Share
Monday, September 30, 2013 0 comments

မြန်မာ့အလင်း အယ်ဒီတာအာဘော်



                 သဘာဝပတ်ဝန်းကျင်အမွေခံကောင်းများ လွှဲပြောင်းပေး


               ယနေ့ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝှမ်း၌ ရာသီဥတုပြောင်းလဲမှုများနှင့်
 ကြုံတွေ့နေရသည်။ မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ရေခဲပြင်များ
 အရည်ပျော်ခြင်း၊ ရေကြီးရေလွှမ်းမိုးခြင်း၊ မိုးခေါင်၍ သီးနှံများ ပျက်စီးခြင်း စသည်
တို့သည် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု၏ အကျိုးဆက်များ ဖြစ်သည်။ ယခုအခါ
 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် သစ်တောသစ်ပင်နှင့် သဘာဝ
တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းလျက် ရှိနေသည်။
               သစ်ပင်၊သားငှက်တိရစ္ဆာန်မျိုးစုံ၊အပူပိုင်းသစ်တော ၊အင်တိုင်းတော၊ဒီရေတော 
စသည့် သဘာဝအနေအထားအမျိုးမျိုးတို့သည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ ပတ်ဝန်း
ကျင်ဖြစ်သည်။ သက်ရှိများ ဆက်လက်ရှင်သန်နိုင်ရေးသည် သဘာဝပတ်ဝန်းကျင် 
ကောင်းမွန်ရန် လိုအပ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထာဝစဉ် တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းရမည် ဖြစ်သည်။
                 သဘာဝဘေးမဲ့တောများ တည်ထောင်ခြင်းဖြင့် ဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်နိုင်သည့်အပြင် ဒေသ၏ရေမြေနှင့် ရာသီဥတုကိုပါ မျှတညီညွတ်
စေနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ယခုအခါ နိုင်ငံတော်က ရှိရင်းစွဲ သဘာဝ
သစ်တောများ ၊ကြိုးဝိုင်းတောများကိုလည်း အလေးထားထိန်းသိမ်းစောင့်ရှောက်လျက်
ရှိသည်။
              မြန်မာနိုင်ငံသည် သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို 
ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည်။သို့ရာတွင် တိုးပွားလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာဖြည့်ဆည်းမှုများနှင့်အတူ သစ်တောမြေများ လျော့နည်းလာခဲ့သည်။
 ထို့အတူ စီးပွားရေးလုပ်ငန်းရှင်အချို့၏ စည်းကမ်းမဲ့ထုတ်ယူသုံးစွဲမှုများကြောင့်လည်း
 သစ်တောများ လျော့နည်းပြုန်းတီးလာခဲ့သည်။
             မြန်မာနိုင်ငံအလယ်ပိုင်း မိုးရေချိန် လက်မ ၄၀ အောက် ရွာသွန်းသော နေရာဒေသ
များကို အပူပိုင်းမိုးနည်းရပ်ဝန်းဟု သတ်မှတ်ပြီး နိုင်ငံတော်က သစ်တောစိုက်ခင်းများကို တည်ထောင်လျက်ရှိသည်။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား 
အခြားလောင်စာများ သုံးစွဲခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် အဆိုပါဒေသ
များတွင် ယခုအခါ သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်ကို တွေ့ရသည်။
 အလားတူ ပင်လယ်ကမ်းခြေရှိ ဒီရေတောများသည်လည်း စီးပွားရေးလုပ်ငန်းရှင်များကြောင့် ပျက်စီးပြုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ရာ ဒီရေတော ပျိုးထောင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို
 အရှိန်အဟုန် မြှင့်၍ လုပ်ဆောင်လျက်ရှိသည်။
               သဘာဝပတ်ဝန်းကျင်ထာဝစဉ်တည်တံ့ရေးအတွက် အခြေခံအကြောင်းအရင်း
တစ်ခုဖြစ်သော သစ်တောသစ်ပင်များ ရေရှည်တည်တံ့ရန် တက်ကြွစွာ အကောင်အထည်ဖော် ထိန်းသိမ်းကြရမည်ဖြစ်သည်။ ထို့ပြင် နှစ်ရှည်လများစွာ ကြိုးပမ်းဆောင်ရွက်လာသည့် မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။
              သို့ဖြစ်ရာ အနာဂတ် သားစဉ်မြေးဆက်ကို သဘာဝပတ်ဝန်းကျင်အမွေကောင်းများ လွှဲပြောင်းပေးနိုင်ရေးအတွက် နိုင်ငံတော်နှင့်အတူ လက်တွဲ၍ ပြည်သူများက အသိစိတ်ဓာတ်
ပြည့်ဝစွာဖြင့် ထိန်းသိမ်းကာကွယ်သွားသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

စက်တင်ဘာ ၃၀  ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။
0 comments

ဆရာကန်တော့ပွဲ ဖိတ်ကြားခြင်း



                        ၁၉၈၅  ခုနှစ် သစ်တော(သိပ္ပံ)ဘွဲ့ရ
                              သူငယ်ချင်းအပေါင်းတို့
                   ဒို့ရဲ့ ပထမအကြိမ် ဆရာကန်တော့ပွဲကို ၂၇-၁၀-၂၀၁၃ ရက် (တနင်္ဂနွေနေ့) မှာ    တက္ကသိုလ်ရိပ်သာလမ်း (Crystal Jade) ဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အားလုံး စုံစုံညီညီနဲ့ ဆရာကန်တော့ပွဲဖြစ်မြောက်ရေးအတွက် အောက်ပါအတိုင်း ကြိုတင်
ဆက်သွယ်ကြပါရန် နှိုးဆော်အပ်ပါတယ်။
ဆက်သွယ်ရန်-ဦးစောဂျွန်ရွှေဘ(DGM) ဖုန်း- ၀၉-၈၅၆၈၃၅၅
                     ဦးသိန်းရွှေ(AD) ဖုန်း- ၀၉-၄၂၂၄၅၈၁၇၉
                     ဦးတက်တိုး(AD) ဖုန်း-၀၉-၈၅၅၂၂၂၀

မြန်မာ့အလင်းသတင်းစာမှ မှတ်စုထုတ်ထားခြင်းဖြစ်ပါသည်။
Sunday, September 8, 2013 0 comments

မြဝတီ သတင်းဂျာနယ် (၇.၁၀.၂၀၁၃) မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။


0 comments

ပုပ္ပါးတောင်နှင့် သစ်ခုတ်မောင်



အညာမြေ အိုအေစစ်
ဟိုခေတ်က ပုပ္ပါးတောင်
စိမ်းလဲ့ညိုမှောင်။
ယနေ့တော့ လွင်တီးခေါင်
ပြောင်လိုက်တဲ့ တောင်ကတုံး။
သစ်ခုတ်မောင် လူတစ်သိုက်တို့
ပြန်စိုက်ပါအုံး။                 ။
ကျော်မိုး (စကားဝါမြေ)
၇.၉.၂၀၁၃ (စနေနေ့)
0 comments

ပြည်သူ့ခေတ် သတင်းဂျာနယ် (၅.၁၀.၂၀၁၃) မှ မှတ်စုထုတ်ထားပါသည်။


0 comments

သမ္မတကြီး၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်း (၈) ရပ်



(၁)လယ်ယာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်း
(၂)မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး
(၃)ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
(၄)အသေးစား ပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
(၅)သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
(၆)ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး
(၇)ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး
(၈)သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
0 comments

သဘာဝပတ်ဝန်းကျင် အနေအထား ပျက်စီးမှု၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဂေဟစနစ်များ ပျက်ယွင်းလာ

                       လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ
 အပေါ်တွင် တည်မှီနေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများမှ လူသားတို့အတွက် အစားအစာ
များ၊ ဆေးဝါးများ၊ သစ်တောထွက်ကုန်များ၊စက်မှုကုန်ကြမ်းများ၊အိမ်ဆောက်
ပစ္စည်းများ၊ လောင်စာစွမ်းအင်များ၊ဆီ၊ကော်စေး၊ဖိုက်ဘာ စသည်ဖြင့် ပစ္စည်းပေါင်း
မြောက်များစွာကို ရရှိနိုင်သည့်အပြင် လေနှင့်ရေကို သန့်စင်ပေးခြင်း၊အဆိပ်
အတောက်များကို ဖယ်ရှားပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည်။ 
ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် အနေအထား  ပျက်စီးမှု၊ ရာသီဥတုဖောက်ပြန်
မှုများကြောင့် လူနှင့် သက်ရှိတို့သည် ဆိုးကျိုးများ ခံစားရပြီး ဂေဟစနစ်များ 
ပျက်ယွင်းလာပါသည်။ ထိုသို့သော အခြေအနေများကို ပြန်လည်ကောင်းမွန်
လာစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး
လုပ်ငန်းစဉ်များတွင် ဒေသခံ ပြည်သူလူထု သိရှိနားလည်ပူးပေါင်းပါဝင်
ဆောင်ရွက်လာစေရေးသည် အရေးကြီးသော အချက်ဖြစ်သည်။
                      ရွှေဥဒေါင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း
များသည် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ဌာန၏ ရည်ရွယ်ချက်၊ 
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအကြောင်း၊ တောရိုင်း တိရစ္ဆာန်နှင့်
 သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝဝန်းကျင်နှင့် ဂေဟစနစ်အကြောင်း 
သိကောင်းစရာနှင့် ဥပဒေအကြောင်း သိကောင်းစရာ လူထုပညာပေးဟောပြောပွဲ
များကို မိုးကုတ်မြို့နယ် အောက်ပဒါန်းကျေးရွာ အခြေခံမူလတန်းကျောင်းနှင့် 
စိန်အင်းကျေးရွာရှိ ကျေးရွာခန်းမတို့တွင်လည်းကောင်း၊ သပိတ်ကျင်းမြို့နယ် 
ဝါးဖြူတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် (၉)မိုင် အောင်သာယာကျေးရွာ
 ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတို့တွင်လည်းကောင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူထုပညာပေးဟောပြောပွဲကို လေးကြိမ် ပြုလုပ်ပြီး ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်
ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊
ကျေးရွာပြည်သူများအပါအဝင် စုစုပေါင်း ၂၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

                                                                      ခင်လှိုင် (တိုးချဲ့ -ပညာ)
ကြေးမုံသတင်းစာ (၈.၉.၂၀၁၃) မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။
 
;