Share
Saturday, September 7, 2013 0 comments
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး (Enviromental Education)
                    ကမ္ဘာကြီးပူနွေးလာပြီ။ အိုဇုန်းလွှာ ပါးလာပြီ။ ဖန်လုံအိမ်ဓာတ်ငွေ့ ကြောင့် 
ရာသီဥတုတွေ တဖြည်းဖြည်းဖောက်ပြန်လာနေပြီ။ သစ်တောတွေ တဖြည်းဖြည်း
 ပြုန်းလာနေသည်။ စိုက်ပျိုးလို့ရတဲ့ မြေနေရာတွေ ပျက်ဆီးလာနေသည်။ မြစ်ချောင်း
 အင်အိုင်တွေ တိမ်ကောလာနေသည်။ တိရဆ္ဆန်နဲ့အပင်တွေ တဖြည်းဖြည်း မျိုးတုန်း
လာနေသည်။ ဒါက လက်ရှိ ၂၀၁၁-ကာလဖြစ်တဲ့ လက်ရှိရာစုနှစ်မှာ မြင်တွေ့ နေရတဲ့
အခြေအနေပါ။ နောက်ထပ်နှစ်ပေါင်း ၁၀၀ အတွင်းမှာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ 
သိပံပညာရှင်တွေက တွက်ချက်ပြီး ဖြစ်နေပါတယ်။ဒီကာလကို ပိုလို့အရေးကြီးတဲ့
ကာလလို့ သတ်မှတ်လာနေပါပြီ။ ဒါ့ကြောင့် တကမ္ဘာလုံးက အစိုးရတွေဟာ သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ သုတေသနတွေ၊ ဥပဒေတွေနဲ့ ကျနော်တို့
                      ကျနော်တို့အားလုံးဟာ ကမ္ဘာမြေပေါ်က သယံဇာတွေကို အမှီပြုပြီး အသက်ရှင်နေကြရတယ်။ မြေကြီးကို အမှီပြုပြီး အပင်စိုက်ရတယ်။ အကောင်
ပလောင်တွေကို စားသောက်ပြီး အသက်ရှင်ရတယ်။ ဒါတွေသာ သုံးလို့မရတော့ရင်၊ ဒါတွေကိုထိလာရင် ကျနော်တို့လည်းအသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကမ္ဘာကြီးကို 
ထိခိုက်လာနိုင်မဲ့ အခြေအနေတွေမှန်သမျှကို ကြိုတင်ကာကွယ်ကြရပါတယ်။ ဆိုးနေတဲ့အခြေအနေကို ကောင်းအောင် မြှင့်တင်နေကြပါပြီ။
              ဒီလိုကာကွယ်တဲ့နေရာမှာ နိုင်ငံတွေ တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီး လုပ်ကြတယ်။ 
 နိုင်ငံတွေ ဆုံတွေ့ ပြီး နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တွေ ပြဌာန်းအတည်ပြုပြီး 
လိုက်နာကြပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ငါ့နိုင်ငံနဲ့ မဆိုင်ဘူးဆိုတဲ့
အတွေးမျိုးရှိလို့မရပါဘူး။
                  သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဆိုးရွားမှုနဲ့သက်ရောက်မှုတွေဟာ
 နိုင်ငံတခုကနေ နိုင်တခုဆီကို ကူးလူးပြန့်ပွားနိုင်တဲ့အတွက် နိုင်ငံတိုင်း ပူးဆောင်ရွက်မှု့ မှာ
 ပါဝင်ရပါတယ်။ လက်တွေ့    အကောင်အထည်ဖော်ရပါတယ်။ ဒါက တာဝန်တစ်ခုပါ။
ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဗဟုသုတကို ပိုပြီးမြှင့်တင်ဖို့လိုပါတယ်။ သူတို့ တွေဟာ 
ဒီနေရာမှာ အဓိက မောင်နှင်အားဖြစ်လို့ပါ။ သူတို့မပါပဲနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးလုပ်တဲ့နေရာမှာ အောင်မြင်မှုလုံးဝမရှိနိုင်ပါဘူး။ ဒါ့ကြောင့်
 နိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ ပတ်ဝန်ကျင်ဆိုင်ရာ ပညာရေး 
ဘာသာရပ်တစ်ခုကို မသင်မနေရ သင်ကြားရပါတယ်။ အထူးသဖြင့် မှုလတန်းကနေ 
အထက်တန်းအထိ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို အစိုးရက
 ဖန်တီးပေးပါတယ်။ ဒါမှ ခလေးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဗဟုသုတ နဲ့ 
အသိပညာ ရရှိမယ်လို့ဆိုတယ်။ သူတို့နားလည်လေ ပိုပြီး ထိန်းသိမ်းစောင့်ရှောက်
ရကောင်းလေပါပဲ။
                  ဒီလို ဘာသာရပ်မျိုး ဗမာပြည်မှာ လုံးဝမရှိသေးပါဘူး။ လက်ရှိအနေအထားမှာ မရှိပေမဲ့ နောင်မှာရှိလာအောင်ဆိုတဲ့စေတနာနဲ့ ဒီစာကို ရေးပါတယ်။ အားလုံးသိတဲ့အတိုင်း 
ကျနော်တို့ တိုင်းပြည်ဟာ လက်မှုနိုင်ငံအဆင့်အတန်းမှာပဲရှိပါသေးတယ်။ စက်မှုနိုင်ငံဖြစ်ဖို့ အများကြီးလိုပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် အဓိက လုပ်တဲ့နိုင်ငံတွေ
ကတော့ စက်မှုနိုင်ငံကြီးတွေဖြစ်ပါတယ်။ ဥပမာ အမေရိကန်လိုနိုင်ငံမျိုးတွေဖြစ်ပါတယ်။ 
သို့သော် ဒီနေရာမှာ စက်မှုနိုင်ငံကို ကူးပြောင်းနေတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံလိုမျိုး၊ အိန္ဒိယလိုနိုင်ငံမျိုးတွေက ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူဦးရေအရမ်းထူထပ်လို့ 
့ဖြစ်ပါတယ်။
တွေနဲ့ ပြည့်နေပါတယ်။ ဒါက အင်မတန်ကြောင်စရာကောင်းတဲ့ အရာပါ။ အက်ဆစ်မိုးတွေရွာနိုင်ပါတယ်။ နောက်ပြီး မြေကြီးတွေကလည်း အပင်စိုက်လို့မရအောင် 
အက်ဆစ်ဓာတ်များမှု ရှိနေပါတယ်။ အက်ဆစ်ဓာတ်များတဲ့ မြေကြီးကနေပေါက်လာတဲ့
အပင်တွေကို လူတွေစားသုံးမိရင် အက်စစ်တွေကို စားသုံးနေရတာနဲ့ သိတ်မကွာပါဘူး။
 ဒီအခြေအနေတွေက ပတ်လည်ဖြစ်နေတဲ့ အခြေအနေပါ။
                  မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေနဲ့ယှဉ်ရင် သဘာဝပတ်ဝန်းကျင်အခြေအနေ အရမ်းမဆိုးသေးပါဘူး။ စက်မှုနိုင်ငံကြီးမဟုတ်တော့ စက်ရုံအလုပ်ရုံကထွက်တဲ့ 
အဆိပ်ငွေတွေကိုလည်း အများကြီး မစားသုံးရသေးဘူး။ သို့သော် ဒီနေရာမှာ တစ်ခုကြောက်စရာကောင်းတာက နိုင်ငံတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ 
ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ အရမ်းအားနည်းနေတော့ နိုင်ငံခြားCompany 
 တွေက စွန့် ပစ်တဲ့ အညစ်အကျေးတွေကို ကောင်းကောင်းမထိန်းနိုင်ဘူး။ ကောင်းကောင်း
စီမံခန့် ခွဲမှု မလုပ်နိုင်ဘူး။  ဥပမာ မုံရွာက အိုင်ဗင်ဟိုး ကုမဏီက တူးနေတဲ့ ကြေးတူး 
လုပ်ငန်းကနေ ထွက်တဲ့ အညစ်အကျေးတွေကို ကြည့်ပါ။ မိုင်းလုပ်ငန်းက အဓိက မြေနေရာ၊ လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေတယ်။ ဒါတွေကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်သေးဘူး။ ဥပဒေရှိပြီး အတက်ပညာအားနည်း၊
 ငွေကမရှိ၊ အခြေခံအဆောက်အအုံတွေက မပြည့်စုံရင်တော့ ကျနော်တို့ နိုင်ငံဟာ 
ဘယ်လိုမှ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ လူတွေက ယနေ့ 
အချိန်အထိ မြေကြီးနဲ့ လက်ကို ပဲ အဓိကအသုံးပြုပြီး အသက်ရှင်နေရတာဆိုတော့ 
ဒီမြေကြီးနဲ့ ဒီလေထုကိုသာ ထိ ရင်တော့ ကျနော်တို့ ကိုယ့်ကိုယ်သက်သေသလိုနဲ့ 
တူနေပါတယ်။
 မြစ်ချောင်းအင်အိုင်တွေကို မထိစေတဲ့ ဖွံ့ ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ပါတယ်။
               ဒီနေ့ မြန်မာပြည်ဟာ ဖြစ်သလိုစောင့်ရှောက်နေတဲ့ နိုင်ငံအဆင့်မှာပဲရှိပါသေးတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ၊ ဥပေဒေတွေ၊ ကျွမ်းကျင်မှု့ အတတ်ပညာတွေကို အကောင်အထည်ဖော်က အချိန်အတော်ယူရပါတယ်။ အလွယ်ကူဆုံးကတော့ စာသင်ကြောင်းတွေမှာ အခြေခံကာကွယ် မြှင့်တင်တဲ့ ဗဟုသုတကို 
အဓိက ဦးစားပေးလုပ်ရင် ဖြစ်နိုင်ပါတယ်။ ငွေကြေးကုန်ကျမှုနဲ့ အချိန်ကာလ သိတ်ပြီး မယူရတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် လက်ရှိအစိုးရအနေနဲ့ အလွယ်ကူဆုံးဖြစ်တဲ့
 မှုလတန်းကနေ အထက်တန်းထိသင်တဲ့ ကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
 ပညာရပ်ကို စတင်သင်ကြားဖို့ တိုက်တွန်းလိုက်ပါတယ်။ 
Credit >>>  http://phonekyaw.blogspot.com/2011/08/enviromental-education.html
Friday, September 6, 2013 0 comments
အင်းလေးကန် ထိန်းသိမ်းရေး ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့တစ်ဖွဲ့ဖြစ်သော Hapitae က ကူညီမည်
                         ပြီးခဲ့သည့် နွေရာသီက ရေခန်း ခြောက်ခြင်း တို့နှင့် ကြုံတွေ့ ခဲ့ရသည့်
 အင်းလေးကန်ကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖွံ့ဖြိုးတိုးတက်ရေး ရေခန်းခြောက်မှုအား
 လျှော့ချရေးတို့အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သော Hapitae
 မှ ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။
                          ' Hapitae က သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း ဖွံ့ဖြိုးရေး အတွက်
ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ် ၊ အင်းလေးကန် ရဲ့ အဖိုးမဖြတ် နိုင်တဲ့ သဘာဝ
သယံဇာတတွေ မရှုံးဆုံး စေဖို့ အချိန်မီ ကာကွယ်ရန် အတွက် ယခုလို လာရောက်
ကူညီရတာပါ ... '' ဟု အင်းစာပေ နှင့် ယဉ်ကျေးမှု ဌာနမှ ဥက္ကဋ္ဌ ဦးသာဒိုးက ပြောသည်။
                  ယခုအချိန်သည် အင်းလေးကန်၌ ရေဝင်ရောက်မှုမှာ ပုံမှန် ဖြစ်နေသော်လည်း
နိုဝင်ဘာလ အကုန်ပိုင်းမှ စတင်ကာ ရေခန်းခြောက်မှု များ နှစ်စဉ်ကြုံတွေ့ နေရခြင်းကို
 Hapitae မှ ကူညီ ပေးမည်ဖြစ် ယခုအချိန်တွင် စီမံကိန်းများ ရေးဆွဲနေကြောင်းနှင့်
၎င်း စီမံကိန်း ကို သစ်တောရေးရာ ၀န်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု
သိရသည်။
                      ''အခု ဆွေးနွေးမှုများ ပြုလုပ်နေပါ ပြီ။ Hapitae က ကူညီမှာ ဆိုတော့
   ကြိုဆိုပါတယ် ၊ ဒါပေမဲ့ တကယ်လုပ် ဖို့တော့ လိုအပ်ပါတယ် ၊ အင်းလေးကန် ဟာ
တစ်ဦးတစ်ယောက် ထဲ ပြုပြင် ပြောင်းလဲလို့ မရဘူး ၊ အစိုးရအဖွဲ့ အစည်းတွေ
အပြင် နိုင်ငံတကာမှ ပညာရှင်များ နဲ့ ဒေသခံများအားလုံး ပူးပေါင်းပြီး
ဆောင်ရွက်ရမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
                   UN Hapitae သည် နိုင်ငံတကာမှ ပညာရှင်များ နှင့် ယခုလမှ စတင်ကာ
သစ်တောရေးရာ ဝန်ကြီးဌာနနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး စီမံကိန်းများ
ရေးဆွဲ သွားမည် ဖြစ်ပြီး နိုင်ငံတော်အစိုးရမှလည်း ပံ့ပိုးကူညီမှုများ ပေးအပ်သွားမည်ဟု
သိရှိရသည်။
0 comments
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ
             ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်
တင်ပေးလိုက်ရပါတယ်ခင်ဗျာ.........
http://adf.ly/L54Pf
ဒေါက်တာ သေနကထံမှ ယူလာတာပါခင်ဗျာ.....
0 comments
ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်အတွင်းရှိ ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂုတ်ထိပ် တံတားနှင့် နောင်ချိုအကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၆၃/၁၂-၁၂ ကြားတွင် အမြင့် နှစ်ပေ၊ အလျားပေ ၆၀၊ အနံပေ ၂၀ ခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၄၆၀/၃-၈ ကြားတွင်လည်း အမြင့် နှစ်ပေ၊ အရှည် ၁၂၀ ပေခန့်၊ မိုင်တိုင် ၄၅၉/၁ အနီးတွင် အလျား ၁၇ ပေ၊ အနံ ရှစ်ပေ၊ အ မြင့် ၁၀ ပေခန့် အသီးသီး ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၄ ရက်ကလည်း ချောင်းချောက်နှင့် ရေပူကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၉/၃-၄ တွင် ပေ ၃၀ ပတ်လည် ကျောက်တုံး နှစ်တုံးနှင့် ကျောက်တုံး အပိုင်းအစများ ပြိုကျခဲ့ပြီး မိုင်တိုင် ၄၉၉/၁၃-၁၄ တွင် အလျားပေ ၃၀ ၊ အမြင့် ငါးပေခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ယင်းသို့ မြေပြိုကျမှု ဖြစ်စဉ်များကြောင့် ရထားခရီးစဉ်အချို့ ကြန့်ကြာခဲ့ရပြီး မီးရထား ၀န်ထမ်းများက လမ်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Eleven Media Group ၀က်ဘ်ဆိုဒ် စာမျက်နှာပါ သတင်းဖြစ်ပါသည်။
0 comments
ရုရှား တောမီးလောင်ကျွမ်းမှုတွင် သစ်တောမြေ ၁၂၄ ဧက မီးစွဲလောင်ခဲ့
                             ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ ဘူယာတီယပြည်နယ်ရှိ သစ်တောခုနစ်ခု
တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သစ်တောမြေဧက ၁၂၄ ဧကကျော် မီးစွဲလောင်ခဲ့ကြောင်း
သစ်တောဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
                             မီးသတ်သမားများသည် သီတင်းပတ်တစ်ပတ်အတွင်း သစ်တော ၁၂ ခု၌
လောင်ကျွမ်းခဲ့သော တောမီးများကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း လေပြင်းမုန်တိုင်းပြင်းထန်စွာ
တိုက်ခိုက်မှုနှင့် အပူလှိုင်းများ စံချိန်တင်မြင့်တက်မှုများသည် တောမီးလောင်ကျွမ်းမှုများ ဆက်လက်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သစ်တောဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
                            သို့ရာတွင် အဆိုပါ တောမီးသည် လူနေထိုင်ရာ ဒေသများကို ကူးစက်
လောင်ကျွမ်းနိုင်သည့် အနေအထားမရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
                            ရုရှားနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က တောမီးလောင်ကျွမ်းမှု တစ်ကြိမ်ဖြစ်ပွား
ခဲ့ပြီး အဆိုပါ တောမီးကြောင့် လူဦးရေ ၅၀ ကျော် သေဆုံးခဲ့၍ သစ်တောမြေဧက ၆ ဒသမ ၄ သန်း
နှင့် စိုက်ပျိုးမြေဧက လေးပုံတစ်ပုံ မီးစွဲလောင်ခဲ့ကြောင်း RIA Novosti သတင်းဌာနက ထုတ်ဖော်
ပြောကြားခဲ့သည်။
0 comments
စက်ရုံများနှင့် မြို့ ပြအဆောက်အဦများ တည်ဆောက်ရာတွင် Green Space ထည့်သွင်းရန် လိုအပ်
                      မြန်မာနိုင်ငံအတွင်း စက်ရုံများနှင့် မြို့ ပြအဆောက်အဦများ တည်ဆောက်
အကောင်အထည်ဖော်ရာ၌ Green Space ဟု ခေါ်သော အစိမ်းရောင် ပတ်ဝန်းကျင် ထည့်သွင်း
ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောကြားခဲ့သည်။
                      ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) များ လျှော့ချရန်အတွက် မြို့ ပြ
စီမံကိန်းများ ရေးဆွဲသည့်နေရာတွင် အစိမ်းရောင်ပတ်ဝန်းကျင် ထည့်သွင်းရန် လိုအပ်ကြောင်း
နိုင်ငံတကာတွင် လက်ရှိကျင့်သုံးလျက်ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ထည့်သွင်းကျင့်သုံးပါက
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
                     " လူငယ်တွေ အဖွဲ့လေးတွေ ဖွဲ့စည်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးမှာ
အားသွန်ခွန်စိုက် လုပ်လာတာ မြင်ရတော့ တကယ် ကျေနပ်အားရမိပါတယ်။ မြို့ ကြီးတွေမှာ
တိုက်တာအဆောက်အဦတွေ ပြည့်လာနေတယ်။ အရိပ်ရအပင်တွေ နည်းလာတာကြောင့်
GS ထည့်ဖို့ လိုလာပြီ " ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
                     ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့ တော်
အတွင်းရှိ အရိပ်ရသစ်ပင်ကြီးများစွာ ပြိုလဲခဲ့ရကြောင်း၊ ယင်းအတွက် နှစ်စဉ်အပူချိန် ထိန်းညှိ
နိုင်ရန် ခက်ခဲပြီး အပူချိန်မြင့်တက်မှု ကြုံတွေ့နေရကြောင်းနှင့် မကြာမီကာလများအတွင်း
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာဖွယ်ရှိနေကြောင်း သိရသည်။
                     အဆိုပါ စီမံကိန်းများတွင် အစိမ်းရောင် ပတ်ဝန်းကျင် (Green Space)
ထည့်သွင်းရာ၌ ရွှေ့ ပြောင်းရလွယ်ကူပြီး ဖြစ်ထွန်းမှုလွယ်ကူသော သစ်ပင်များ ဖြစ်ရန်
လိုအပ်ကြောင်း၊ ရန်ကုန်မြို့ တော်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထွက်ရှိမှုသည်
မြို့ ပြအဆောက်အဦများ၊ မြေအသုံးချမှုများ ၊ စက်ရုံများနှင့် အမှိုက်များမှ ဖြစ်ကြောင်း
သိရသည်။
                                                                                 စိုးမိုး
မြ၀တီ သတင်းဂျာနယ် ( ၅.၉.၂၀၁၃  ) ရက်စွဲပါ သတင်းဖြစ်ပါသည်။
0 comments
ဂန့်ဂေါခရိုင် မြန်မာ့သစ်လုပ်ငန်း၏ ရှေ့ လုပ်ငန်းစဉ်များ ရှင်းလင်း
                  မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လက်ရှိ သစ်တောဖုံးလွှမ်းမှု ကျန်ရှိနေသေး
သော အခြေအနေများပေါ် မူတည်သုံးသပ်၍ ယခုနှစ်မှစတင်ကာ မြန်မာ့သစ်လုပ်ငန်း၏ လုပ်ငန်း
များကို ပြုပြင်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ထိုအခြေအနေများပေါ် မူတည်
၍ ဂန့်ဂေါခရိုင် မြန်မာ့သစ်လုပ်ငန်း၏ ရှေ့ လုပ်ငန်းစဉ်များကို ဌာနတွင်း ၀န်ထမ်းများ သိရှိရန် ခရိုင်
မန်နေဂျာက ရှင်းလင်းမှုပြုခဲ့ကြောင်း ၀န်ထမ်းများထံက သိရသည်။
                  " ကျွန်တော်တို့ ၀န်ထမ်းတွေကို ဒေသမန်နေဂျာက ခေါ်ယူတွေ့ဆုံပြီး မြန်မာ့
သစ်လုပ်ငန်းရဲ့  ရှေ့ ဆက်မယ့် မူဝါဒနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအစဉ်တွေအပေါ် ရှင်းလင်း
ပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာ့သစ်လုပ်ငန်းကို BOT  စနစ်နဲ့ လုပ်ဆောင်သွားဖို့ အလားအလာ
ရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး သစ်ထုတ်လုပ်မှု တစ်တန်ကုန်ကျစရိတ်အပေါ် တွက်ချက်ပြီး
ကုန်ကျစရိတ် မြင့်တဲ့ဒေသကို သစ်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး ပူးပေါင်းမှုတွေ လုပ်ဖို့ ရှိတယ်လို့လည်း
သိရပါတယ်။ ဒါ့အပြင် နှစ်စဉ် ထုတ်နေတဲ့ ဂန့်ဂေါခရိုင်ရဲ့  သစ်ထုတ်ယူမှု တန်ချိန်ကိုလည်း ဒီနှစ်မှာ
ထပ်လျှော့မယ်လို့ သိခဲ့ရပါတယ်။ " ဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
                  နှစ်စဉ် သြဂုတ်လမှ စတင်ကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရာသီချိန်သစ်ထုတ်
လုပ်မှု စတင်နိုင်ရန် ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းများ လုပ်ဆောင်ကြရသော်လည်း ယခုနှစ်
တွင် လက်ရှိအချိန်အထိ ဂန့်ဂေါခရိုင် သစ်ထုတ်လုပ်မှုအပေါ် စတင်လုပ်ဆောင်ရန် ညွှန်ကြားချက်
မရရှိသေးကြောင်း သိရသည်။
                     " သစ်တောပြုန်းတီးမှုအနေအထားအရ တိုင်းပြည်ရဲ့  အနာဂတ်ကို မျှော်တွေးပြီး
သစ်ထုတ်လုပ်မှုကို ချင့်ချိန်လုပ်ဆောင်တာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။ ကြိုဆိုပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ၀န်ထမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပြန်မရမှာကိုတော့
စိုးရိမ်မိပါတယ်။ ဒီနှစ်ကစပြီး နေ့စားဝန်ထမ်းတွေ လျှော့ပါပြီ။ နောက်သက်တမ်းရှိ ၀န်ထမ်းတွေ
ထဲကလည်း လျှော့ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဆန္ဒကတော့ ကျွန်တော်
တို့ရဲ့ လုပ်သက်တွေကိုတွက်ပြီး သင့်တော်မယ့် ဌာနတစ်ခုခုကို  ကူးပြောင်းပေးစေချင်ပါတယ်"
ဟု မြန်မာ့သစ်လုပ်ငန်းမှ ၀န်ထမ်းတစ်ဦးက ဖွင့်ဟခဲ့သည်။
                    မြန်မာနိုင်ငံတွင် ဂေဟစနစ်ပျက်စီးရခြင်း၏ အဓိကအကြောင်းအရင်းမှာ သစ်တော
ပြုန်းတီးခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပုံမှန်ဂေဟစနစ်ကို ပြန်လည်ရရှိရန်မှာ နှစ်ပေါင်း ၆၀
ကြာ ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီး အနည်းဆုံး နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းရမည်ဟု
သစ်တောရေးရာနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
                                                    ယောသူလေး
မြ၀တီသတင်းစာ (၆.၉.၂၀၁၃) ပါ သတင်းဖြစ်ပါသည်။
;