စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့ နယ် ရွှေကျင်ကျေးရွာ
ချင်တွင်းတာပေါင်အမှတ် (ဆမ/၈၇)မှတ်တိုင်အနီးရှိ ထန်းတောကြီးများသည် ယခုအခါ
အုတ်ဖုတ်ရန် ထင်းအဖြစ် နေ့စဉ် ခုတ်လှဲလျက်ရှိရာ ဒေသအလှ ပျက်စီးယိုယွင်းသွားမည်ကို
အညာဒေသခံ ပြည်သူများက အထူးစိုးရိမ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် သစ်ပင်စိုက်ပျိုးရေးကွန်ယက်အဖွဲ့မှ ဦးသက်ထွန်းက ပြောကြားခဲ့သည်။
"အညာဒေသရဲ့ အလှဟာ တမာနဲ့ ထန်းပင်ကြီးများပဲဖြစ်ပါတယ်။ အခုလို
ထန်းပင်ကြီးတွေကို အုတ်ဖုတ်ထင်းအဖြစ် ဆက်လက်ပြီး အသုံးပြုနေမယ်ဆိုရင် မကြာခင်
နှစ်အနည်းငယ်အတွင်းမှာ ထန်းမျိုးသုဉ်းသွားနိုင်တဲ့အခြေအနေမှာ ရှိပါတယ်" ဟု ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ ဒေသတွင် အဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝ
ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမှု အနည်းဆုံးနည်းလမ်းဖြစ်သည့် ပလတ်စတာဘိလပ်အုတ်
(အင်္ဂတေအုတ်)များကို သုံးစွဲမှု အလွန်နည်းပါးပြီး မြေသားမီးဖုတ်အုတ်ခဲများကို မိရိုးဖလာ
နည်းလမ်းအတိုင်း သုံးစွဲလျက်ရှိရာ မြေသားမီးဖုတ်အုတ်လုပ်ငန်းရှင်များမှာ အုတ်မီးဖုတ်ရန်
အတွက် အညာဒေသ၏ အလှဖြစ်သော ထန်းပင်ကြီးများကို ၀ယ်ယူခုတ်လှဲ၍ ထင်းအဖြစ်
အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
" ပုံမှန်အရွယ်အစားဖြစ်တဲ့ ထန်းပင်တွေကို အုတ်ဖိုတွေက ကျပ် ၅၀၀၀ နဲ့
ဝယ်တယ်။ ခုတ်လှဲခွဲစိတ်ခက ကျပ် ၂၅၀၀ ဖြစ်တယ်။ ထန်းပင်အကြီး အသေးပေါ် မူတည်ပြီး
ဈေးနှုန်းကွာခြားချက်တော့ ရှိပါတယ်" ဟု ထန်းပင်ကို ခုတ်လှဲ၍ ထင်းအဖြစ် ဖြတ်တောက်လျက်
ရှိသော ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
အညာဒေသ၏ အလှမြင်ကွင်းဖြစ်သော ဒေသခံများ၏ စားဝတ်နေရေးအတွက်
တစ်ဖက်တစ်လမ်းမှ စွမ်းဆောင်ပေးလျက်ရှိသည့် ထန်းပင်ကြီးများသည် ၄င်းတို့၏ အရွက်များ
ကို လူနေအိမ်များ၏ အမိုးအကာအဖြစ် အသုံးပြုခဲ့ကြပြီး ထန်းရည်များကိုလည်း သကာ၊
ထန်းလျက်အဖြစ် အသုံးပြုကာ မိသားစုဝင်ငွေအတွက် အထောက်အကူပြုပေးလျက်ရှိသည်။
ထိုထက်မက သစ်၊၀ါးရှားပါးလာမှု အခြေအနေများကြောင့် နေအိမ်တည်ဆောက်ရာတွင်
သစ်သားအစားထိုး ထန်းပင်ခွဲသားခြမ်းများကို တွင်ကျယ်စွာ အသုံးပြုနေရသည့် အခြေအနေ
များကိုလည်း ဒေသအချို့ တွင် ကြုံတွေ့နေရကြောင်း သိရပါသည်။
မြ၀တီသတင်းဂျာနယ်(၁.၈.၂၀၁၃) ရက်နေ့ ကပြအသုံးတော်ခံခဲ့သော ပြဇာတ် ဖြစ်ပါသည်။
Wednesday, August 7, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
အညာဒေသ ထန်းမျိုးမသုဉ်းစေရန် သက်ဆိုင်ရာက ထိန်းသိမ်းပေးစေလို
အညာဒေသမှာ ထနောင်းပင်တစ်ပင်ကို ကျပ်ဆယ်သိန်းအထိ ဈေးပေး ဝယ်ယူနေတယ်လို့ သိရပါတယ်။
“ကိုယ့်ဝန်းခြံတွေထဲမှာရှိတဲ့ ထနောင်းပင် ပင်ပျိုတွေဝယ်တာ၊ အကိုင်းအလက် လှရင်လှသလို ဈေးရတယ်၊ အပင်တအား ကြီးတယ်ဆိုရင်တော့ မဝယ်ဘူး”လို့ ပုဂံ ဝက်ကြီးအင်းကျေးရွာမှ ကိုမြင့်သန်းက ဖုန်းနဲ့ ပြောပါတယ်။
ထနောင်းပင်တွေကို လုံးပတ် တစ်ပေ ကျော်လောက်ရှိတဲ့ အပင်တွေအထိ ဝယ် ယူကြ
တယ်လို့ သိရပါတယ်။
“အပင် သုံးပေအကွာလောက် လေးပေလောက်ကနေ အောက်ကိုတူးတယ်၊
ပြီးရင် အပင်ကို ပျဉ်တွေနဲ့ရိုက်ပြီး အောက်ရေသောက်မြစ်ကို ဖြတ်လိုက်တယ်၊ တစ်ပတ်လောက်ထားတယ်၊ ရှင်တယ်ဆိုရင် ဝယ်တယ်၊ သေသွားရင် ထင်းဖြစ်သွားတယ်”လို့ ကိုမြင့်သန်းက ပြောပါတယ်။
အရမ်းမကြီးတဲ့အပင်တွေကို စမ်းပြီး တူးကြပေမဲ့ သေဆုံးတာများတယ်လို့ သိရပါတယ်။ တချို့ပွဲစားတွေပြောတာကတော့ မရှင်လို့သေသွားရင် အရက်ချက်စက်ရုံကို ရောင်းစားတယ်လို့ ညောင်ဦးဈေးက ကိုစိုးသန်းလင်းကလည်း ပြောပါတယ်၊
“အညာဒေသရဲ့အလှက ထနောင်း တဲ့၊ ခုဆိုရင် ကျောက်ပန်းတောင်းဘက်
သွားတဲ့ ကားလမ်းတစ်လျှောက် တူးနေကြတယ်၊ တကယ်ပြန်စိုက်ဖို့ဆိုတာ မလွယ်ဘူး၊
နှစ် ၂၀ လောက် အနည်းဆုံးစိုက်ရတာ၊ အရင်က အရက်ချက်တဲ့ဓလေ့ပေါ့၊ အရက်ချက်ရင် အခေါက်ခွာပြီးလုပ်တာရှိ တယ်၊ အပင်မတူးဘူး၊ ခုက အပင်တူးတာ၊ သေတာပိုများနေတယ်”လို့ ညောင်ဦးဈေး ထဲမှ ကိုသန်းလင်းက ပြောပါတယ်။
သဘာဝအလျောက် ပေါက်နေတဲ့ ထနောင်းပင်တွေကို တူးတဲ့အဖွဲ့ရှိသလို တချို့ ကိုယ့်ယာခင်းထိပ်မှာရှိတဲ့အပင်တွေကို ရောင်းကြတာပါ။ အပင်အသေးအကြီး ပေါ်မူတည်ပြီး
အနည်းဆုံး ကျပ် သုံးသိန်းခွဲ လောက်အထိရတယ်လို့ သိရပါတယ်။
“ပွဲစားတွေက ဘယ်ကိုသယ်တယ်ဆို တာ မပြောဘူး၊ ကားကြီးတွေနဲ့ လာတင်တာပဲ၊ ကရိန်းစက်တွေနဲ့တင်ပြီး သယ်သွားတာ”လို့ ကိုမြင့်သန်းက ပြောပါတယ်။
အင်ကြင်းကျောက်တူးတာ ခေတ်ထ ခဲ့သလို အခုထနောင်းပင်ခေတ်
ဖြစ်နေတာကြောင့် သည်အတိုင်း ဆက်တူးနေမယ်ဆိုရင် အညာအလှတစ်ခု ဖြစ်တဲ့ ထနောင်းပင်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစိုးသန်းလင်းက ပြောပါတယ်။
ကုမုဒြာ ဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

ချင်းတွင်းမြစ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် ရေယာဉ်ပို့ဆောင်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ရလျက်ရှိ
ချင်းတွင်းမြစ်သည် ယခုအခါ မြစ်ရေကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီး
ရေယာဉ်များ ခုတ်မောင်းသွားလာရာတွင် မြစ်အတွင်း စွန့်ပစ်ထားသော အမှိုက်များ စီးမျော
လာမှုကြောင့် ရေယာဉ်၌ တပ်ဆင်အသုံးပြုရသည့် ရေယက်ပန်ကာနှင့် တက်မကြီးတို့ကို
ရစ်ပတ်မိပြီး ရေယာဉ်အန္တရာယ်ဖြစ်ပေါ်လာမည်ကို အလွန်စိုးရိမ်လျှက်ရှိကြောင်း မုံရွာ-
ဟုမ္မလင်း ကုန်တင်အမြန်ရေယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
" မြစ်ကြောင်းအလယ်မှာ
ခုတ်မောင်းရတာက အခက်အခဲမရှိပါဘူး။ကမ်းက
စထွက်တဲ့အချိန်မှာ
အထူးဂရုစိုက်ပြီး ထွက်ရတယ် ။ မြစ်ထဲမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေက
ပန်ကာနဲ့
တက်မကို ရစ်ပတ်ပြီး ရေယာဉ်တစ်စင်းလုံးကို ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့်
ဖြစ်ပါတယ်"ဟု
၎င်းရေယာဉ်လုပ်ငန်းရှင်က ဆက်လက်ပြောကြားခဲ့သည်။ကုန်စည်ပို့ဆောင်ရေး
ရေယာဉ်များနှင့် ခရီးသည်တင်ရေယာဉ်များ
စုဝေးဆိုက်ကပ်ရာ မုံရွာမြို့  ဆိပ်ကမ်းတလျှောက်
နေရာအနှံ့တွင် မြစ်ကြောင်းအတွင်း အမှိုက်များ
စွန့်ပစ်ထားသည်ကို အချိန်အခါမရွေး
မြင်တွေ့နေရသည်။ အလုံဆိပ်ကမ်း ရေကင်းအမှတ်(၂၂) နေရာမှစတင်၍ အောင်ဇေယျုံ
ဇက်ကူးတို့ဆိပ်အထိ
အမှိုက်များ စွန့်ပစ်ထားရာ ဆွေးမြေ့ ပျက်စီးရန်လွယ်ကူသည့် အမှိုက်အမျိုးအစားများပါဝင်သကဲ့သို့
အ၀တ်စုတ်အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များလည်း ပါဝင်သည်။
" မြစ်ထဲကို စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ရေယာဉ်တွေကို
ဒုက္ခပေးစေနိုင်သလို
မြစ်ရဲ့ ကြမ်းပြင်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ရေစီးရေလာကို ထိခိုက်စေနိုင်ပြီး
ရေကြီးရေလျှံဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ မြစ်ကြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်
စွန့်ပစ်တဲ့အတွက်လည်း
ပါဝင်နေပါတယ်"ဟု ဘူမိဗေဒကျွမ်းကျင် ပညာရှင်တစ်ဦးက
မြစ်ကြောင်းအတွင်း အမှိုက်များ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်
သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ကုန်တင်ရေယာဉ် တက်မကိုင်ကြီးများသည်
မုံရွာဆိပ်ကမ်းမှနေ၍ ရေယာဉ်များ ထွက်ခွာခြင်းမပြုမီ ရေယာဉ်
တက်မနှင့် ရေယက်ပန်ကာများကို
အထူးဂရုပြုစစ်ဆေးပြီးမှ မောင်းနှင်ထွက်ခွာကြရသည်။
မြစ်ကြောင်းအတွင်း စွန့်ပစ်ထားရှိသည့်
အမှိုက်များသည် မြစ်ရေကြီးသည့် ယခုလိုအချိန်
ကာလတွင် ရေစီးအတွင်၌ မျောပါလာပြီး ရေယက်ပန်ကာများနှင့် တက်မကြီးများကို
ငြိတွယ်
ရစ်ပတ်ကာ ထိန်းချုပ်ထားသကဲ့သို့ ဖြစ်စေပြီးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သည့်
အတွက်ကြောင့် ရေယာဉ်အုပ်များ ရေယာဉ်မောင်းနှင်သည့်အခါ အထူးဂရုပြုမောင်းနှင်နေရ
ခြင်းဖြစ်ကြောင်း သိရပါသည်။
မြ၀တီ သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။
Monday, August 5, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသည့် မြို့ နယ်များရှိ ဒေသခံများ၏ လူနေမှုဆိုင်ရာစစ်တမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အစီရင်ခံစာအား ယခုလအတွင်းထုတ်ပြန်မည်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်ရှိ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မြို့ နယ်ပေါင်း ၂၁ မြို့ နယ်ရှိ ဒေသခံများ၏
လူနေမှု ဘ၀ပျက်စီးမှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာစစ်တမ်းများနှင့် ပတ်သက်
သည့် အစီရင်ခံစာအား ယခုလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေ
စိုက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ မြို့ နယ်ပေါင်း ၂၁ မြို့ နယ်အား ဖြတ်သန်းသွားသည့် ရွှေသဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းမှာ ပိုက်လိုင်းတလျောက်တွင် နေထိုင်သော ဒေသခံမြန်မာပြည်သူများ၏
ထိခိုက်နစ်နာမှုများကို အပြီးသတ် ဖြေရှင်းခြင်း မပြုရသေးမီ အချိန်တွင် ပိုက်လိုင်းမှ သဘာဝ
ဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။
" အခု ကျနော်တို့အဖွဲ့က စီမံကိန်းတလျောက်မှာ ရှိနေတဲ့ ဒေသခံပြည်သူ
လူထုနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ စီမံကိန်းတလျောက်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ 
တင်ပြချက်နဲ့ ကျနော်တို့အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာအဖြစ် ထုတ်ပြန်ပါမယ်" ဟု
ဦးဝင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ ၀င်ရောက်မြှပ်နှံသည့်
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့်အရေး
ချိုးဖောက်မှုများနှင့် စစ်တပ်တိုးချဲ့ ချုပ်ကိုင်လာမှုများအား ပြည်သူများ ခံစားနေရသည်။
ယင်းဓာတ်ငွေ့ပိုက်လိုင်းသည် ဇီဝမျိုးကွဲများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြို့ နယ်ပေါင်း
၂၁ မြို့ နယ်အား ဖြတ်သန်းသွားသည့်အတွက် သစ်တောများကို နှစ်ခြမ်းပိုင်းခြားပစ်လိုက်
သည့်အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတလျှောက်တွင် ကမ္ဘာပေါ်တွင် ၁၀ ခုမြောက်
ထိခိုက်နစ်နာမှုအရှိဆုံး သစ်တော ဖြစ်လာစေသည့်အပြင် သစ်တောပြုန်းတီးမှုများလည်း
ထပ်မံဖြစ်ပေါ်စေကြောင်း ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့၏ ယခင်ထုတ်ပြန်ချက်အရ
သိရသည်။
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် စပ်လျဉ်း၍ ဒေသခံများအပေါ် ထိခိုက်နစ်နာမှု
များ ဆက်လက်မဖြစ်ပေါ်စေရေးနှင့် သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ
လုပ်ဆောင်ရေး တွန်းအားပေးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ ( UNFC ) တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ
အခြေစိုက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားသည်။
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် လယ်ယာမြေလျော်ကြေးများပေးရန်၊နစ်နာမှု
များအား ကုစားရန် စသော အချက်များကို စီမံကိန်းလုပ်ဆောင်သည့် တရုတ်နိုင်ငံပိုင် CNPC
ကုမ္ပဏီထံ တောင်းဆိုမှုများ ရှိခဲ့သော်လည်း သဘာဝဓာတ်ငွေ့များ စတင်ပို့ဆောင်နေသည့်
လက်ရှိကာလအထိ ထူးခြားမှုမရှိသည့်အပြင် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးမှာ နစ်နာမှုများ
အတွက် တောင်းဆိုရင်း တရားစွဲဆိုခံနေရကြောင်း သိရသည်။
Weekly Eleven News Journal ၏ စင်တင်ပြဇာတ်ဖြစ်ပါသည်။

ခေတ်ပေါ် Global Warming စတိတ်ရှိုးအစီအစဉ်
0
comments
အကြမ်းဖက်မှု မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆက်နွယ်နေနိုင်ကြောင်း သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ရာသီဥတု ပူနွေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှု မြင့်တက်ဆက်နွယ်နေနိုင်
ကြောင်း Science ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် အမေရိကန်သိပ္ပံပညာရှင်များ၏ လေ့လာ
တွေ့ရှိမှုက သုံးသပ်ခဲ့သည်။
အပူချိန် အနည်းငယ် ပြောင်းလဲရုံမျှ ၊ မိုးရေချိန်အနည်းငယ် ပြောင်းလဲရုံမျှနှင့်
အကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများ ၊ လူသတ်မှုများ မြင့်တက်ခြင်း ၊ စစ်ပွဲများ ၊ အုပ်စုဖွဲ့
ပဋိပက္ခများ မြင့်တက်ခြင်းတို့ ဆက်နွယ်နေကြောင်း ပရင်စတန်တက္ကသိုလ်နှင့် ဘာကလေ
ကာလီဖိုးနီးယားတက္ကသိုလ် သုတေသန ပညာရှင်များက သတိပေးခဲ့သည်။ လက်ရှိရာသီ
ဥတုပြောင်းလဲမှုအတိုင်းဆိုပါက ကမ္ဘာသည် အကြမ်းဖက်မှုများ ပိုများလာနိုင်သော နေရာ
တစ်ခုဖြစ်လာဖွယ် ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
ကာလီဖိုးနီးယားတက္ကသိုလ်က မာရှယ်ဘက်က " ကျနော်တို့ စောင့်ကြည့်ခဲ့တဲ့
ကမ္ဘာ့တိုက်ကြီးအားလုံးနဲ့ အချိန်တိုင်းမှာ ဆက်နွယ်မှုတစ်ခု ဖြစ်နေပါတယ်။ ရာသီဥတုပြောင်း
လဲမှုနဲ့ ပဋိပက္ခတွေကြား ကျနော်တို့ တွေ့ခဲ့တဲ့ ဆက်နွယ်မှုက ကြီးမားပါတယ်" ဟု ပြောကြား
ခဲ့သည်။
သုတေသနပညာရှင်များသည် ကမ္ဘာတစ်ဝှမ်းမှ လေ့လာမှုပေါင်း ၆၀ ကို စူးစမ်းခဲ့
ရာ နှစ်ပေါင်းရာနှင့်ချီကြာသော အချက်အလက်များ ပါဝင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယတွင် မိုးခေါင်ရေရှားသည့် ကာလ၌ အိမ်တွင်းအကြမ်းဖက်မှုများ မြင့်တက်
ခဲ့ပြီး အမေရိကန်တွင် အပူလှိုင်းဖြတ်စဉ် အဓမ္မပြုကျင့်မှုနှင့် လူသတ်မှုများ မြင့်တက်ခဲ့ကြောင်း
အချက်အလက်များက ဖော်ပြခဲ့သည်။ ဥရောပတွင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားမှုနှင့် အာဖရိ
တွင် ပြည်တွင်းစစ်များ ဖြစ်ပွားမှုသည် အပူချိန်မြင့်တက်မှုနှင့် ဆက်နွယ်နေကြောင်း လေ့လာ
တွေ့ရှိမှုက တင်ပြခဲ့သည်။
ရာသီဥတုပြောင်းလဲမှုနှင့် အကြမ်းဖက်မှု ဆက်နွယ်ခြင်းကို နားလည်ရန် ကြိုးပမ်းနေ
ကြကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ " အဓိကကျတဲ့အချက်တစ်ချက်က
တော့ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ရာသီဥတုပြောင်းလဲရင် ကမ္ဘာတ၀န်း
က စီးပွားရေးအခြေအနေကို သက်ရောက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အထူးသဖြင့်
ကမ္ဘာရဲ့  စိုက်ပျိုးရေးအခြေခံနေရာတွေမှာပါ " ဟု မစ္စတာဘက်က ပြောကြားခဲ့သည်။
ကမ္ဘာ့အပူချိန်သည် ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နိုင်ဖွယ်ရှိရာ အချို့ ဒေသများတွင်
အုပ်စုဖွဲ့ပဋိပက္ခ ၅၀ ရာခိုင်နှုံးခန့် မြင့်တက်နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
REF; AFP
Weekly Eleven Journal ပါ ပြဇာတ်ဖြစ်ပါသည်

မော်တော်ကားမီးခိုးငွေ့ကြောင့် လေထုညစ်ညမ်းမှု တိုင်းတာသည့် စက်ပစ္စည်းကိရိယာ မရှိသေး
ရန်ကုန်မြို့ အတွင်း ကားအစီးရေ သိသိသာသာ များပြားလာသော်လည်း ထိုကားများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေထုညစ်ညမ်းမှုကို တိုင်းတာနိုင်သော စက်ပစ္စည်း
ကိရိယာများပြည်တွင်းတွင် မရှိသေးကြောင်း သိရှိရပါသည်။
အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ လျှော့ချလိုက်ခြင်းကြောင့် ရန်ကုန်မြို့ တွင် မှတ်ပုံတင်ထားသည့် ကားစီးရေလေးသိန်းကျော်ရှိလာပြီး တစ်နိုင်ငံလုံးတွင်
ကားစီးရေ သုံးသန်းကျော်သွားပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၏ ထုတ်ပြန်
ချက်အရ သိရသည်။ "ကားတွေများလာတာ မှန်ပေမယ့် ကားတွေကနေ ထွက်တဲ့ အငွေ့တွေကို
တိုင်းတာနိုင်တဲ့စက်ပစ္စည်းတွေ မရှိသေးတဲ့အတွက် ဘယ်လိုမျိုး သက်ရောက်မှုတွေရှိနေနိုင်လဲ
ဆိုတာ မပြောနိုင်သေးပါဘူး"ဟု လုပ်ငန်းခွင်ကျန်းမာရေးညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်း
က ပြောသည်။
ကားစီးရေများပြားလာသော်လည်း တစ်ဖက်တွင် ယခုတင်သွင်းလာသည့် ကားများမှာ မော်ဒယ်မြင့်ကားများဖြစ်သည့်အတွက် ယခင်ကားဟောင်းများကဲ့သို့ မီးခိုး
ထွက်သည့်ပမာဏ နည်းပါးမှုကြောင့် လေထုအားဆိုးရွားစွာထိခိုက်မှုမရှိနိုင်ကြောင်းလုပ်ငန်းခွင်
ကျန်းမာရေး အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးကလည်း ပြောသည်။ ပြည်တွင်းတွင်
မော်တော်ယာဉ်များ၏ အိတ်ဇောပိုက်များမှ ထွက်ရှိသောကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့အား တိုင်းတာသည့်စက်ပစ္စည်းရှိခဲ့သော်လည်းယခုအချိန်မှာထိုစက်ပစ္စည်းများ ကောင်းစွာအလုပ်
မလုပ်နိုင်တော့သည့်အတွက် တိကျသည့်အချက်အလက်မထုတ်ပေးနိုင်ကြောင်းသိရသည်
။ ပြည်တွင်းရှိဌာနဆိုင်ရာအဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာမှ ပညာရှင်များပူးပေါင်း၍ ရန်ကုန်မြို့ ၏ လေထုအရည်အသွေးအား လာမည့်လအတွင်း သုတေသနပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ရန်ကုန်မြို့ ရှိ ကားအစီးရေမှာလည်း နှစ်ပိုင်းအတွင်း သိသိသာသာ တိုးလာပြီး ယခုအခါအစီးရေ လေးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့၏
သုတေသနစာရင်းများအရ၂၀၁၀ ပြည့်နှစ်ကကမ္ဘာတစ်ဝန်းလုံးတွင် လေထုညစ်ညမ်းမှုကြောင့်
သေဆုံးခဲ့သူပေါင်း ၃ ဒသမ ၂ သန်းရှိခဲ့ကြောင်း သိရပါသည်။
၇ ရက်သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

Sunday, August 4, 2013
EIA နောက်ပိုင်းဇာတ်တော်ကြီး
0
comments
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း (EIA) လုပ်ထုံးလုပ်နည်းများ အပေါ် ပညာရှင်နှင့် လုပ်ငန်းရှင်များ၏ အမြင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနကြီးကြပ်ရမည့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်တွင်အတည်ပြုပြဌာန်း
ပြီးနောက် နည်းဥပဒေများထွက်ရှိရေးဆွဲနေစဉ်ကာလအတွင်း လုပ်ငန်းအမျိုးအစားပေါင်း
၂၇၂ခုလိုက်နာရမည့်ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း
လုပ်ထုံးလုပ်နည်းမူကြမ်းကို ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် တစ်ကြိမ်တစ်ခါမှအတွေ့အကြုံမရှိခဲ့သည့်
မြန်မာလုပ်ငန်းရှင်များအတွက် အချိန်ယူ အသိပညာပေးရမည့်လုပ်ထုံးလုပ်နည်းများ ဖြစ်သည်။
ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းကို အခြားအိမ်နီးချင်းနိုင်ငံလေးနိုင်ငံမှ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း (EIA) ဥပဒေကို နမူနာယူကာ ရေးဆွဲထားခြင်း ဖြစ်သည်။
EIAလုပ်ဆောင်ရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များပါဝင်သည့်
တတိယအဖွဲ့အစည်းများ၊ကုမ္ပဏီများ ပေါ်ပေါက်လာမည်ဖြစ်သည်။
ထို့ကြောင့် ရေးဆွဲနေသည့်EIAလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီးလုပ်ငန်းရှုင်များ၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများ၊ဌာနဆိုင်ရာ၏အမြင်များကိုစုစည်းဖော်ပြအပ်ပါသည်။
ဦးနေအေး(ညွှန်ကြားရေးမှူးချုပ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေကို လွှတ်တော်ကအတည်ပြုချက်ကို
စောင့်ဆိုင်းနေတယ်။ ဒီလိုခဏတာအတောအတွင်း လုပ်ငန်းရှင်တွေကိုချပြတာပါ။ နည်းဥပဒေ
ထုတ်ပြန်ပြီးတဲ့အခါမှ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို တင်ပြတာပါ။ on going
သွားနေတဲ့ ပရောဂျက်တွေမှာ ကနဦး သဘာဝပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်း၊
EIA လုပ်ဆောင်ရမယ့်အပိုင်းတွေရှိသလို ဒီလို ထုတ်ပြန်ထားတဲ့ EIA လုပ်ထုံးလုပ်နည်းအတိုင်း
EMP(Environmental Management Plan) တွေလည်း ရေးဆွဲရမှာဖြစ်ပါတယ်။
ဦးသီဟဇော်လင်း(မိုးထိမိုးမိ သတ္တုတူးဖော်သည့်လုပ်ငန်း ဆောင်ရွက်နေသည့်
National Prosperity Gold Production Group Ltd. မှမန်နေဂျင်းဒါရိုက်တာ)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအပါအ၀င် ဒီလို လုပ်ထုံးလုပ်နည်းတွေ
ထွက်လာတာ ကြိုဆိုပါတယ်။ ကုမ္ပဏီကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို
ဦးစိုးသူရထွန်းတို့လို ပညာရှုင်တွေငှားပြီး ဆောင်ရွက်နေပါတယ်။ ပတ်ဝန်းကျင်ရေးရာတွေကို
ဆောင်ရွက်နေတော့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေက ပြဿနာမရှိဘူး။ ခွင့်ပြုမိန့်
အပိုင်းမှာ ကြန့်ကြာသွားတော့မယ့်ဟာကိုပဲ စိတ်ပူတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်ရမှ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုရမယ့် လုပ်ငန်းသုံးပစ္စည်းတွေ ၀ယ်ရမယ့်
အခြားကိစ္စတွေလည်း လုပ်ရဖို့ရှိတယ်။ နောက်ပိုင်းဆိုရင်MIC (မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်)
မှာ လုပ်ငန်းစာချုပ်တင်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ခွင့်ပြုချက်လိုတာကို။တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်တဲ့အခါ သဘာဝပတ်ဝန်းကျင် အနည်းနဲ့အများ
ထိခိုက်မယ်။ဒါပေမဲ့ တစ်ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်း၊အကျိုးအမြတ်ကို ချိန်ထိုးပြီး လုပ်ကြတာပေါ့လေ။
ဦးအောင်မင်း(အထွေထွေဒါရိုက်တာ Myanmar Marketing and Research company)
EIAလုပ်တဲ့ တတိယအဖွဲ့အစည်းတွေအဖြစ် ၀န်ကြီးဌာနဆီမှတ်ပုံတင်
တဲ့အခါ ပြည်တွင်း ၊ပြည်ပလို ဖော်ပြထားတာ မရှိပါဘူး။အဲဒီမှာတကယ်လုပ်နေတဲ့
စီမံကိန်းကြီးတွေမှာဆိုရင် နိုင်ငံခြားကုမ္ပဏီက လုပ်တာများတော့ မြန်မာပြည်က
ကုမ္ပဏီတွေဟာ နိုင်ငံခြားကုမ္ပဏီတွေကိုတစ်ဆင့်လုပ်ခိုင်းရပါတယ်။ ပြည်ပကုမ္ပဏီတွေ
EIA ကုမ္ပဏီထောင်မယ်ဆိုရင် ဘယ်လိုသတ်မှတ်ချက်တွေပါလဲဆိုတာ သိချင်ပါတယ်။
ဦးတင်သန်း(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှုင် Myanmar Conservation
Liasion,WWF GMP Patron,Rakhine Thahaya Association)
EIA လုပ်မယ့်အခါ စိုးရိမ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ
အခုဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေမှာ လုပ်ငန်းစီမံကိန်းတွေမှာ EIA ကို ဘယ်သူတွေ လုပ်နေမှန်းလည်းမသိဘူး။ ဘယ်အချိန်က စလုပ်နေလဲမသိဘူး။ အခု နမူနာပြောရရင်
ထားဝယ်ပရောဂျက်မှာ ချူလာလောင်ကွန်တက္ကသိုလ်က လုပ်တယ်။ မသိလိုက်ဘူး။
အခု မြန်မာပြည်မှာလုပ်မယ့် EIA ဆန်းစစ်ကုမ္ပဏီတွေဟာ အမျိုးသားရေးစိတ်ဓာတ်အနေနဲ့ လုပ်သင့်တယ်။
ဦးနေ၀န်းပေါ် (အင်းလေးပရောဂျက်တာဝန်ခံ၊အငြိမ်းစား သစ်တောပညာရှင် UNDP)
ဒီ EIA ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုဒ်မ ၄၂ အရ လုပ်တယ်လို့ သိရပါတယ်။
အဲဒီမှာတော့ အစိုးရအဖွဲ့ရဲ့  အတည်ပြုချက်လိုပါတယ်လို့ ပြောပါတယ်။ အတွေ့အကြုံအရ
ပြောရရင် အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ညွှန်ကြားချက်ထွက်ပါတယ်။
ဒီညွှန်ကြားချက်ဟာ တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ဥပဒေအရ ယှဉ်ပြောတဲ့အခါ အားနည်းချက်တွေ ရှိပါတယ်။ ထို့အတူပဲ ဒီ EIA လုပ်ရမယ့် ကိစ္စဟာ ပရိုစီဂျာ မဟုတ်ဘဲ Law
and rule အနေနဲ့လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ အဲ့ဒီလို မလုပ်ဘူးဆိုရင် CFI တို့လိုမျိုး ထိရောက်မှုအားနည်းမယ်။ အသက်ဝင်မှု အားနည်းနိုင်တယ်လို့ မြင်ပါတယ်။

Subscribe to:
Posts (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact