Share
Sunday, August 11, 2013

ကနေဒါညီအစ်ကို နှစ်ဦး စပါးအုံးမြွေသတ်၍သေ

                    ကနေဒါနိုင်ငံတွင် ညီအစ်ကိုနှစ်ဦး တိရစ္ဆာန်အရောင်းဆိုင်အပေါ်ထပ်ရှိ သူငယ်
ချင်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် လွတ်မြောက်လာသော စပါးအုံးမြွေတစ်ကောင်၏ သတ်ဖြတ်
မှုကြောင့် သေဆုံးရကြောင်း သြဂုတ် ၁၁ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။
                    အဆိုပါ ညီအစ်ကိုနှစ်ဦးကို နယူးဘရန်းဆွစ်ပြည်နယ် ကမ့်ဘယ်တန်မြို့ ရှိ 
တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်၏ အပေါ်ထပ်၌ တနင်္လာနေ့နံနက်ပိုင်းက သေဆုံးလျက်
တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
                    ယင်းတို့သည် အသက်ခြောက်နှစ်အရွယ်ရှိ ကော်နာဘာတေးနှင့် အသက်
လေးနှစ်အရွယ်ရှိ နိုအာတို့ဖြစ်ကြသည်။ ယင်းတို့ ညီအစ်ကိုနှစ်ဦးအား မိဘများက တစ်နေရာ
တည်းတွင် မြှပ်နှံရန် လိုလားကြသည်။
                    ၁၄ ပေရှည်သော အဆိုပါမြွေကြီးသည် မှန်လှောင်အိမ်ကို ဖောက်ထွက်ပြီး
မျက်နှာကြက်မှတဆင့် ကလေးများ အိပ်ပျော်နေသော ဧည့်ခန်းအတွင်း ၀င်ရောက်ခဲ့သည်
ဟု သိရသည်။ 

0 comments:

Post a Comment

 
;