ချင်းပြည်နယ်တွင် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် ကျောက်ပန်းတောင်း
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ရှိပြီး ချင်းပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွား
လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဒေသများအသစ်များအဖြစ် ရိဒ်ရေကန်၊ ဗွေပါး
တောင်နှင့် လိုင်ဗားဒေသ ဇိန်မူတောင်တို့ကို တိုးချဲ့ တည်ထောင်ရန်ရှိကြောင်း ၂.၈.၂၀၁၃
ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ မင်းတပ်မဲဆန္ဒနယ်မှ
ဦးထန်းလိန်း၏ မေးခွန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထို့ပြင် သဘာဝတောတောင် လျှိုမြောင်များနှင့် ဇီဝမျိုးစုံကွဲများ ကြွယ်ဝ
သည့် နေရာဒေသများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ရှိသည့် နေရာ
ဒေသများ၊ သဘာဝနယ်မြေသစ်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ရန် ဥပဒေ၊ လုပ်ထုံး
လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝ
အခြေခံခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက် ကန်ပက်လက်၊ မင်းတပ်၊
တီးတိန်၊ တွန်းဇန်၊ ကျီးခါး၊ ဖလန်း၊ ရိဒေါဒါရ်၊ ထန်တလန်နှင့် ဟားခါးမြို့ နယ်များတွင်
မြို့ ပေါ်၌ ခွင့်ပြုချက်မလိုပဲ သွားရောက်လည်ပတ်နိုင်သလို မြို့ ပြင်သို့လည်း ခွင့်ပြုချက်
တောင်းခံပြီး သွားရောက်နိုင်ကြောင်း၊ ပလက်ဝ၊ဆမီးနှင့် မတူပီ၊ရေဇွာမြို့ နယ်နှင့် မြို့ နယ်
ခွဲများသို့လည်း ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်းလည်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သိရသည်။
Saturday, August 10, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ချင်းပြည်နယ်တွင် သဘာဝအခြေခံခရီးသွားဒေသအသစ်များ တိုးချဲ့ တည်ထောင်မည်
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် မြို့ တော်လေထုသန့်ရှင်းရေး ဆောင်ရွက်
ရန်ကုန်မြို့  မြို့ ပြပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အာဆီယံမြို့ ကြီးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဂျာမန်နည်းပညာ ပူးပေါင်းအဖွဲ့၏ မြို့ တော်
လေထုသန့်ရှင်းရေးအစီအစဉ်ကို သင်တန်းများ ဖွင့်လှစ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စက်ရုံလုပ်ငန်းများ၏ ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသော အခိုးအငွေ့များ၊ အမှုန်အမွှားများ
နှင့် ဓာတ်ငွေ့ပစ္စည်းများ လေထုအတွင်းသို့ အလွန်အမင်း ထုတ်လွှင့်ခြင်း၊ လေထုအတွင်း
တာရှည်စွာ တည်ရှိနေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်
ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အမှုန်အမွှားများ၊အခိုးအငွေ့များထွက်ရှိမှုသည် စက်ရုံလုပ်ငန်းများ၏ ကုန်ထုတ်
လုပ်မှု အချိုးအစားနှင့် လောင်စာစွမ်းအင်အနေအထားအပေါ် မူတည်ကြောင်း၊ များသော
အားဖြင့်စက်ရုံလုပ်ငန်းများမှ ထွက်ရှိသော အခိုးအငွေ့များတွင် ပါဝင်သော ကာဗွန်ဒိုင်
အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနိုအောက်ဆိုဒ်
အစရှိသည့် ဓာတ်ငွေ့အချိုးအစား တစ်စုံတစ်ခုသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
အဆိုပါ အကြောင်းရင်းတစ်ရပ်ကြောင့် မြို့ ပြနေထိုင်သူများကို အထိုက်အလျောက်ထိခိုက်ခြင်း၊
စက်ရုံမှ သုံးစွဲစွန့်ပစ်သော ရေဆိုးများတွင် ဓာတုပစ္စည်းများ ပါဝင်မှုကြောင့် ရေနေသက်ရှိ
သတ္တ၀ါများ အသက်ရှင်နေထိုင်ရေးတို့အပြင် စက်ရုံပတ်ဝန်းကျင်ရှိ လယ်ယာသီးနှံနှင့်
တောင်သူများ၏ စိုက်ခင်းများကိုပါ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်၏
ဂေဟစနစ်ပျက်စီးမှုများ ရှိလာမည့် အရေးများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေး
ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဓိက တာဝန်ကြီးနှစ်ရပ်
ဖြစ်သည့် စွန့်ပစ်အမှိုက်များ ထိန်းသိမ်းစွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတို့ကို
ကြိုတင်ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် စတုရန်းမိုင် ၃၀၀
ကျော်တွင် စက်မှုဇုံ ၂၄ ခုရှိပြီး စက်ရုံပေါင်း ၃၅၆၂ ရုံ ရှိကြောင်း ယင်းစက်ရုံများအနက်စက်ရုံ ၉၀၀ ကျော်သည် ရေဆိုးစွန့်ပစ်မှုနှင့် သက်ဆိုင်သည့် ပြန်ကြားချက်များ ရရှိထားပြီ
ဖြစ်သော်လည်း ပြန်ကြားဆက်သွယ်ခြင်းမရှိသည့် စက်ရုံ ၂၀၀၀ ကျော် ကျန်ရှိနေကြောင်း၊
ထိုသို့ကျန်ရှိနေသော စက်ရုံများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ အကြောင်းပြန်
ကြားခြင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ဓာတ်ခွဲစမ်းသပ်ပြန်ကြားချက် မူရင်းထောက်ခံ
များကို ယခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား ပေးပို့ရန်အတွက် အသိပေး
ဆောင်ရွက်ထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ လမ်းညွှန်မှာကြား
သည့် စည်းကမ်း ဥပဒေကို လိုက်နာခြင်းမရှိသည့် စက်ရုံများကို ပထမ ယာယီသုံးလ
ပိတ်သိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုသော စက်ရုံများကို ထိရောက်စွာ အရေးယူ
မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့ နယ် မိုင်းစံမြို့ နယ်ခွဲ ဟိုဆိုင်ကျေးရွာအုပ်စု ၀မ်ကမ်အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ မြေပြိုမှုကြောင့် ကိုးတန်းကျောင်းသူ နှစ်ဦး၊ သုံးတန်းကျောင်းသူ တစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာများ
ရရှိခဲ့သဖြင့် ၀မ်ကမ်ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရပါသည်။

Friday, August 9, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ချင်းပြည်နယ်ရှိ နာမည်ကျော် ရိဒ်ရေကန်နှင့် အခြားနေရာများတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အခြေခံစခန်း တိုးချဲ့တည်ဆောက်ရန် စီစဉ်
ချင်းပြည်နယ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၏ အခြေခံ စခန်းများ
ဖြစ်နိုင်မည့် ရိဒ်ရေကန်၊ ဘွေပါးတောင်နှင့် လိုင်ဗားဒေသမှာရှိသည့် ဇိန်မှုတောင်တို့ကို တိုးချဲ့တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း
ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဦးဝင်းထွန်းက ပြည်သူလွှတ်တော် အစည်းအဝေးတွင်
ပြောကြားခဲ့သည်။
''ချင်းပြည်နယ်မှာ ရိဒ်ရေကန်တို့လို့ နေရာတွေကို သဘာဝအခြေခံ ခရီးသွား
လုပ်ငန်းတွေ လုပ်လို့ရတယ်။ နတ်မတောင် တို့လိုပေါ့။ ဒီလိုလုပ်မယ်ဆိုရင် အဓိက လိုအပ်
ချက်က လမ်းပမ်းဆက်သွယ်ရေးပါ။ ဧည့်သည်တွေလာရင် တည်းခိုနိုင်မယ့် နေရာတွေ လိုအပ်
ပါမယ်။ ရိဒ်မှာတော့ အဆင့်မြင့် အဆောက်အဦ တစ်ခု တည်ဆောက်နေတယ်လို့ သိရပေမယ့်
ခရီးသွား လုပ်ငန်းအတွက် အသုံးပြုမယ် မပြုဘူးဆိုတာ မသိရပါဘူး'' ဟု ချင်းပြည်နယ် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် သဘာဝအခြေခံ ခရီးသွားအဖြစ် ချင်းပြည်နယ် တောင်ပိုင်းရှိ နတ်မတောင်သို့ သွားရောက်မှု များပြားပြီး မြောက်ပိုင်း ဒေသများတွင် သွားလာမှု နည်းပါးသည်
ဟု သိရှိရသည်။
''သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအတွက် ပြုလုပ်မယ် ဆိုရင်တော့ ပြည်တွင်း၊
ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်မှ အဆင်ပြေနိုင်မယ်။ အစိုးရကလည်း ဒီလိုလုပ်ကိုင်ဖို့ ဥပဒေသတ်မှတ်ပြီး ခွင့်ပြုပေးရမယ်။ ဒါမှမဟုတ်ရင်တော့ လေထဲတိုက်အိမ်
ဆောက်သလိုမျိုးပဲ ဖြစ်မှာပါ။ ကျွန်တော် အပါအ၀င် ဒီလုပ်ငန်းကိုလုပ်ဖို့ စီစဉ်နေကြပေမယ့် ဘာမှအကောင်အထည် မဖော်နိုင်သေးဘူး။ ဒီကိစ္စကို ချင်းပြည်နယ် အစိုးရက ဦးဆောင်ပြီး
ဆောင်ရွက်သင့်ပါတယ်'' ဟု ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်က ပြောကြားခဲ့
ပါသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက မြန်မာနိုင်ငံ ခရီးသွား
လုပ်ငန်း ပင်မစီမံကိန်းကို သက်ဆိုင်ရာ အစိုးရဌာနများနှင့်အတူ ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ ပူးပေါင်းရေးဆွဲ လျက်ရှိပြီး သဘာဝအခြေခံ ခရီးသွား
လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမှာ ဖြစ်ပါ
ကြောင်း၊ စီမံကိန်း ရေးဆွဲအတည်ပြုပြီး အချိန်တွင် ခရီးသွား လုပ်ငန်းများက လိုက်နာ
ဆောင်ရွက်နိုင်ရေး အတွက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
Eleven Media Group မှ ပြဇာတ်ဖြစ်ပါသည်။

ကျောက်မြောင်းမြို့ အထက်ပိုင်းတွင် ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်သေ တစ်ကောင် တွေ့ရှိ
သြဂုတ် ၃ ရက် ညနေပိုင်းတွင် ကျောက်မြောင်းမြို့ ရေတော်ဘုရား အထက်ပိုင်း
ဆိပ်သာကျေးရွာရှေ့ ရေပြင်တွင် လင်းပိုင်သေ တစ်ကောင် မျောပါနေသည်ကို
သာယာဝတီ
ရွာသား တစ်ဦးက ဆယ်ယူကာ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့သို့ အသိပေး အကြောင်း
ကြားခဲ့ပြီး ထိန်းသိမ်ရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
''ဆယ်ယူခဲ့တဲ့သူ ပြောပြချက်အရ လင်းပိုင်အသေက အမဖြစ်ပြီး ဒဏ်ရာနဲ့ ပိုက်ညှိ တွယ်လာတာလည်း မရှိဘူးလို့ သိရတယ်။ အရွယ်အစားကလည်း ၇ ပေ ရှိတယ်ဆိုတော့ သက်ကြီးအကောင် အဆင့်ကို ရောက်ရှိနေတဲ့ အတွက် ဓမ္မတာအတိုင်း သေဆုံးတာ ဖြစ်ဖို့
များတယ်'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားသည်။
တွေ့ရှိရသည့် လင်းပိုင်သေသည် ထိန်းသိမ်းရေး ဧရိယာ အပြင်ဘက် သပိတ်ကျင်းမြို့ အထက်ပိုင်းတွင် နေထိုင်ကျက်စားနေသည့် လင်းပိုင်အုပ်များထဲမှ သေဆုံးမျောပါလာခြင်း
ဖြစ်နိုင်ကြောင်း၊ ပုပ်ပွနေသည့် အတွက် မည်ကဲ့သို့ သေဆုံးသည်ကို ခန့်မှန်းရ ခက်ခဲကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။
လင်ပိုင်းများသည် ဘထ္ထရီရှော့တိုက် ငါးဖမ်းလုပ်ငန်းများကြောင့် သေဆုံးနိုင်
သကဲ့သို့ ငါးဖမ်းပိုက် များတွင်လည်း ငြိတွယ်ပြီး သေဆုံးတတ်ကြောင်း၊ ယခုကဲ့သို့ ရာသီတွင် ငါးများမြစ်လက်တက် ချောင်းများအထိ ၀င်ရောက်ကာ ဥချပေါက်ပွားသည့် အတွက်
လင်းပိုင်များသည် ငါးများနောက်သို့ လိုက်ရင်း ပိုက်များအတွင်း ငြိတွယ်သေဆုံး တတ်သည့်
အတွက် ငါးဖမ်းသူများ အနေဖြင့် သတိထား ဆောင်ရွက်သင့်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်း ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၀၈ ခုနှစ် ၀န်းကျင်က လင်းပိုင်အကောင်ရေ ၁၇ ကောင်၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ကောင် တွေ့ရှိ မှတ်တမ်းတင်
ထားရှိပြီး ၂၀၁၃ခု နှစ်ဆန်းပိုင်းတွင် အထီးနှစ်ကောင်နှင့် အမတစ်ကောင် သေဆုံးခဲ့ပြီး ယခုသေဆုံးခဲ့သည့် အကောင်မှာ လေးကောင်မြောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group မှ စင်တင်ပြဇာတ်ဖြစ်ပါသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရားမ၀င်သစ်များ တစ်ဖက်နိုင်ငံသို့
ပို့ဆောင်ရန် စုဆောင်းနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်း၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်
သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၆ ရက်က မိုးမောက်-စိန်လုံ
ကားလမ်းတွင် ပိတ်ဆို့ရှာဖွေခဲ့ရာ တရားမ၀င်သစ်များ တင်ဆောင်ထားသည့် သစ်တင်ယာဉ်
၅၁ စီးအား ကျွန်း၊ တမလန်း ခွဲသားဆိုဒ်စုံ တင်ဆောင်လျက် ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ
သစ်တင်ယာဉ်များအနက် ယာဉ် ၂၇ စီးတွင် တင်ဆောင်ခဲ့သည့် သစ်များအား တိုင်းတာခဲ့ရာ
၁၁၈ ဒသမ ၆၇၇ တန်ရှိကာ ကျန်သစ်များအား ဆက်လက်တိုင်းတာလျက်ရှိသည်။
အလားတူ တပ်မတော်စစ်ကြောင်းနှင့် မြို့ သစ်မြို့ နယ် ရဲတပ်ဖွဲ့ဝင်များ၊
သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက်တွင်
ဗန်းမော်-မြစ်ကြီးနား ကားလမ်း ၁၇ မိုင်နှင့် ၁၉ မိုင်အကြား ပိတ်ဆို့ရှာဖွေခဲ့ရာ တရားသစ်
များ တင်ဆောင်ထားသော သစ်တင်ယာဉ်ကြီး လေးစီးအား ယာဉ်မောင်းနှစ်ဦးနှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး အနီးဝန်းကျင်တွင် သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားသည့် ကျွန်း၊ တမလန်း
ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်အား ထပ်မံရှာဖွေဖမ်းဆီးရမိခဲ့သည်။
အထက်ပါ တရားမ၀င် သစ်များသည် နယ်မြေခံ KIA အဖွဲ့နှင့် သစ်ကုန်သည်
များက လွယ်ဂျယ်မှတဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်းနှင့် တရားခံများအား စိစစ်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ သတင်းဂျာနယ် (၉.၈.၂၀၁၃) စင်တင်ပြဇာတ်ဖြစ်ပါသည်။

Thursday, August 8, 2013
မြန်မာ့ရိုးရာဇာတ်ထုတ်
0
comments
ချင်းပြည်နယ်းရှိ ဗွေပါးတောင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်ဟုဆို
ချင်းပြည်နယ် ဟားခါးမြို့ နယ်နှင့် ထန်တလန်မြို့ နယ်အကြားတွင် ရှိသော
ဗွေပါးတောင်သစ်တောအတွင်း အမဲလိုက်ခြင်းနှင့် သစ်ခုတ်ခြင်းတို့ ပြုလုပ်နေရာ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်မှုများ ရှိခြင်းကြောင့် အချိန်မှီ ထိန်းသိမ်းနိုင်ရန်အတွက် သဘာဝ
ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်ကြောင်း ထန်တလန်မြို့ နယ် အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။
အရှေ့ မှ အနောက် အရှည်မိုင် ၃၀ နှင့် အကျယ် ၁၂ မိုင်ခန့် ရှိပြီး တောင်ပေါ်
အမြဲစိမ်းတောဖြစ်သည့် အဆိုပါ ဗွေပါးတောင်အတွင်း တောရိုင်းတိရစ္ဆာန်များ ကျက်စားနေ
ထိုင်လျက်ရှိပြီး ရှားပါးသစ်ခွမျိုးစိတ်များလည်းရှိကြောင်း ကျေးရွာဒေသခံများက တစ်ရက်
လျှင် တောရိုင်းတိရစ္ဆာန် ငါးကောင်မှ အကောင် နှစ်ဆယ်ခန့်အထိ ပစ်သတ်ဖမ်းဆီးမှုများ
ပြုလုပ်နေခြင်းနှင့် သစ်ခုတ်ခြင်းများရှိခြင်းကြောင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း
၎င်းက ဆိုသည်။
ဗွေပါးတောင်သည် ထိန်းသိမ်းသင့်သည့် ဒေသတစ်ခုဖြစ်ခြင်းကြောင့်
သစ်တောဦးစီးဌာနအနေနှင့် ဒေသအတွင်းရှိ ကျေးရွာများထံ ကွင်းဆင်းလေ့လာကာ
သက်ဆိုင်ရာ အချက်အလက်များကို ကောက်ယူ၊ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဦးဝင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၇ ခုရှိပြီး
ဆက်လက်တည်ထောင်ရန် အဆိုပြုထားသော သဘာဝနယ်မြေ ရှစ်ခုရှိကြောင်း သစ်တော
ဦးစီးဌာနထံမှ သိရှိရသည်။
The Voice Weekly Journal ပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။

Subscribe to:
Posts (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact