အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသား
ပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့ 
ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ခြိမ်းခြောက်မှုများ ရှိကြောင်း အာဏာပိုင်များ
က သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ တောမီးကြောင့် နိုင်ငံပိုင် မြေဧက
၁၃၃၉၈၀ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း Inci သတင်းဝက်ဘ်ဆိုဒ်၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။
ထို့ပြင် ၄င်းတောမီးသည် သြဂုတ် ၁၇ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား ယခုတိုင် မသိရသေးကြောင်းနှင့်
မီးသတ်သမား ၂၈၀၀ ကျော်သည် ရဟတ်ယာဉ်များ၊ လေယာဉ်များ အသုံးပြု၍ ငြှိမ်းသတ်နိုင်
ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။
Showing posts with label ပြည်ပဇာတ်ထုတ်. Show all posts

ပြည်ပဇာတ်ထုတ်,
ပြည်ပရေးရာ
0
comments
အဖြူနှင့် အညိုရောင်စပ် ရှားပါးသော ပန်ဒါဝက်ဝံကို တရုတ်ထုတ်ဖော်ပြသ
ပန်ဒါဝက်ဝံကြီးများမှာ မျက်မှောက်ခေတ်တွင် ရှားပါးသော ၀က်ဝံအမျိုးအစားများ
ဖြစ်သော်လည်း တရုတ်နိုင်ငံ ရှန်ရှီပြည်နယ်တွင် ပြသခဲ့သော ချီဇိုင်အမည်ရှိ အညိုနှင့် အဖြူ
ရောင်စပ်ထားသည့် ပန်ဒါဝက်ဝံမှာ အလွန်ရှားပါးသည့် ပန်ဒါဝက်ဝံဖြစ်လာခဲ့ကြောင်းသိရသည်။
ချီဇိုင်ပန်ဒါဝက်ဝံသည် ကမ္ဘာ့အရှားပါးဆုံး ပန်ဒါဝက်ဝံဖြစ်ပြီး ၄င်းအား တရုတ်နိုင်ငံ
အနောက်မြောက်ပိုင်းရှိ ရှားပါးတောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးနှင့် သုတေသနဌာနတွင်
ထားရှိပြသထားခြင်း ဖြစ်သည်။
၎င်းပန်ဒါဝက်ဝံကို ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌
နှစ်လသားအရွယ်တွင် ရှာဖွေတွေ့ရှိပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၀က်ဝံ၏ အရောင်မှာ အဖြူနှင့် အညိုရောင် စပ်ထားသော အရောင်
ဖြစ်သော်လည်း ၄င်း၏ မိခင်ဖြစ်သူမှာမူ သာမန်ပန်ဒါဝက်ဝံများကဲ့သို့ အဖြူနှင့် အနက်ရောင်
ကိုသာ ပိုင်ဆိုင်ထားသည်။
ယင်းဝက်ဝံ၏ အရောင်သည် အဖြူနှင့် အညိုရောင် စပ်ထားရသည့် အကြောင်း
ရင်းမှာ မျိုးရိုးဗီဇနှင့်ဆိုင်သော သန္ဓေပြောင်းလဲမှုကြောင့်ဟု သုတေသီများက ယူဆထားပြီး
၎င်းအား လာမည့်နှစ်တွင် သားဖောက်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။

ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်ပဇာတ်ထုတ်,
ပြည်ပရေးရာ
0
comments
ကင်ညာတိရစ္ဆာန်ရုံမှ ကြံ့ကို သတ်ဖြတ်၍ ဦးချို ခိုးယူ
သြဂုတ် ၁၃
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ တော်အနီးရှိ လုံခြုံမှုအရှိဆုံး အပန်းဖြေဥယျာဉ်များ
၌ အပါအ၀င်ဖြစ်သော တိရစ္ဆာန်ရုံတစ်ရုံတွင် သားကောင်ခိုးဖမ်းသူများက ကြံ့ဖြူတစ်ကောင်
ကို ပစ်သတ်သွားခဲ့သည်။
ယခုဖြစ်ရပ်သည် ခြောက်နှစ်တာကာလအတွင်း နိုင်ရိုဘီအမျိုးသားဥယျာဉ်၌
ပထမဆုံး သတ်ဖြတ်ခံရမှုဖြစ်ကြောင်း ကင်ညာတောရိုင်းတိရစ္ဆာန်ဌာန၏ ပြောရေးဆိုခွင့်
ရှိသူ ပေါလ်အူဒိုတိုက ပြောကြားသည်။ သားကောင်ခိုးဖမ်းသူများသည် သြဂုတ် ၉ ရက်တွင်
ကြံ့ကို သတ်ဖြတ်၍ ၄င်း၏ ဦးချိုကို ယူဆောင်သွားကြကြောင်း အဆိုပါ ပုဂ္ဂိုလ်၏ ပြော
ကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
၂၀၁၃ ခုနှစ်အတွင်း ကင်ညာနိုင်ငံ၌ ယခုအချိန်ထိ ကြံ့စုစုပေါင်း ၃၅ ကောင်
သတ်ဖြတ်ခံထားရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သတ်ဖြတ်ခံရသော ကြံ့ကောင်ရေမှာ
၂၉ ကောင် ရှိခဲ့ကြောင်း သူကဆိုသည်။ နိုင်ရိုဘီအမျိုးသားဥယျာဉ်သည် ကင်ညာနိုင်ငံ
မြို့ တော်၏ မြို့ လယ်မှ ၄ မိုင်သာ ကွာဝေးသော နေရာတွင် တည်ရှိသည်။
အာဖရိကတိုက်တွင် လွန်ခဲ့သောနှစ်များအတွင်း ကြံ့နှင့်ဆင်နှစ်မျိုးစလုံးကို
ပစ်ခတ်သတ်ဖြတ်ခိုးယူမှုများ များပြားလာသည်ကို တွေ့ရသည်။ သတ်ဖြတ်ခိုးယူခံရ
သော ကြံ့ချိုအများစုသည် ရိုးရာတိုင်းရင်းဆေးဈေးကွက်ရှိသော အရှေ့ တောင်အာရှသို့
ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းဒေသ၌ ကြံ့ချိုသည် ရောဂါကုသနိုင်သော အစွမ်းရှိသည့်
အရာများ ပါဝင်သည်ဟု သိပ္ပံနည်းကျ အထောက်အထားများ မရှိသော်လည်း ယုံကြည်
နေကြကြောင်း သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက သံသယရှိနေကြသည်။
တကယ်တမ်းတွင် ကြံ့ချိုသည် လူ့လက်သည်းခွံတွင် ပါဝင်သော ဒြပ်ပစ္စည်းများဖြင့်ပင်
ဖွဲ့စည်းထားခြင်းဖြစ်သည်။

Sunday, August 25, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး,
ပြည်ပဇာတ်ထုတ်
0
comments
သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရုတ်ကုမ္ပဏီ၏ လုပ်ငန်းအားလုံးကို ချဒ်နိုင်ငံက ရပ်ဆိုင်း
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားစေလျက်ရှိခြင်းကြောင့် တရုတ်
အစိုးရပိုင် ရေနံကုမ္ပဏီတစ်ခု၏ လုပ်ငန်းအားလုံးကို ချဒ်နိုင်ငံအနေနှင့် ရပ်ဆိုင်းထားလိုက်ကြောင်း
ချဒ်ရေနံဝန်ကြီးက ပြောကြားသည်။
သစ်တောတစ်ခုအနီးရှိ ရေနံလုပ်ကွက်များတွင် ရေနံယိုဖိတ်မှုတစ်ခုအတွက်
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) တွင် တာဝန်ရှိကြောင်း ရေနံဝန်ကြီး ဒီဂျာ
ရတ်ဆင်မ်လီဘီမက်ဂျဲလ်က ဆိုသည်။ ဖြစ်ပေါ်နေသော အခြေအနေမှာ သည်းခံနိုင်စရာ
မရှိကြောင်း သူကပြောဆိုခဲ့ပြီး မည်မျှကြာကြာ လုပ်ငန်းများ ရပ်ဆိုင်းထားမည် ဟူသော
အချက်ကို ရှင်းလင်းသွားခြင်း မရှိပေ။
အဆိုပါ ကုမ္ပဏီသည် ချဒ်နိုင်ငံမြို့ တော် အင်န်ဒီဂျာမီနာ၌လည်း ရေနံချက်
စက်ရုံတစ်ရုံကို လည်ပတ်လျက်ရှိသည်။ ချဒ်နိုင်ငံသည် ၄င်း၏ ရေနံလုပ်ကွက်များမှ အတ္တ
လန္တိတ်ကမ်းရိုးတန်းဆိပ်ကမ်းများသို့ ဆက်သွယ်သော အမေရိကန်ဒေါ်လာ ၄ ဘီလီယံ
ကုန်ကျသည့် ရေနံပိုက်လိုင်း သွယ်တန်းပြီးစီးခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရေနံထုတ်လုပ်သည့်
နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့သည်။ ချဒ်ရေနံဝန်ကြီးသည် မြို့ တော်တောင်ဘက်
၁၂၅ မိုင်ခန့်ကွာဝေးသော CNPC ကုမ္ပဏီ၏ ရေနံတူးဖော်ရာဒေသသို့ တရားဝင်သွားရောက်
ခဲ့ပြီးနောက် ယင်းကဲ့သို့ တရုတ်ကုမ္ပဏီ၏ ရေနံလုပ်ငန်းကို လုံးဝရပ်ဆိုင်းထားရန် ဆုံးဖြတ်
ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ရေနံဝန်ကြီးက
တရုတ်ကုမ္ပဏီကြောင့် သစ်ပင်များ မည်သို့မည်ပုံ ပျက်စီးဆုံးရှုံးကုန်သည့် အချက်ကို
ဖော်ပြ၍ " ဒါဟာ အရမ်းဆိုးဝါးတဲ့ အခြေအနေတစ်ရပ်ပဲ။ ဒါဟာ သည်းမခံနိုင်စရာပဲ" ဟု
ပြောဆိုသွားသည်။
ယခုကဲ့သို့ ချိုးဖောက်ဖျက်ဆီးမှုများသည် ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း
သူက ပြောကြားလိုက်ပြီး ရေနံထုတ်လုပ်မှုနယ်ပယ်၌ ယင်းသို့ မလုပ်ရန် သတိပေးခဲ့
သည်။ တရုတ်ရေနံတူးဖော်ရေးအဖွဲ့သည် ကြီးမားသော တူးမြောင်းများ တူးဖော်၍
ယင်းမြောင်းများထဲသို့ ရေနံများ စီးဆင်းစေကြောင်း၊ ထို့နောက် ယင်းအရာများကို
ဒေသခံအလုပ်သမားများအား အကာအကွယ်ပစ္စည်းများမပါဘဲ ဖယ်ရှားခိုင်းကြောင်း
ဝန်ကြီးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီမှ မန်နေဂျာ
ကို ချိုးဖောက်ဖျက်ဆီးမှုအတွက် တာဝန်ရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု
သူက အေအက်ဖ်ပီသို့ ပြောကြားသည်၊

ဆူဒန်ရေဘေး လူ ၄၈ ဦး သေဆုံးကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော် ထိခိုက်
ဆူဒန်နိုင်ငံတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသဖြင့် လူ ၄၈ ဦး သေဆုံးခဲ့ရပြီး
ဖြစ်ကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော်၏ နေ့စဉ်ဘ၀များ ခက်ခဲလျက်ရှိကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ဖော်ပြ
ထားသည်။
ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေးအဖွဲ့အစည်းက အဆိုပါ ကြေညာ
ချက်ကို ထုတ်ပြန်နေစဉ်၌ပင် မြို့ တော်ချက်တွန်းနှင့် အနီးတ၀ိုက်တွင် မိုးကြိုးမုန်တိုင်းများ ပစ်
ချခြင်း၊ လေထန်မိုးကြီးနေခြင်းတို့ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေရာ ပြီးခဲ့သည့် ၂၅ နှစ်အတွင်း
ဆူဒန်၏ အဆိုးဝါးဆုံး ရေဘေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" ဆူဒန်တွင် မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ကြောင့် အိမ်ထောင်စု
၆၅၉၅၇ စု သို့မဟုတ် လူဦးရေ ၃၂၀၀၀၀ တို့၏ ဘ၀နှင့် ပိုင်ဆိုင်မှုများကို ထိခိုက်ခဲ့ရကြောင်း"
ဟု WHO က အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်။
၄၈ ဦးသေဆုံးထားပြီး ၇၀ ဦး ဒဏ်ရာရရှိထားကာ တိုင်းပြည်၏ ပြည်နယ်
၁၈ ခုအနက် ၁၄ ခုမှာ ရေဘေးသင့်နေသည်ဟု ပြီးခဲ့သည့် သြဂုတ် ၂၁ ရက် သတင်းများ
အရ သိရသည်။
ပြည်ထဲရေးဝန်ကြီး အီဘရာဟင်မာမွတ်ဟာမက်က သေဆုံးသူဦးရေမှာ
ယခုထက် ပိုများနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
အိမ်သာအလုံးရေပေါင်း ငါးသောင်းသုံးထောင်ပျက်စီးခဲ့ရသောကြောင့်
ကျန်းမာရေးအတွက် စိုးရိမ်ရမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း WHO ကဆိုသည်.။
နိုင်းလ်မြစ်ရေသည်လည်း အထူးမြင့်တက်လျက်ရှိပြီး မြို့ ပြဒေသများ
တွင်လည်း မြစ်ရေကြီးမှုပြသနာများ ရင်ဆိုင်နေရသည်။
မြစ်ရေတက်လာသောကြောင့် စိုက်ပျိုးရေးခင်းများလည်း ထိခိုက်ခဲ့
ရသည်ဟု ဆူဒန်မှ AFP သတင်းထောက်များက ပြောကြားကြသည်။
"အလွန်ကြီးမားတဲ့ သဘာဝ ဘေးဒဏ်ကြီးဖြစ်ပါတယ်" ဟု
ကုလသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီပေးရေး
လုပ်ငန်းများညှိုနှိုင်းရေးမှူး မာ့ခ်ကတ်စ်က ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံသည် စစ်ဒဏ်ကိုလည်း အကြီးအကျယ်ခံခဲ့ရသည့်
နိုင်ငံဖြစ်ကာ ရေမြုပ်သည့် တောင်ပိုင်းကော်ဒိုဖန်ဒေသနှင့် ဘလူးနိုင်းလ်မြစ်ဝှမ်းဒေသ
သည် ယခင်က စစ်ဘေးဒဏ်သင့်ဒေသများ ဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၁၆၀၀၀ မုန်တိုင်းဒဏ်ခံခဲ့ရ
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက်
ဝင်ရောက်တိုက်ခတ်ခဲ့သည့် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၁၆၀၀၀ မုန်တိုင်းဒဏ်
ခံခဲ့ရပြီး၃၀၉၀၀ ကိုမူ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ဒေသတွင်း အာဏာပိုင်များက
သြဂုတ် ၂၄ ရက်တွင် ပြောကြားထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီရင်စု ၁၄ ခု၊မြို့ များနှင့် ခရိုင်များတွင်
အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ၃၆၁၀၀၀ ခန့်မှာ မုန်တိုင်းဒဏ်ခံခဲ့ရရုံသာမက လူပေါင်း
၃၀၉၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း မုန်တိုင်းဒဏ်ကြောင့် သီးနှံစိုက်ခင်း
ဟက်တာ ၁၃၃၅၀ ခန့် ပျက်စီးခဲ့ပြီး အိမ်ပေါင်း ၁၅၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။

Tuesday, August 20, 2013
ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်ပဇာတ်ထုတ်,
ပြည်ပရေးရာ
0
comments
ယီမင်နိုင်ငံတွင် မင်္ဂလာဆောင်ပြန်သတို့သမီးကား တောင်ကျချောင်းထဲမျော...၂၇ ဦးသေဆုံး
ယီမင်နိုင်ငံတောင်ပိုင်း မုတ်သုန်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျ
ချောင်းတစ်ခုအတွင်း မိုးရေများ ဒလဟောစီးဆင်းလျှက်ရှိသည်။ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှ
ပြန်လာသော ကားများ ဖြတ်သွားခဲ့ရာ ရေစီးအတွင်း မျောပါသွားသဖြင့် အနည်းဆုံး ၂၇ ဦး သေဆုံး
ပြီး ၄၁ ဦးထက်မက ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၁၇ ရက်တွင်
ပြောကြားသည်။
သေဆုံးသူအများစုသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ ယင်းတို့
သည် သတို့သမီးနှင့်အတူ ကားသုံးစီးအတွင်း ခြံရံလိုက်ပါလာခဲ့ကြသည်။ ရှာရက်ခရိုင်တိုက်ဇ်နှင့်
အစ်ဘ်ပြည်နယ်အကြား ၀ါဒီနက်ခ်လာချောင်းကို ဖြတ်ကူးပြီး နေအိမ်သစ်ဆီသို့ အသွား ရေစီးထဲ
မျောပါသွားခဲ့သည်။ သို့သော် သတို့သမီးသည် ထိခိုက်ဒဏ်ရာသာ ရပြီး အသက်ရှင်လျက် ရှိသည်
ဟု ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
လူရှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာသတင်းတွင် ဖော်ပြသည်။

ပြည်ပရေးရာ,
ရာသီဥတု ဖောက်ပြန်မှု
0
comments
အလက်စကာနွေ တောမီးလောင်ကျွမ်းမှု မီးခိုးနှင့် ရေကြီးမှုတို့ကြုံရ
အလက်စကာ ဒေသခံပြည်သူများအဖို့ သာမန်မဟုတ်ဘဲ ထူးထူးခြားခြား
နွေဥတုဖြစ်စဉ်များဖြစ်သော နွေးထွေး၍ နေရောင်တောက်ပသော နွေဥတုကြောင့် ပျော်ရွှင်
ကြည်နူးခဲ့ကြရသော်လည်း တောမီးများ ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်းခြင်းကြောင့် မီးခိုးများ
ဖြင့် မွှန်ထူမွန်းကြပ်ခြင်း၊ နှင်းများနှင့် ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်မှုကြောင့် မြစ်များ
ရေလျှံခြင်းနှင့် အယ်လ်ဂျေးနှင့် ရေမှော်များ ထူထပ်ခြင်းတို့ကြောင့် ငါးဖမ်းလုပ်ငန်းများ
ထိခိုက်ခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။
ယခုနှစ်နွေရာသီအတွင်း အလက်စကာပြည်နယ်တခွင် တောမီးလောင်
ကျွမ်းမှု အကျယ်အ၀န်းမှာ ဧက ၁.၂၅ သန်းထိ ရှိခဲ့သည်။ သြဂုတ် ၁၆ တစ်နေ့တည်းတွင်
တောမီးလောင်ကျွမ်းမှု ၇၀ ရှိရာ ဖဲယားဘန့်အရှေ့ တောင်ဘက် ၉၅ မိုင်ခန့်အကွာ မြစ်ဝ
ကျွန်းပေါ် လမ်းဆုံအနီး ၅၇၈၇၀ ဧက လောင်ကျွမ်းမှုလည်း ပါဝင်သည်။
အဆိုပါဒေသအနီး နေထိုင်သူ ဒေသခံများအား မီးခိုးငွေ့များကြောင့်
အိမ်တွင်း၌သာ နေထိုင်ကြရန် ယခုရက်သတ္တပတ်စောစောပိုင်းက အကြံပေးတိုက်တွန်း
ထားရသည်။ အလက်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အဆိုအရ လေထု
အရည်အသွေးမှာ ကျန်းမာရေးကို အလွန်ထိခိုက်စေသည့် ဒုတိယအဆင့် အဆိုးရွားဆုံး
အခြေအနေတွင် ရှိနေသည်။
ယခုနှစ် တောမီးရာသီမှာ ကြီးကြီးမားမား၊ အကြိမ်ရေများများနှင့် ပို၍
ကြာကြာလောင်ကျွမ်းသည့်ပုံစံဖြစ်သည်ဟု အလက်စကာပြည်နယ် အမျိုးသား မိုးလေ
ဝသဌာနမှ ရာသီဥတုသိပ္ပံမန်နေဂျာ ရစ်ခ်သောမန်က ပြောကြားသည်။ အလက်စကာတွင်
၁၉၈၈ နောက်ပိုင်း နွေရာသီ ၁၁ ခု၌ ဧက တစ်သန်းကျော် တောမီးလောင်ကျွမ်းခဲ့ပြီး
ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ်မှုကြောင့်
မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မနီလာမြို့ ရှိ ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ရှယ်ယာ
ဒိုင်တို့ကို သြဂုတ် ၁၉ ရက်က ပိတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ မိုးရွာသွန်းမှုသည် သြဂုတ် ၁၈ ရက် တစ်ညလုံးနှင့် ၁၉ ရက်
နံနက်ပိုင်းအထိ ပြင်းထန်စွာ ဆက်လက်ရွာသွန်းခဲ့ပြီး မနီလာမြို့ ရှိ အချို့ လမ်းများနှင့် အဝေးပြေး
လမ်းမကြီးတို့ပေါ်တွင် ခါးအထိ အနက်ရှိသော အမှိုက်သရိုက်ပြည့်နေသည့် ရွှံ့ရေများကြောင့်
ပြည်သူ့ပို့ဆောင်ရေးလုပ်ငန်းမှ ပုံမှန်ခရီးဝေးပြေးဆွဲမှု လုပ်ငန်းအချို့ ကို ဆိုင်းငံ့ထားသည်ဟု
သိရသည်။
ယင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများကို အတိအကျ သတင်း
ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လူဇွန်ကျွန်းမြောက်ဘက်ရှိ တောင်ထူထပ်သော ဒေသမှ
ဒေသခံ ၂၀၀ ကျော်ကို မြေပြိုမှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဘေးကင်းရာသို့ ပြောင်းရွှေ့ 
ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်င်္ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ရေကြီး၊ သေဆုံးသူ ၅၄ ဦးထိရှိ
တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း လျောင်နင်းပြည်နယ် ဖူကျန်မြို့ ၌ ဆယ်စုနှစ်
များအတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်
နံနက်ပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များ အဆိုအရ သေဆုံးသူ ၅၄ ဦးထိ ရှိသွားပြီဟု ဆင်ဟွာ
သတင်းတွင် ဖော်ပြခဲ့သည်။
လျောင်နင်းပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများမှာ ပြီးခဲ့သည့် သြဂုတ်
၁၅ ရက်မှ သြဂုတ် ၁၈ ရက်အထိ ဖြစ်ပေါ်ခဲ့ပြီး ဖူကျန်မြို့ ရှိ မြစ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်
လျက်ရှိကြောင်း လျောင်နင်းပြည်နယ်ဒေသရှိ တာဝန်ရှိသူများက ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေလွှမ်းမိုးကြုံခဲ့ရပြီး မီးရထား၊
ကားသွားလာရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ ရေကြီးရေလွှမ်းမှုများကို တရုတ်နိုင်ငံ လျောင်နင်းပြည်နယ်၊ ကျီကျန်း
ပြည်နယ်၊ဟေလောင်ကျန်ပြည်နယ်တို့၌ အဓိက ခံစားခဲ့ကြရသည်ဟု သိရသည်။

Wednesday, August 14, 2013
ပြည်ပဇာတ်ထုတ်
0
comments
အမှောင်ထဲတွင် အလင်းရောင်ထွက်ပေါ်စေနိုင်သည့် ယုန်များကို သုတေသီများ တီထွင်ဖန်တီး
အမေရိကန်နှင့် တူရကီနှစ်နိုင်ငံမှ သုတေသနပညာရှင်များသည် အမှောင်ထဲ
တွင် အလင်းရောင်ထွက်စေနိုင်သည့် ယုန်လေးနှစ်ကောင်ကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်
ခဲကြပြီး ယခင်ကလည်း မျောက်များ၊ ကြောင်ပေါက်စလေးများနှင့် ၀က်ပေါက်လေးများကဲ့သို့
တိရစ္ဆာန်လေးများကို အလင်းရောင်ထွက်သော တိရစ္ဆာန်များအဖြစ် အခြားသော သုတေသန
ပညာရှင်များက တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် သုတေသနပညာရှင်များသည် တိရစ္ဆာန်လေး
များ၏ ခန္ဓာကိုယ်အတွင်းသို့ ပင်ကိုဗီဇမဟုတ်သော မျိုးရိုးဗီဇပစ္စည်းတစ်မျိုးကို ထည့်သွင်းခြင်း
ဖြင့် ယုန်ငယ်များ၏ ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်ထွက်စေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
ထို့ကြောင့် မျိုးရိုးဗီဇတစ်မျိုး ထည့်သွင်းစမ်းသပ်ထားသည့် ယုန်လေးနှစ်ကောင်
၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမှောင်ထဲတွင် LED မီးသီးကဲ့သို့ လင်းလက်တောက်ပနေသည်
ကို မြင်တွေ့ရကြောင်း ဟာဝိုင်အီတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာ စတီဗင်မွိုက်
ယဒီက ပြောကြားခဲ့သည်။

Sunday, August 11, 2013
ကပ်ကြီးသုံးပါး ဇာတ်တော်ကြီး,
ပြည်ပဇာတ်ထုတ်
0
comments
ကနေဒါညီအစ်ကို နှစ်ဦး စပါးအုံးမြွေသတ်၍သေ
ကနေဒါနိုင်ငံတွင် ညီအစ်ကိုနှစ်ဦး တိရစ္ဆာန်အရောင်းဆိုင်အပေါ်ထပ်ရှိ သူငယ်
ချင်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် လွတ်မြောက်လာသော စပါးအုံးမြွေတစ်ကောင်၏ သတ်ဖြတ်
မှုကြောင့် သေဆုံးရကြောင်း သြဂုတ် ၁၁ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။
အဆိုပါ ညီအစ်ကိုနှစ်ဦးကို နယူးဘရန်းဆွစ်ပြည်နယ် ကမ့်ဘယ်တန်မြို့ ရှိ
တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်၏ အပေါ်ထပ်၌ တနင်္လာနေ့နံနက်ပိုင်းက သေဆုံးလျက်
တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ယင်းတို့သည် အသက်ခြောက်နှစ်အရွယ်ရှိ ကော်နာဘာတေးနှင့် အသက်
လေးနှစ်အရွယ်ရှိ နိုအာတို့ဖြစ်ကြသည်။ ယင်းတို့ ညီအစ်ကိုနှစ်ဦးအား မိဘများက တစ်နေရာ
တည်းတွင် မြှပ်နှံရန် လိုလားကြသည်။
၁၄ ပေရှည်သော အဆိုပါမြွေကြီးသည် မှန်လှောင်အိမ်ကို ဖောက်ထွက်ပြီး
မျက်နှာကြက်မှတဆင့် ကလေးများ အိပ်ပျော်နေသော ဧည့်ခန်းအတွင်း ၀င်ရောက်ခဲ့သည်
ဟု သိရသည်။

အိန္ဒိယ၌ မိသားစုဝင်ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှုအပေါ် လက်စားချေသည့်အနေဖြင့် နေအိမ်များဖျက်ဆီး
အိန္ဒိယနိုင်ငံအရှေ့ ပိုင်း မာတာရီကျေးရွာအနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်
အတွင်းက ရထားတိုက်မှုကြောင့် ဆင်တစ်ကောင်သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဆင် ၁၅
ကောင်ခန့် ပါဝင်သော ဆင်အုပ်တစ်အုပ်သည် ၄င်းတို့၏ အပေါင်းအဖော်သေဆုံးခဲ့သည့်
ရွာသို့ လာရောက်၍ ကလဲ့စားချေသည့်အနေဖြင့် နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရ
သည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏
အစိတ်အပိုင်းအချို့ ကိုလည်း ဖျက်ဆီးခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံများက ဗျောက်အိုး
များ အသုံးပြု၍ အုပ်စုခွဲနိုင်ခဲ့ကြောင်း သိရသည်။
ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါဆင်အုပ်သည် ၄င်းတို့၏ အပေါင်း
အဖော်ဆင် သေဆုံးခဲ့သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း ၊ ဆင်များသည် ယင်းနေရာမှ
ရက်ပေါင်းများစွာ ဖယ်ရှားခြင်းမရှိသည့်အတွက် ရထားခရီးစဉ်များ ရပ်တန့်ခဲ့ရကြောင်း
Times of India တွင် ဖော်ပြထားသည်။ ဆင်များသည် ၄င်းတို့၏ အပေါင်းအဖော် ဒဏ်ရာ
ရရှိခဲ့သည်ဟု ယူဆပြီး ၄င်းကို ကယ်ဆယ်ရန်အတွက် အခင်းဖြစ်ပွားရာနေရာကို ပြန်လာ
ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝအတိုင်း သေဆုံးခဲ့ပါက ၄င်း၏
အပေါင်းအဖော်ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ရွက်များဖြင့် ဖုံးအုပ်
လေ့ရှိကြောင်း တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက
Times of India သို့ ပြောကြားခဲ့သည်။

Subscribe to:
Posts (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact