ္ဘာရဲ့  စိုက်ပျိုးရေးအခြေခံနေရာတွေမှာပါ "  ဟု မစ္စတာဘက်က ပြောကြားခဲ့သည်။
               ကမ္ဘာ့အပူချိန်သည် ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နိုင်ဖွယ်ရှိရာ အချို့ ဒေသများတွင်
အုပ်စုဖွဲ့ပဋိပက္ခ ၅၀ ရာခိုင်နှုံးခန့် မြင့်တက်နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
REF; AFP
Weekly Eleven Journal ပါ ပြဇာတ်ဖြစ်ပါသည်
;