အညာဆူးလှည်း
(ဒေါက်တာဆန်းဝင်း၊
ဒုတိယ ပါမောက္ခချုပ်၊ သစ်တောတက္ကသိုလ်)
စာရေးသူတို့ ငယ်ငယ်တုန်းက ကျေးလက်ဒေသတွေမှာ
မိုးစပါး ရိတ်သိမ်းပြီးရင် ရိုးပြတ် ငုတ်တုတ်တွေ ကျန်နေတဲ့
မိုးစပါး ရိတ်သိမ်းပြီးရင် ရိုးပြတ် ငုတ်တုတ်တွေ ကျန်နေတဲ့
လယ်ကွက်တွေထဲကို နောက်စိုက်မယ့် သီးနှံကောင်းအောင်လို့ဆိုပြီး
အိမ်မှာ စုဆောင်းထားတဲ့နွားချေးတွေကို လှည်းနဲ့သွားပို့ပြီး ဖြန့်ချ
ရတယ်။ ဒီလိုလုပ်တာကို နွားချေးချတယ်လို့ ခေါ်တယ်။
ရတယ်။ ဒီလိုလုပ်တာကို နွားချေးချတယ်လို့ ခေါ်တယ်။
နွားချေးချအပြန်ကျတော့ လှည်းကို ဒီအတိုင်း
လှည်းခွက်ချည်းပဲ
မောင်းပြန်မလာဘူး။ လယ်ကန်သင်းဆုံ၊
ကန်သင်းတန်းနဲ့ ချောင်းရိုးတလျောက်မှာ ရှိတဲ့ ဆီးကိုင်းတို့
၊
ဆူးဖြူပင်ကိုင်းတို့၊ ထနောင်းပင်ကိုင်းတို့ကို ခုတ်တင်ပြီး ပြန်လာတယ်။
အဲ့ဒီလှည်းကို
ဆူးလှည်းလို့ ခေါ်တယ်။ ဒီဆူးခက်တွေကို
ရွာစည်းရိုးတစ်လျှောက်နဲ့ ကိုယ့်ဝင်းကိုယ့်ခြံတစ်လျှောက်
ကာကြရတယ်။
ကာကြရတယ်။
ရာသီကလည်း ဆောင်းအကုန် ဖြစ်ပြန်တော့ မိုးတွင်းက
ပျက်ခဲ့တဲ့ လှည်းလမ်းတွေကလည်း မညီမညာ
ပျက်ခဲ့တဲ့ လှည်းလမ်းတွေကလည်း မညီမညာ
ချိုင့်ခိုးချိုင့်ခွက်နဲ့ပေါ့။ အဲသလို လမ်းပေါ်ကို
ဆူးကိုင်းတွေ
အပြည့်အမောက် တင်လာတဲ့ ဆူးလှည်း
မောင်းတဲ့အခါ ဆူးကိုင်းတွေက ဘယ်ညာယိမ်းထိုးနေတာပေါ့။
ဒီဆူးလှည်းက ရွာအဝင် လမ်းတစ်လျှောက်မှာ ရေချိုးရေခပ်
လာတဲ့လူများ ရှောင်ပေမယ့်လည်း နည်းနည်းတော့
ဆူးခက်နဲ့
ချိတ်သွားတတ်တယ်။ ဝင်းထရံမှာ လှန်းထားတဲ့ အင်္ကျီ၊လုံချည်လည်း
ဆူးခက်နဲ့
ငြိပါသွားတာပဲ။ ကောက်ရိုးပုံကိုလည်း ငြိသွားပြီ။ ကောက်ရိုး
မျှင်တွေ လှည်းနောက်က တတန်းတန်းနဲ့
ပါသွားတာပဲ။ ဒီလှည်းကို
ကလေးတွေက မြင်ရင်လည်း ဆူးလှည်းကြီး လာပြီဟေ့၊ပြေးကြ
ပြေးကြဆိုပြီး
ထွက်ပြေးကြတယ်။
မြင်မြင်သမျှ ပစ္စည်းများကို ငြိသွားလို့ ဒီဥပမာကို
ကြည့်ပြီး
ယောက်ျားတစ်ယောက် ဟိုအမျိုးသမီးကို ပိုးပန်း၊ ဒီအမျိုးသမီးကို
ပိုးပန်း၊
ဘယ်သူ့မှ အလွတ်မပေးဘဲ ပိုးပန်းသူကိုလည်း
နောက်ကွယ်ကနေ ဆူးလှည်းကြီး လာပြီဟေ့လို့ အဲ့ဒီယောက်ျားကို
ပြောင်တတ်ကြပါတယ်။
ယနေ့ခေတ်အခါက ရာသီဥတု ပြောင်းလဲမှု သိသာစွာ
ကြုံတွေ့နေရတဲ့ ကာလပါ။ ဒီရာသီဥတု
ကြုံတွေ့နေရတဲ့ ကာလပါ။ ဒီရာသီဥတု
ပြောင်းလဲခြင်းဟာလဲ အညာဆူးလှည်းလိုပါပဲ။
မငြိတာ မရှိဘူး။ ဘယ်သူ့မှ
၊ ဘယ်ကဏ္ဍမှ အလွတ်မပေးဘူး။
ရေချို ရရှိရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ရေး၊
စီးပွားရေး စီမံကိန်း၊ သစ်တော စတဲ့ ကဏ္ဍပေါင်းစုံအပေါ်မှာ
ငြိတွယ်ဆက်စပ်နေပါတယ်။
ဥပမာ- သစ်တောကဏ္ဍ ဆိုပါစို့၊ ရာသီဥတု ပိုမိုပူပြင်းလာရင်
သစ်တောတွေမှာ တောမီးလောင်မှုတွေ များလာနိုင်သလို အင်းဆက်
ပိုးမွှားကောင်ရေ ပိုပြီး များလာကာ
သစ်တောစိုက်ခင်းတွေကို
ဖျက်ဆီးလာနိုင်ပါတယ်။
အလွန်ပူပြင်းခြင်း (Extreme Heat) ဟာလည်း ၁၉၈၀ ခုနှစ်
မတိုင်ခင်က ကမ္ဘာ့ဧရိယာရဲ့ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် အဲ့ဒီနောက်
မှာတော့ ၁၃ ရာခိုင်နှုန်းအထိ
ကျယ်ပြန့်လာခဲ့တယ်လို့ သုတေသန
စာစောင်ကို ကိုးကားပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်ထုတ်
ဗန်ကောက်ပို့စ်သတင်းစာမှာ (Global Warming at Work)
ခေါင်းစဉ်ဖြင့် ဖော်ပြထားပါတယ်။
အောက်ပါဂရပ်ကို ကြည့်ရင် မြန်မာနိုင်ငံမှာ ၂၀၀၆ ကနေ
၂၀၀၉ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ Hot Spot (မီးလောင်ကွက်)
အရေအတွက်ကို ဖော်ပြထားပါတယ်။ ၂၀၀၆
ခုနှစ်ကနဲ့စာရင်
ကျန်နှစ်များမှာ ပိုများလာတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့်
တောင်ယာမီးရှို့ချိန်တွေ
ဖြစ်တဲ့ ပူပြင်းတဲ့ ကာလတွေမှာ
Hot Spot တွေ များနေတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် မီးနဲ့ ပိုးမွှားဒဏ်ခံနိုင်ဖို့အတွက်
သဘာဝသစ်တောတွေ မပျက်စီးအောင်
သဘာဝသစ်တောတွေ မပျက်စီးအောင်
ထိန်းထားဖို့ လိုပါမယ်။ သစ်တောစိုက်ခင်းထူထောင်
စိုက်ပျိုးမယ်ဆိုရင်လည်း
သစ်တစ်မျိုးတည်း သီးသန့် စိုက်တာ
မဖြစ်သင့်တော့ဘူး။ အနည်းဆုံး သစ်မျိုး နှစ်မျိုး သုံးမျိုး
ရောနှော
စိုက်သင့်ပါတယ်။ ရွှေ့ပြောင်းတောင်ယာဧရိယာများကို
သီးနှံသစ်တော ရောနှောစိုက်ခြင်း
အလေ့အကျင့်(Agroforestry
Practice) ပြောင်းပေးဖို့ လိုပါမယ်။ အပူအအေးပြောင်းလဲမှုကြောင့်
သစ်မျိုး ပြောင်းလဲမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဥတုရာသီ
ပူလာရင် သစ်တောမြေလည်း Soil Temperature တက်လာ
တော့မှာမို့ အပူဒဏ်ခံ၊ ရေငတ်ဒဏ်ခံ
သစ်မျိုး(Drought Tolerant
Species) တွေကို ဦးစားပေးစိုက်ဖို့ စဉ်းစားသင့်ပါတယ်။ သစ်တော
ပျိုးပင်များ
ရေလောင်းတာက အစ နံနက်စောစောနဲ့ ညနေခင်းပိုင်းမှာ
ရေလောင်းသင့်တာမျိုးပေါ့။ အဲသလို ရေလောင်းရင်
အပူဒဏ်ကြောင့်
ရေငွေ့ပျံ၍ ဆုံးရှုံးမှု လျော့နည်းစေပြီး လောင်းသမျှ ရေကို
အပင်က အသုံးပြုနိုင်တာပေါ့။
စသည်ဖြင့် ပြောင်းလဲလာတဲ့
ရာသီဥတုနဲ့ လိုက်လျောညီထွေ (Adaption) ဖြစ်အောင်
ပြောင်းလဲလုပ်ကိုင်ဖို့
လိုပါတယ်။ အဲဒီလို လုပ်ကိုင်နိုင်ခြင်းဖြင့်
လုပ်ငန်းကိုင်ငန်းများ ပျက်စီးမှု နည်းစေခြင်း၊
သယံဇာတ
ဆုံးရှုံးပျက်စီးမှုနည်းစေခြင်းဖြင့် စီးပွားရေးထိခိုက်မှုလည်း
နည်းသွားနိုင်ပါတယ်။
သောက်သုံးရေနဲ့ ပတ်သက်ရင်လည်း အပူလွန်ကဲလာလို့
ချောင်း၊မြောင်း၊မြစ်နဲ့
ရေအောက်ရေတွေ ခန်းလာနိုင်ပါတယ်။
ရေချို ရှားပါးမှု ဖြစ်နိုင်တယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်ရင်လည်း
ရေချိုငါးမွေးလုပ်ငန်းမှာ ရေအပူချိန်မြင့်တက်လာရင်လည်း
ထိခိုက်မှုတွေ အများအပြားရှိနိုင်မှာပါ။
စိုက်ပျိုးရေး
လုပ်ငန်းဆိုတာကလည်း ရာသီဥတုအပေါ်ကြည့်ပြီး ဆောင်ရွက်
ရတဲ့လုပ်ငန်းမို့လို့
ရာသီဥတု ပြောင်းလဲခြင်းရဲ့
အကျိုးသက်ရောက်မှုဟာ စိုက်ပျိုးရေးလုပ်ငန်းအပေါ် သိသာစွာ
ကျရောက်ပါတယ်။ ဥပမာ လွန်ခဲ့တဲ့ ၅၅ နှစ်အတွင်း
မြန်မာပြည်တောင်ပိုင်း မိုးရွာရက် ပြောင်းလဲလာမှုကို
အောက်ပါ
ဂရပ်မှာ တွေ့မြင်နိုင်ပါတယ်-
ဒီဂရပ်ကို ကြည့်ရင် ၁၉၅၅ ခုနှစ်တုံးက တစ်နှစ်မှာ
မိုးရွာရက်ဟာ
၁၄၅ ရက် ရှိခဲ့ရာမှ မိုးရွာရက် အတက်အကျ
များဟာ တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ ၂၀၀၈
ခုနှစ်မှာ
၁၁၅ ရက်လောက်ပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅၅ နှစ်အတွင်း
မိုးရွာရက်ပေါင်း ၃၀
လောက် လျော့နည်းသွားတယ်ဆိုတဲ့
သဘောပါ။ ၁၉၇၇ ခုနှစ် နောက်ပိုင်းမှာ မိုးရွာရက်
သိသာစွာ
လျော့နည်းလာတာကို တွေ့နိုင်ပါတယ်။
ပြောရရင် မုတ်သုန်မိုးဝင်ရောက်တာ နောက်ကျပြီး ထွက်တာ
စောတဲ့ သဘောပါ။ ဒါကြောင့် မိုးရွာရက် နည်းသွားတယ်။
ဆိုတော့ အရင်ကလို ၄-၅ လကြာမှ ရင့်မှည့်တဲ့
မိုးစပါးနေရာမှာ ၃-၄ လနဲ့ ရင့်မှည့်တဲ့
မိုးစပါးနေရာမှာ ၃-၄ လနဲ့ ရင့်မှည့်တဲ့
စပါးမျိုး၊ရေငတ်ဒဏ်ခံ စပါးမျိုး ၊ပင်လယ်
ရေမျက်နှာပြင် မြင့်တက်လာလို့
ရေငန်ဝင်ရောက်လာနိုင်ဖွယ်ရှိ၍
Salt-tolerant rice variety တီထွင်ဖို့ စသဖြင့် လိုအပ်မှာပါ။
ပိုးမွှားပိုမိုပေါများလာမှာမို့ ပိုးမွှားကာကွယ်ရေးထည့်သွင်း
စဉ်းစားရမှာပါ။ စိုက်ပျိုးရေး
ပညာရှင်များ ကျွန်တော့်ထက် ပိုပြီး
သိပါတယ်။
ကျန်းမာရေး ကဏ္ဍမှာလည်း အပူလွန်ကဲရင်၊ အအေး
လွန်ကဲရင်
ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ရောဂါတွေရှိမှာပါ။ ဆောက်လုပ်ရေး
ကဏ္ဍအနေနဲ့ရေလွှမ်းမိုးခြင်း၊မိုးခေါင်ခြင်းကိုစဉ်းစားပြီး ပူလွန်းခြင်း၊အေးလွန်းခြင်း၊မိုးများခြင်း၊အစွန်းရောက်ရာသီဥတု
ပြောင်းလဲခြင်း စတဲ့ ဒဏ်ကို ခံနိုင်အောင် စသဖြင့် ရာသီဥတု
ပြောင်းလဲခြင်းအပေါ် ဖြစ်လာနိုင်တဲ့
ဆိုးကျိုးတွေ လျော့နည်းအောင်
စဉ်းစားတည်ဆောက်ဖို့ လိုမှာပါ။ ရာသီဥတု ပူနွေးမှုကို အဓိက
ဖြစ်စေတဲ့ လောင်စာစွမ်းအင်များ ချွေတာနိုင်အောင်
အဆောက်အအုံဒီဇိုင်းများ ပြောင်းလဲဖို့
လိုမှာပါ။
ပညာရေးကဏ္ဍမှာလည်း အနာဂတ်မျိုးဆက်သစ်တွေ
ပြောင်းလဲလာနေတဲ့
ရာသီဥတုကို သိရှိသွားအောင်
စာသင်ခန်းတွေမှာ သင်ကြားဆွေးနွေးဖို့ လိုအပ်မှာပါ။
ပြောရရင် အညာဆူးလှည်းနဲ့တူတဲ့ ဒီ Climate
Change ဟာ
ကဏ္ဍပေါင်းစုံနဲ့ ငြိတွယ်ဆက်စပ်နေတယ်ဆိုတာကို
သိစေလိုပါတယ်။
၂၀၀၉ ခုနှစ် ADB က ထုတ်ဝေတဲ့ The Economics of
Climate Change in Southeast Asia: A Regional View
ကို ဖောက်သည်ချ ပြောရရင် ASEAN
ဒေသဟာ ကမ္ဘာရဲ့
ရာသီဥတုပြောင်းလဲခြင်းဒဏ် အထိခိုက်လွယ်ဆုံး
ဒေသ
တစ်ခုပါလို့ ပြောထားပါတယ်။ ကမ္ဘာရဲ့ ရာသီဥတု
ပြောင်းလဲခြင်းဒဏ်ကို ကျန်ဒေသများထက်
ပိုခံစားရမယ်လို့
ပြောထားပါတယ်။
ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းအချို့ကတော့ ASEAN
ဒေသဟာ
လူဦးရေထူထပ်ခြင်း၊ အများစုက ပင်လယ်ကမ်းခြေမှာ
နေထိုင်ကြခြင်း၊ သစ်တောနဲ့ သဘာဝသယံဇာတ
ထုတ်ယူ
ရောင်းချပြီး နိုင်ငံစီးပွား ထူထောင်နေရခြင်းကြောင့်
ဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဟာ
Southeast Asia မှာ ဖြစ်နေပြီး ဒီထက်ဆိုးတာတွေ လာနိုင်
သေးတယ်။ ဒီဖြစ်ရပ်ကို လုံလောက်တဲ့
စီမံခန့်ခွဲမှု မလုပ်ရင်
ဒီဒေသမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်း (Sustainable
Development Activities) နဲ့ ဆင်းရဲမှု လျှော့ချရေး
လုပ်ငန်းတွေ အကြီးအကျယ် နှောင့်နှေးသွားစေလိမ့်မယ်။
နှောင့်နှေးဖို့ မကောင်းဘူး။ (အချိန်သိပ်မကျန်တော့ဘူး)လို့
ပြောထားပါတယ်။
မူရင်းအတိုင်း စာသားက “Climate change is
happening
now in Southeast Asia, and the worst is yet to come. If not
addressed
adequately, it could seriously hinder
the region’s sustainable development and poverty
eradication efforts-there were no time to delay.”
ဒါ့အပြင် လာမယ့်ဆယ်စုနှစ်များအတွင်း ASEAN ဒေသဟာ
ပိုမို
ပူပြင်းခြောက်သွေ့လာမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
ဒီလိုအခြေအနေမှာ ဘာလုပ်သင့်သလဲဆိုတော့ ကဏ္ဍပေါင်းစုံ၊
ပညာရပ်ပေါင်းစုံက ပညာရှင်များ ပါဝင်တဲ့ ရာသီဥတု ပြောင်းလဲခြင်း
ဆိုင်ရာ အမျိုးသားကောင်စီ
National Climate Change
Council (NCCC) ဖွဲ့စည်းပြီး ဒီအဖွဲ့က လိုအပ်တဲ့ သတင်း
အချက်များ
ရှာဖွေစုဆောင်းခြင်း၊ သုတေသနပြုခြင်းတို့
ဆောင်ရွက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့်
ထိခိုက်လာနိုင်မည့် ကိစ္စရပ်တွေ ကြိုတင်ပြင်ဆင်
နိုင်အောင် ကူညီသင့်ပါတယ်။
Climate Change ဝေါဟာရနဲ့ ပြောရရင် Climate
Change
Adaption လုပ်ငန်းများ ဖော်ထုတ်လုပ်ကိုင်နိုင်အောင် ကူညီပံ့ပိုးပေး
နိုင်မှာပါ။
ယခင်က စာရေးသူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အမျိုးသားကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က
ဖော်ပြပါ
အဖွဲ့အစည်း ဖွဲ့စည်းဖို့ အကြံပြုခဲ့ပါသေးတယ်။ အမျိုးသား
သဘာဝ ဘေးအန္တရာယ်
ကယ်ဆယ်ရေးဗဟိုကော်မတီ(National
Disaster Preparedness Central Committee-NDPCC)
ဖွဲ့စည်းပြီးသား
ဖြစ်ပေမယ့် NCCC နဲ့ NDPCC တို့ရဲ့ သဘော
သဘာဝက
ကွာပါတယ်။ NCCC က ရာသီဥတု
ပြောင်းလဲခြင်းကြောင့် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုကို
ကြိုတင်ခန့်မှန်းပြီး
လူမှုစီးပွားရေးအကောင်အထည်
ဖော်မှုတွေမှာ မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင်
ကာကွယ်ပေးနိုင်မည့်အဖွဲ့၊
ရာသီဥတုပြောင်းလဲခြင်း
နှင့်အတူ လိုက်လျောညီထွေ နေနိုင်အောင် ပြုပြင်ပြောင်းလဲ
သင့်တာကို
ပြုပြင်နိုင်အောင် အကြံပြုပြောဆိုမယ့် အဖွဲ့ပါ။
NDPCC က သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ
အသက်အိုးအိမ် ဆုံးရှုံးမှု နည်းပါးအောင် ကူညီဖြေရှင်းတဲ့
အဖွဲ့ပါ။
Climate Change Issue ကို သူ့ကြောင့် လူသားတို့အပေါ်
ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများ နည်းသွားစေရန် တီထွင်
ကြံဆဆောင်ရွက်ရင်းနဲ့ လူ့စွမ်းအားများ၊တီထွင်နိုင်မှုများ
ပိုမို
တောက်ပြောင်လာအောင် လုပ်ပေးမယ့် Opportunity
(အခွင့်အလမ်း) အနေနဲ့ မြင့်သင့်ပါတယ်။
ဆိုလိုတာက Climate
Change Adaption ပြုလုပ်ရန် လိုအပ်တဲ့ သုတေသန
ပြုလုပ်ခြင်းများကြောင့်
ပစ္စည်းသစ်များ ပေါ်ထွက်လာခြင်း၊
နည်းလမ်းသစ်များ တွေ့ရှိလာခြင်း စတဲ့ ပိုမို ထိရောက်တဲ့
ပစ္စည်းများ နည်းလမ်းများ ပေါ်ထွက်လာနိုင်စေတာတွေကို
ဆိုလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်လာမည့်
အကျိုးသက်ရောက်မှုကို ကြိုတင်ခန့်မှန်းပြီး လူမှုစီးပွားရေး
အကောင်အထည်ဖော်မှုတွေမှာ
မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင်
ကဏ္ဍပေါင်းစုံ ပညာရပ်ပေါင်းစုံက ပညာရှင်များ ပါဝင်တဲ့
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားကောင်စီ National
Climate Change Council
(NCCC) ဖွဲ့စည်းပြီး
ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။ ။
ကြေးမုံ သတင်းစာ ၆-၁၀-၂၀၁၃
မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။





- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact