Share
Wednesday, July 31, 2013 0 comments

သဘာဝအလျောက် ကျက်စားနေသော တောယုန်များအား မိုးကြိုကာလတွင် အကောင်လိုက် ဖမ်းဆီးရောင်းချမှုများလာ ...........................................................................

post-image

                    စစ်ကိုင်းမြို့ နယ် ညောင်ပင်ဝန်းနှင့် အုန်းတောကျေးရွာအုပ်စုများအတွင်း သဘာဝအလျောက် လှည့်လည်ကျက်စားနေသော တောယုန်များကို မိုးကြိုကာလတွင် စစ်ကိုင်းမြို့ နယ် ညောင်ပင်ဝန်းနှင့် အုန်းတောကျေးရွာအကြား မုံရွာ-မန္တလေး ကားလမ်းဘေး၌ လာရောက်ရောင်းချသူများ ပိုမိုများပြားလာကြောင်း သိရသည်။
                   အဆိုပါ ယုန်များကို လာရောက်ရောင်းချရာတွင် အုန်းတောကျေးရွာအုပ်စု နတ်ခရိုင်ကျေးရွာရှိ မုံရွာ-မန္တလေး-ရွှေဘိုကားလမ်းဆုံအနီး၌ ယုန်သားရောင်းချသူတစ်ဦးက "နွေရာသီကာလတွင် တောယုန်များအား လာရောက်ရောင်းချသူသုံးဦး၊လေးဦးသာရှိပြီး ယခုလအတွင်း လာရောက်ရောင်းချကြသူ ၁၅ ဦး ရှိပါတယ်။ယခင်တုံးက ယုန်များကို အမွေးနှုတ်ပြီး ရောင်းချခဲ့ကြရာမှာ နောက်ပိုင်းတွင် ယုန်ကို အကောင်လိုက်ချရောင်းခဲ့သဖြင့် ၀ယ်ယူသူ ပိုမိုများပြားလာပါတယ်။ယုန်တစ်ကောင်ကို အကြီးအသေးပေါ်မူတည်ပြီး ငွေကျပ် ၄၀၀၀ မှ ၉၀၀၀ အထိ ရရှိပါတယ်။ယုန်များ ရှားလျှင် ရှားသလို ဈေးပိုမို ရရှိပါတယ်။ယုန်တွေက သဘာဝထင်းတောတွေမှာ ကျက်စားတတ်ကြပါတယ်။ယုန်ထောင်ကြသူများမှာ ညပိုင်းတွင် ပိုက်ကွန်ဖြင့် ထောင်ဖမ်းကြပြီး တစ်ရက်လျှင် ယုန်နှစ်ကောင်မှ ငါးကောင်အထိရရှိကာ နံနက်ခင်းမှ မွန်းလွဲပိုင်းအထိ မုံရွာ-မန္တလေးကားလမ်းဘေး၌ လာရောက်ရောင်းချကြပါတယ်"ဟု ပြောကြားပြီး ယခုမေလပိုင်းတွင် ယုန်ရောင်းချသူများ ပိုမိုများလာလျှက်ရှိကြောင်း သိရပါသည်။
ချစ်ခင်လေးစားလျှက်

 
;